ထိုအခါ ပိလတ်မင်းသည် ဗာရဗ္ဗကို လွှတ်ပေးလေ၏။ ယေရှုကိုမူ ကျာပွတ်ဖြင့် ရိုက်နှက်စေပြီး လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရောမစစ်သားများထံသို့ အပ်လိုက်၏။
၁ ပေ 2:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။ Common Language Bible ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။- Garrad Bible အ ပြစ် နှင့် လွတ် ခွင့် ဖြောင့် မတ် ခြင်း အ ဖို့ အ သက် ရှင် ခွင့် ကို ငါ တို့ ရ ကြ စေ ရန် ကား တိုင် ပေါ် ၌ ကိုယ် ခ န္ဓာ တော် တွင် ငါ တို့ အ ပြစ် ဝန် ကို ကိုယ် တော် တိုင် သည် ပိုး တော် မူ ရာ ဒဏ် ချက် တော် များ ကြောင့် သင် တို့ သက် သာ ရ ကြ ၏။ Judson Bible ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက် ရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။ |
ထိုအခါ ပိလတ်မင်းသည် ဗာရဗ္ဗကို လွှတ်ပေးလေ၏။ ယေရှုကိုမူ ကျာပွတ်ဖြင့် ရိုက်နှက်စေပြီး လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရောမစစ်သားများထံသို့ အပ်လိုက်၏။
သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
ဤအရာသည် ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသော ဘုရားသခင်၏စကားတော်အတိုင်း ဖြစ်ပျက်လာရန်ပင် ဖြစ်၏။ ထိုဟောပြောချက်မှာ “ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဖျားနာခြင်းနှင့် ရောဂါဝေဒနာများကို ယူဆောင်သွားတော်မူ၏” ဟူ၍ ဖြစ်၏။
ထိုအခါ ပိလတ်မင်းသည် လူထုကို စိတ်ကျေနပ်စေရန် ဗာရဗ္ဗကို လွှတ်ပေးလေ၏။ ယေရှုကိုမူ ကျာပွတ်ဖြင့် ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရောမစစ်သားများထံသို့ အပ်လိုက်၏။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သတင်းကောင်းကို ဆင်းရဲသောသူတို့အား ဟောပြောရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် ရမည့်အကြောင်းနှင့် မျက်မမြင်များ မျက်စိပြန်မြင်ကြရမည့်အကြောင်းကို ဟောပြောရန်လည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသူများအား လွတ်လပ်ခွင့်ကို ပေးမည့်အကြောင်းနှင့်
နောက်တစ်နေ့တွင် မိမိထံသို့ ယေရှုကြွလာသည်ကို မြင်သောအခါ ယောဟန်က “ဤကမ္ဘာလောက၏ အပြစ်ကို ချေဖျက်သော ဘုရားသခင်၏ သိုးသငယ်တော်ကို ကြည့်လော့။
မည်သည့်လူမျိုးမဆို ဘုရားသခင်အား ကြောက်ရွံ့၍ မှန်ကန်စွာ လုပ်ဆောင်သောသူဖြစ်လျှင် ဘုရားသခင်လက်ခံတော်မူ၏။
ကျွန်ုပ်တို့သည် ဂျူးတို့၏တိုင်းပြည်နှင့် ဂျေရုဆလင်မြို့တွင် ယေရှုပြုတော်မူခဲ့သောအခြင်းအရာအားလုံး၏သက်သေများဖြစ်ကြ၏။ ထိုသူတို့သည် ယေရှုကို သစ်တိုင်တွင်ဆွဲ၍ သတ်ခဲ့ကြ၏။
ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာတွင် ရေးသားထားသမျှကို ဆောင်ရွက်ကြပြီးနောက် အလောင်းတော်ကို သစ်တိုင်မှ ချ၍ သင်္ချိုင်းဂူတွင် ထားကြ၏။
သင်တို့သစ်တိုင်ပေါ်မှာ ချိတ်ဆွဲ၍ သေဒဏ်ပေးသည့်ယေရှုကို ကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူပြီ။
ထိုနည်းတူ သင်တို့သည်လည်း အပြစ်တရားနှင့် အဆက်ပြတ်၍ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျက် ဘုရားသခင်အတွက် အသက်ရှင်သည်ဟု မိမိကိုယ်ကိုယ် မှတ်ယူကြလော့။
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။
သင်တို့သည် တစ်စုံတစ်ဦးအား နာခံရန် မိမိကိုယ်မိမိ ဆက်သလျှင် ထိုသူ၏ ကျွန်ဖြစ်လာသည်ကို မသိသလော။ သို့ဖြစ်၍ သင်တို့သည် သင်တို့ကို သေစေမည့်အပြစ်တရား၏ကျွန်လည်း ဖြစ်နိုင်သကဲ့သို့ ဖြောင့်မတ်စွာ နေထိုင်စေမည့်နာခံခြင်း၏ကျွန်လည်း ဖြစ်နိုင်၏။
ထိုသို့မနေရ။ အပြစ်တရားနှင့် အဆက်ပြတ်ပြီးသော ကျွန်ုပ်တို့သည် ထိုအပြစ်ထဲ၌ မည်သို့အသက်ဆက်ရှင်ရဦးမည်နည်း။
သို့သော် ယခုသင်တို့သည် အပြစ်တရားလက်မှ လွတ်မြောက်၍ ဘုရားသခင်၏ကျွန် ဖြစ်လာကြ၏။ ထို့ကြောင့် ယခုသင်တို့သည် သန့်ရှင်းခြင်းအကျိုးကို ရကြ၏။ အဆုံး၌ ထာဝရအသက်ကို ရကြ၏။
အကြောင်းမှာ ကိုယ်တော်နှင့်အတူ အသေခံသောသူသည် အပြစ်တရား၏ လက်မှ လွတ်မြောက်ပြီဖြစ်သောကြောင့်ပင်။
သို့သော် ယခုတွင်မူ ကျွန်ုပ်တို့သည် ပညတ်တရား၏ချုပ်နှောင်ခြင်းခံရသောဘဝကို အဆုံးသတ်ပြီဖြစ်သောကြောင့် ပညတ်တရား၏လက်အောက်မှ လွတ်မြောက်ကြပြီ။ ထို့ကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ကျမ်းစာ၌ ရေးသားထားသောပညတ်တရားကို နာခံသည့်နည်းဟောင်းဖြင့် မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်လက်အောက်၌ အသက်ရှင်သောနည်းသစ်ဖြင့် ဘုရားသခင်ကို အစေခံကြ၏။
ကျွန်ုပ်ကိုယ်တိုင် ခံယူရရှိခဲ့သည့် အရေးကြီးဆုံးသောအရာကို သင်တို့အား ကျွန်ုပ်လက်ဆင့်ကမ်းခဲ့၏။ ထိုအရာမှာ ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံတော်မူသည့်အကြောင်း၊
ထို့ကြောင့် “သူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့။ မစင်ကြယ်သောအရာကို မထိကြနှင့်။ သို့ပြုလျှင် ငါသည် သင်တို့ကို လက်ခံမည်။
“သစ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံရသောသူတိုင်း ကျိန်စာသင့်သူဖြစ်၏” ဟု ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ကျိန်စာသင့်သူအဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့ကို ပညတ်တရား၏ ကျိန်စာသင့်ခြင်းထဲမှ လွတ်မြောက်စေတော်မူ၏။
အလင်း၏အသီးအပွင့်သည် အမျိုးမျိုးသော ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်းတို့ ဖြစ်ကြ၏။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
ကျွန်ုပ်တို့ကို ဆန့်ကျင်သော စည်းမျဉ်းဥပဒေများပါဝင်သည့် အပြစ်ကြွေးစာရင်းကို ပယ်ဖျက်ကာ ၎င်းကို လက်ဝါးကပ်တိုင်ပေါ်၌ ရိုက်ခြင်းဖြင့် ဖယ်ရှားတော်မူ၏။
သင်တို့သည် ခရစ်တော်နှင့်အတူ သေ၍ လောကီအခြေခံမူနှင့် အဆက်ပြတ်ကြသည်မှန်လျှင် ဤလောက၏ လက်အောက်ခံကဲ့သို့
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သေ၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်ထံ၌ ဝှက်ထားသောကြောင့် ဖြစ်၏။
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်စေခြင်းခံကြရ၏။
ထို့ကြောင့် ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ ဘုရားသခင်အား “ကိုယ်တော်သည် ယဇ်နှင့် ပူဇော်စရာကို အလိုတော်မရှိသောကြောင့် အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူ၏။
ခြေမသန်သောသူတို့သည် အဆစ်မလွဲဘဲ ကျန်းမာသန်စွမ်းလာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းကို ပြင်ဆင်ကြလော့။
ထိုယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းသူ၊ အပြစ်ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ၌ အကြီးမြတ်ဆုံးသော နေရာသို့ ချီးမြှောက်ခံရသူဖြစ်သောကြောင့် ကျွန်ုပ်တို့လိုအပ်နေသောယဇ်ပုရောဟိတ်မင်းမျိုး ဖြစ်၏။
ခရစ်တော်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန် မိမိကိုယ်ကိုယ် တစ်ကြိမ်တည်းသာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များကို ဖယ်ရှားရန် မဟုတ်ဘဲ ကိုယ်တော်ကို စောင့်မျှော်နေသူတို့အား ကယ်တင်ရန် ဒုတိယအကြိမ်ပေါ်ထွန်းတော်မူလိမ့်မည်။
ထို့ကြောင့် သင်တို့သည် ကျန်းမာခွင့်ရရန် မိမိတို့၏အပြစ်များကို အချင်းချင်း ဖွင့်ဟဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ၏ဆုတောင်းခြင်းသည် အလွန်တန်ခိုးကြီး၍ ထိရောက်၏။
ကိုယ်တော်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်စွာ ပြုမူသောသူတို့သည် ကိုယ်တော်ထံမှ ပေါက်ဖွားလာသောသူ ဖြစ်သည်ကို သင်တို့သိကြ၏။
သားသမီးတို့… မည်သူမျှ သင်တို့ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်စွာ ပြုမူသောသူသည် ကိုယ်တော်ဖြောင့်မတ်တော်မူသကဲ့သို့ ဖြောင့်မတ်၏။
မြို့၏ လမ်းမကြီးအလယ်သို့ စီးဆင်း၏။ မြစ်တစ်ဖက်တစ်ချက်၌ အသီးဆယ့်နှစ်မျိုးဖြင့် လစဉ်အသီးသီးသော အသက်ပင်ရှိ၏။ ထိုအပင်၏ အရွက်တို့မှာ လူအပေါင်းတို့၏ အနာရောဂါများကို ကျန်းမာစေရန်အတွက်ဖြစ်၏။