ဗျာဒိတ် 22:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း2 မြို့၏ လမ်းမကြီးအလယ်သို့ စီးဆင်း၏။ မြစ်တစ်ဖက်တစ်ချက်၌ အသီးဆယ့်နှစ်မျိုးဖြင့် လစဉ်အသီးသီးသော အသက်ပင်ရှိ၏။ ထိုအပင်၏ အရွက်တို့မှာ လူအပေါင်းတို့၏ အနာရောဂါများကို ကျန်းမာစေရန်အတွက်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ထိုအသက်ပင်သည်တစ်လတစ်ကြိမ်၊ တစ်နှစ် လျှင်တစ်ဆယ့်နှစ်ကြိမ်အသီးသီး၏။ ထိုအပင် ၏အရွက်များသည်လူမျိုးတကာတို့၏အနာ ရောဂါများကိုပျောက်ကင်းစေရန်အတွက်ဖြစ်၏။- အခန်းကိုကြည့်ပါ။Judson Bible2 မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဖက်၌လည်းကောင်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ ဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 မြို့၏လမ်းမအလယ်တစ်လျှောက် စီးဆင်းနေ၏။ မြစ်၏တစ်ဖက်တစ်ချက်စီ၌ကား အသီးတစ်ဆယ့်နှစ်မျိုးသီး၍ မိမိအသီးကို လစဉ်ပေးတတ်သည့်အသက်ပင်ရှိ၏။ ထိုအပင်မှ အရွက်များသည်လည်း လူမျိုးတကာတို့၏ကျန်းမာခြင်းအတွက်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သတင်းကောင်းကို ဆင်းရဲသောသူတို့အား ဟောပြောရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် ရမည့်အကြောင်းနှင့် မျက်မမြင်များ မျက်စိပြန်မြင်ကြရမည့်အကြောင်းကို ဟောပြောရန်လည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသူများအား လွတ်လပ်ခွင့်ကို ပေးမည့်အကြောင်းနှင့်