ထိုသူသည် သူတို့၏ စကားကို နားမထောင်ဘဲနေလျှင် ဤအမှုကို အသင်းတော်သို့ တင်ပြလော့။ ထိုသူသည် အသင်းတော်၏ဆုံးဖြတ်ချက်ကိုပင်လျှင် နားမထောင်ပါက ဘုရားသခင်ကို မကိုးကွယ်သောသူနှင့် အကျင့်ပျက်သောအခွန်ကောက်သူကဲ့သို့ သူ့အား သတ်မှတ်လော့။
၁ တိ 1:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့ထဲတွင် ဟုမေနဲနှင့် အလက်ဇန်းဒါးတို့ ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်း မပြုသင့်ကြောင်း အဆုံးအမခံကြစေရန် ကျွန်ုပ်သည် သူတို့ကို စာတန်လက်သို့ အပ်လိုက်၏။ Common Language Bible ထိုသူတို့အထဲတွင်ဟုမေနဲနှင့်အာလေ ဇန္ဒြုတို့လည်းပါကြ၏။ သူတို့သည်ဘုရား သခင်အားပြစ်မှားပြောဆိုမှုကိုမပြုရန် သင်ခန်းစာရစေအံ့ငှာ ငါသည်သူတို့ကို စာတန်၏လက်သို့ပေးအပ်လိုက်လေပြီ။ Garrad Bible ထို သူ တို့ အ ဝင် ဟု မေ နဲ နှင့် အာ လေ ဇ န္ဒြု တို့ ကို မ ပုတ် ခတ် ကြ စေ ရန် သွန် သင် ရာ ရောက် ခြင်း ငှါ စာ တန့် လက် သို့ ငါ အပ် လိုက် ၏။ Judson Bible ထိုသူတို့တွင် ဟုမေနဲနှင့် အာလေဇန္ဒြု ပါသတည်း။ ထိုသူတို့သည် ကဲ့ရဲ့သောစကားကို ကြဉ်ရှောင်ခြင်းငှာ သင်ရမည်အကြောင်း၊ စာတန်၏လက်သို့ ငါအပ်လိုက်ခဲ့ပြီ။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့တွင် ဟုမေနဲနှင့်အလက်ဇန္ဒြားတို့ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်းမပြုမည့်အကြောင်း ဆုံးမခြင်းကိုခံရကြရန် သူတို့ကို စာတန်လက်သို့ ငါအပ်လိုက်၏။ |
ထိုသူသည် သူတို့၏ စကားကို နားမထောင်ဘဲနေလျှင် ဤအမှုကို အသင်းတော်သို့ တင်ပြလော့။ ထိုသူသည် အသင်းတော်၏ဆုံးဖြတ်ချက်ကိုပင်လျှင် နားမထောင်ပါက ဘုရားသခင်ကို မကိုးကွယ်သောသူနှင့် အကျင့်ပျက်သောအခွန်ကောက်သူကဲ့သို့ သူ့အား သတ်မှတ်လော့။
သို့သော် ဂျူးတို့သည် ထိုလူအုပ်ကို မြင်သောအခါ မနာလိုစိတ်နှင့် ပြည့်ကြသဖြင့် ပေါလုဟောပြောသောအရာများကို ဆန့်ကျင်၍ ပေါလုအား စော်ကားပြောဆိုကြ၏။
လူအုပ်ထဲမှ တချို့သည် အလက်ဇန်းဒါးကို လမ်းညွှန်လျက် ဂျူးတို့သည် သူ့အား လူများရှေ့သို့ထွက်စေသဖြင့် အလက်ဇန်းဒါးက ငြိမ်သက်ရန်လက်ရိပ်ပြ၍ လူအစုအဝေးကို ခုခံကာကွယ်ပြောဆိုရန် ကြိုးစားလေ၏။
ကျွန်ုပ်တို့ကို သခင်ဘုရား တရားစီရင်တော်မူခြင်းမှာလည်း ကျွန်ုပ်တို့အား ဤလောကီသားတို့နှင့်အတူ ပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်၏။
သင်တို့အကြွင်းမဲ့ နာခံကြသောအခါ ကျွန်ုပ်တို့သည် မနာခံသောသူအပေါင်းတို့ကို ပြစ်ဒဏ်ပေးရန် အသင့်ရှိမည်။
ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်အား သခင်ဘုရား ပေးတော်မူသည့်အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမပြုလိုသောကြောင့် သင်တို့ထံ မလာမီ ဤအကြောင်းအရာများကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထိုအခွင့်အာဏာမှာ သင်တို့အား ဖြိုဖျက်ရန် မဟုတ်ဘဲ တည်ဆောက်ရန်ဖြစ်၏။
သို့သော်လည်း ထိုသူကို ရန်သူအဖြစ် သဘောမထားဘဲ ယုံကြည်သူချင်း ကဲ့သို့ သတိပေးကြလော့။
ဤအကြောင်းအရာများကို သူတို့အား သတိပေးလော့။ အကျိုးမရှိဘဲ ကြားရသောသူတို့ကို ပျက်စီးစေတတ်သော စကားလုံးအသုံးအနှုန်းအတွက် မငြင်းခုံကြရန် ဘုရားသခင်ရှေ့တော်၌ အလေးအနက် ညွှန်ကြားလော့။
သူတို့၏စကားသည် အသားကို တရိရိပုပ်စေတတ်သည့် ခူနာကဲ့သို့ ပျံ့နှံ့သွားလိမ့်မည်။ ထိုသူတို့ထဲတွင် ဟုမေနဲနှင့် ဖိလက်တို့ ပါ၏။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊
ဖခင်သည် မိမိသားတို့အား တိုက်တွန်းသကဲ့သို့ သင်တို့အား တိုက်တွန်းသောစကားကို မေ့လျော့သလော။ ကျမ်းစာ၌ “ငါ့သား… ထာဝရဘုရား၏ ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်မပြုနှင့်။ ကိုယ်တော်၏ အပြစ်ပေးဆုံးမခြင်းကို ခံရသောအခါ စိတ်မပျက်နှင့်။
ထို့နောက် သားရဲတစ်ကောင် ပင်လယ်ထဲမှ တက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုသားရဲ၌ ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ပါရှိပြီး ထိုဦးချိုများတွင် သရဖူဆယ်ခုရှိ၏။ ခေါင်းတစ်လုံးစီအပေါ်၌ ဘုရားသခင်ကို စော်ကားသောအမည်များကို ရေးထား၏။
ငါသည် ကိုယ်ချစ်သောသူတို့ကို ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် သင်သည် စိတ်အားထက်သန်လော့။ နောင်တရလော့။