Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 13:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ကျွန်ုပ်​ရောက်လာ​သောအခါ ကျွန်ုပ်​အား သခင်ဘုရား ပေးတော်မူသည့်​အခွင့်အာဏာ​ကို ပြင်းထန်​စွာ အသုံးမပြုလို​သောကြောင့် သင်တို့​ထံ မလာမီ ဤ​အကြောင်းအရာများ​ကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထို​အခွင့်အာဏာ​မှာ သင်တို့အား ဖြိုဖျက်​ရန် မဟုတ်ဘဲ တည်ဆောက်​ရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သင်​တို့​နှင့်​ဝေး​ကွာ​သည်​ကာ​လ​ဤ​စာ​ကို​ရေး​ရ ခြင်း​မှာ​ငါ​လာ​သော​အ​ခါ သ​ခင်​ဘု​ရား​ငါ့​အား ပေး​တော်​မူ​သည့်​အ​ခွင့်​အာ​ဏာ​ကို​ပြင်း​ပြင်း​ထန် ထန်​အ​သုံး​မ​ပြု​ရ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။ ထို​အ​ခွင့် အာ​ဏာ​သည်​သင်​တို့​အား​ပြု​စု​ပျိုး​ထောင်​ပေး​ရန် အ​တွက်​ဖြစ်​၏။ ဖြို​ဖျက်​ပစ်​ရန်​အ​တွက်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ထို အ ကြောင်း ကြောင့် ဖြို လဲ ရန် မ ဟုတ်။ တည် ဆောက် ရန် အ ရှင် ဘု ရား သ နား တော် မူ သော အ ခွင့် အာ ဏာ အ လျောက် ငါ ရောက် လာ သော် ကြပ် တည်း စွာ မ ပြု ရ စေ ခြင်း ငှာ ယ ခု ကွဲ ကွာ လျက် ရှိ စဉ် ဤ သို့ ရေး လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​ကြောင့် ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်၊ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ရှိ​သည်​အ​တိုင်း ငါ​သည် ရောက်​လာ​သော​အ​ခါ ပြင်း​စွာ​သော​ဒဏ်​ကို မ​ပေး​လို၍၊ ယ​ခု​သင်​တို့​နှင့် ကွာ​ဝေး​သေး​သည်​ကာ​လ ဤ​သို့ ငါ​ရေး​လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဤ​အကြောင်း​ကြောင့် ဖြိုဖျက်​ရန်​အတွက်​မ​ဟုတ်​ဘဲ တည်ဆောက်​ရန်​အတွက် ငါ့​အား သခင်​ဘုရား​ပေး​တော်မူ​သော​အခွင့်​အာဏာ​ကို ငါ​ရောက်လာ​သောအခါ ပြင်းထန်​စွာ​အသုံး​မ​ချ​ရ​ရန် ငါ​သည် သင်​တို့​နှင့်​ကွဲကွာ​နေ​စဉ် ဤ​အကြောင်းအရာ​များ​ကို ရေး​လိုက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 13:10
11 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​သည် သင်တို့​ထံ တုတ်​နှင့် လာရမည်လော။ သို့မဟုတ် မေတ္တာ​နှင့် နူးညံ့သော​စိတ်​ဖြင့် လာရမည်လော။ မည်သည့်​အရာ​ကို သင်တို့ ရွေးချယ်​လို​သနည်း။


လူ​တချို့​က ကျွန်ုပ်တို့​သည် လောကီ​စံနှုန်း​အတိုင်း ပြုမူနေထိုင်ကြသည်​ဟု ထင်မြင်ကြ၏။ ကျွန်ုပ်​ရောက်လာ​သောအခါ ထို​သူတို့​အား ရဲရင့်ပြတ်သား​စွာ ပြုမူ​ရန် ကြံစည်ထား၏။ သို့သော် သင်တို့​ကိုမူ ထိုသို့​ရဲရင့်ပြတ်သား​စွာ မပြုမူရ​စေရန် ကျွန်ုပ်​တောင်းပန်ပါ၏။


တိုက်ပွဲ​တွင် ကျွန်ုပ်တို့ အသုံးပြုသည့်​လက်နက်များ​သည် လောကီသားများ​အသုံးပြုသည့် လက်နက်များ​မဟုတ်။ ခံတပ်များ​ကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်​၏ တန်ခိုးတော်​ပါသော လက်နက်များ​ဖြစ်၏။


ထို့ကြောင့် သင်တို့​ကို ဖြိုဖျက်​ရန်အတွက် မဟုတ်ဘဲ တည်ဆောက်​ရန်အတွက် ကျွန်ုပ်တို့​အား သခင်ဘုရား​ပေးသော အခွင့်အာဏာ​ကို​အကြောင်းပြု​လျက် အနည်းငယ်​ပို၍ ကြွားဝါ​မိ​လျှင်ပင် မရှက်ပါ။


ဒုတိယ​အကြိမ် ကျွန်ုပ်​သင်တို့​နှင့်အတူ ရှိခဲ့​စဉ်က ယခင် အပြစ်​ကျူးလွန်သူများ​နှင့် အခြားသူ​အပေါင်းတို့​အား နောက်တစ်ကြိမ် ရောက်လာ​လျှင် ညှာတာမည်​မဟုတ်​ဟု သတိပေးခဲ့သည့်​အတိုင်း ယခု​အဝေး​၌ ရှိစဉ်​တွင်လည်း ထပ်မံ​၍ သတိပေးလိုက်၏။


ကျွန်ုပ်တို့​သည် သမ္မာတရား​ကို ဆန့်ကျင်​၍ မည်သည့်​အမှု​ကိုမျှ မပြုနိုင်ကြ။ သမ္မာတရား​ဘက်​၌ နေ​၍​သာ ပြုနိုင်ကြ၏။


ထို့ကြောင့် ကျွန်ုပ်​ရောက်လာ​သောအခါ ကျွန်ုပ်​ကို ဝမ်းမြောက်​စေရမည့်​သူများ​က ကျွန်ုပ်​ကို ဝမ်းနည်း​စေမည်​စိုး​သဖြင့် ယခင်​စာ​ကို ရေးပို့ခဲ့ခြင်း​ဖြစ်၏။ ကျွန်ုပ် ဝမ်းမြောက်​လျှင် သင်တို့​အားလုံး​သည်လည်း ဝမ်းမြောက်ကြမည်​ဟု ကျွန်ုပ်​စိတ်ချ​ယုံကြည်ပါ၏။


ဖြူစင်ခြင်း၊ အသိပညာ​ရှိခြင်း၊ စိတ်ရှည်ခြင်း​နှင့် ကျေးဇူးပြုခြင်းတို့​ဖြင့်​လည်းကောင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်​ကို နာခံခြင်း၊ စစ်မှန်သော​ချစ်ခြင်းမေတ္တာ​ရှိခြင်း၊


ဤ​ဆိုရိုးစကား​သည် မှန်ပေ၏။ ထို့ကြောင့် မှန်ကန်သော​သွန်သင်မှု​ကို ခိုင်မာ​စွာ ယုံကြည်​စေရန် သူတို့​အား ပြင်းပြင်းထန်ထန် ဆုံးမ​ရမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ