Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 2:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ဤ​အကြောင်းအရာများ​ကို သူတို့​အား သတိပေးလော့။ အကျိုး​မရှိဘဲ ကြားရသော​သူတို့​ကို ပျက်စီး​စေတတ်သော စကားလုံး​အသုံးအနှုန်း​အတွက် မငြင်းခုံကြ​ရန် ဘုရားသခင်​ရှေ့တော်​၌ အလေးအနက် ညွှန်ကြားလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သင်​၏​လူ​စု အား​သ​တိ​ပေး​လော့။ စ​ကား​အ​သုံး​အ​နှုန်း နှင့်​ပတ်​သက်​၍​ငြင်း​ခုံ​မှု​သည်​မည်​သည့် အ​ကျိုး​ကို​မျှ​မ​ပြု​စု​တတ်။ ကြား​ရ​သူ​တို့ ၏​အ​ကျိုး​ကို​သာ​ယုတ်​စေ​တတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အ ကျိုး မဲ့ သော၊ ကြား နာ သူ တို့ ကို မှောက် မှား စေ သော ဆွေး နွေး ခြင်း မ ပြု ကြ စေ ရန် အ ရှင် ဘု ရား ရှေ့ တော် တွင် တိုက် တွန်း လျက် ဆို ခဲ့ သည့် အ တိုင်း သ တိ ပေး လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ဤ​အ​ကြောင်း​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​အား သ​တိ​ပေး​လော့။ အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ပြု​စု၊ ကြား​နာ​သော​သူ​တို့၏ စိတ်​ကို​မှောက်​လှန်​လို​သော​ငှာ၊ စ​ကား​ကြောင့်​သာ ငြင်း​ခုံ​ခြင်း​ကို မ​ပြု​မည်​အ​ကြောင်း၊ သ​ခင်​ဘု​ရား​ရှေ့၌ သ​စ္စာ​ပေး​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ဤ​အကြောင်းအရာ​များ​ကို သူ​တို့​အား သတိပေး​နှိုးဆော်​လော့။ မည်သည့်​အကျိုး​မျှ​မ​ရှိ​ဘဲ ကြားနာ​သော​သူ​တို့​ကို ပျက်စီး​စေ​သည့် စကားလုံး​အသုံးအနှုန်း​အပေါ်​ငြင်းခုံ​ခြင်း​ကို​မ​ပြု​ကြ​ရန် ဘုရားသခင်​ရှေ့​တော်​၌ သူ​တို့​ကို အလေးအနက်​တိုက်တွန်း​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 2:14
30 ပူးပေါင်းရင်းမြစ်များ  

လူ​သည် ကမ္ဘာလောက​တစ်ခုလုံး​ကို ပိုင်ဆိုင်ရ​သော်လည်း မိမိ​အသက်​ကို ဆုံးရှုံး​လျှင် မည်သည့်​အကျိုး ရှိမည်နည်း။ မိမိ​အသက်ဝိညာဉ်​ကို မည်သည့်​အရာ​နှင့် လဲလှယ်​နိုင်မည်နည်း။


“အို လှည့်စားမှု​အပေါင်း၊ ဆိုးသွမ်းမှု​အပေါင်း​နှင့် ပြည့်သော​မာရ်နတ်​၏​သား… ဖြောင့်မတ်ခြင်း​အပေါင်းတို့​၏​ရန်သူ… သင်​သည် ထာဝရဘုရား​၏​ဖြောင့်ဖြူးသော​လမ်းတော်​တို့​ကို ကောက်ကွေ့​အောင် ပြုလုပ်နေခြင်း​မှ မရပ်တန့်ဘဲ​မနေနိုင်သလော။


ကျွန်ုပ်တို့​ထံမှ ထွက်ခွာသွားကြသော​သူများ​သည် ကျွန်ုပ်တို့​၏​ညွှန်ကြားချက်များ​မရှိဘဲ သင်တို့​အား စကားများ​ဖြင့်​ပူပန်စေ​၍ သင်တို့​၏​စိတ်​ကိုလည်း အနှောင့်အယှက်​ဖြစ်စေသည်​ကို ကြားသိရပါ၏။


ယုံကြည်ခြင်း​အားနည်းသော​သူ​ကို လက်ခံကြလော့။ သူ​၏ ထင်မြင်​ယူဆချက်များ​ကို သူ​နှင့် မငြင်းခုံကြနှင့်။


အမှန်​တွင်မူ အခြား​သတင်းကောင်း​ဟူ၍ မရှိပါ။ အချို့​က သင်တို့​ကို စိတ်ရှုပ်ထွေးစေ​၍ ခရစ်တော်​၏ သတင်းကောင်း​ကို မှောက်လှန်​လိုခြင်း​သာ ဖြစ်၏။


ထို့ကြောင့် ဘုရားသခင်​ကို မသိသော​လူမျိုးခြားများ​ကဲ့သို့ မနေထိုင်ကြ​ရန် သခင်ဘုရား​၏ အခွင့်အာဏာ​ဖြင့် သင်တို့​ကို ကျွန်ုပ် သတိပေး​လို၏။ ထို​သူတို့​၏ တွေးခေါ်ကြံဆမှု​သည် အကျိုး​မရှိပေ။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ဘုရားသခင်​နှစ်သက်တော်မူ​ရန် မည်သို့ ပြုမူ​နေထိုင်ရမည်​ကို ကျွန်ုပ်တို့​သွန်သင်ခဲ့သည့်​အတိုင်း ပြုမူနေထိုင်​လျက်​ရှိ၏။ ယခု​တွင် ကျွန်ုပ်တို့​သည် သခင်​ယေရှု​နှင့် တပေါင်းတစည်းတည်း​ဖြစ်​သောကြောင့် ထိုသို့ ပို၍​ပြုမူနေထိုင်ကြ​ရန် တောင်းပန်​လျက် တိုက်တွန်း​နှိုးဆော်လို၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်း​အတိုင်း မလိုက်နာဘဲ ပျင်းရိ​လေလွင့်နေသော ယုံကြည်သူတို့​နှင့် မပေါင်းဖော်​ရန် ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ညွှန်ကြားလိုက်ပါ၏။


ဒဏ္ဍာရီများ၊ မဆုံးနိုင်သော​ဆွေစဉ်မျိုးဆက်​စာရင်းများ​ကို ဆွေးနွေးရာ​တွင် အချိန်​မပေးကြ​ရန် ညွှန်ကြားလော့။ ထို​အရာများ​သည် အငြင်းအခုံများ​ကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်း​ဖြင့် လုပ်ဆောင်သော ဘုရားသခင်​၏ အမှုတော်​ကို အထောက်အကူ​မဖြစ်စေပါ။


လူ​တချို့​သည် ထို​အခြေခံ​စိတ်သဘောတို့​မှ သွေဖည်သွား​ကာ အနှစ်သာရ​မဲ့သော စကားများ​ကိုသာ ပြောဆိုလာကြ၏။


ကိုယ်ကာယ​လေ့ကျင့်ခန်း​သည် အနည်းငယ်​သာ အကျိုး​ရှိသော်လည်း ဘုရားတရား​ကိုင်းရှိုင်းခြင်း​မှာမူ အရာရာ​၌ အကျိုး​ရှိ၏။ သင်တို့​သည် ယခု​ဘဝ၊ နောင်ဘဝ​တွင် ဘုရားသခင်​ကတိပြုတော်မူသော အကျိုး​ကို ရရှိမည်။


မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း​မရှိဘဲ ဤ​ညွှန်ကြားချက်များ​ကို လိုက်နာဆောင်ရွက်​ရန် ဘုရားသခင်​နှင့် ယေရှု​ခရစ်တော်​တို့ ရှေ့၌​လည်းကောင်း၊ ရွေးကောက်တော်မူသော​ကောင်းကင်တမန်တို့​ရှေ့၌​လည်းကောင်း သင့်​ကို ကျွန်ုပ်​အလေးအနက် ညွှန်ကြားလို၏။


အရာ​အားလုံး​ကို​အသက်ရှင်​စေတော်မူသည့်​ဘုရားသခင်​၏ ရှေ့တော်​၌​လည်းကောင်း၊ ပုန္တိပိလတ်မင်း​၏ ရှေ့​၌ ကောင်းသော​ဝန်ခံချက်​ဖြင့် သက်သေခံတော်မူသော ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း တိုင်တည်​၍ ကျွန်ုပ် သင့်​ကို ညွှန်ကြားလိုက်၏။


ထို့ကြောင့် သင့်​အပေါ် ကျွန်ုပ်​လက်တင်​စဉ်က ဘုရားသခင် သင့်​အား ပေးတော်မူသော ဆုကျေးဇူး​ကို ပြန်လည်​တောက်လောင်​စေရန် လှုံ့ဆော်လော့​ဟု ကျွန်ုပ်​သတိပေး၏။


ဘုရားတရား​မဲ့သော စကား​ကို ရှောင်ကြဉ်လော့။ အဘယ်ကြောင့်ဆိုသော် ထို​စကား​သည် လူတို့​အား ဘုရားတရား​နှင့် ပို၍ ဝေးကွာစေ​သောကြောင့်​ဖြစ်၏။


မိုက်မဲ​၍ ပညာမဲ့သော​အငြင်းပွားမှုများ​သည် ခိုက်ရန်​ကိုသာ ဖြစ်ပွားစေကြောင်း သင်​သိ​သဖြင့် ရှောင်ကြဉ်လော့။


နိုင်ငံတော်​တည်ထောင်​ရန် ကြွလာပြီး အသက်ရှင်သောသူ​နှင့် သေသောသူတို့​ကို တရားစီရင်မည့်​ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း၊ ဘုရားသခင်​ရှေ့တော်​၌​လည်းကောင်း သင့်​အား ကျွန်ုပ်​အလေးအနက်​တိုက်တွန်းလိုက်ပါ၏။


အုပ်ချုပ်သူများ​နှင့် အာဏာပိုင်များ​ကို နာခံကြ​ရန် ကရေတေကျွန်း​၌ နေထိုင်ကြသော​ယုံကြည်သူတို့​အား သတိပေးလော့။ သူတို့​သည် နာခံ​၍ ကောင်းမှု​အမျိုးမျိုး​ကို အချိန်မရွေး​ပြုနိုင်​ရန် အဆင်သင့်​ဖြစ်နေ​ရမည်။


ထူးဆန်းသည့် အယူဝါဒ​အမျိုးမျိုး ဆွဲဆောင်ရာ နောက်​သို့ မလိုက်ကြနှင့်။ စိတ်နှလုံး​ကို ခိုင်ခံ့မြဲမြံ​စေရာ​တွင် အစားအစာ​အားဖြင့် မဟုတ်ဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​အားဖြင့် ခိုင်ခံ့မြဲမြံစေ​လျှင် အကျိုး​ရှိ၏။ အစားအစာ​နှင့် ပတ်သက်သော​ပညတ်များ​ကို လိုက်နာသော​သူတို့​မှာမူ မည်သည့်​အကျိုး​ကို​မျှ မရရှိ။


ကျွန်ုပ်​အသက်ရှင်နေ​သရွေ့ ဤ​အကြောင်းအရာများ​ကို သင်တို့​အား ဆက်လက်​သတိပေးနေ​သင့်သည်​ဟု ကျွန်ုပ်​ယူဆ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ