Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 11:32 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ကျွန်ုပ်တို့​ကို သခင်ဘုရား တရားစီရင်တော်မူခြင်း​မှာလည်း ကျွန်ုပ်တို့​အား ဤ​လောကီသားတို့​နှင့်အတူ ပြစ်ဒဏ်​မခံရ​စေရန် ဆုံးမတော်မူခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 သို့​ရာ​တွင်​ငါ​တို့​အား​ဤ​သို့​ထာ​ဝ​ရ​ဘု​ရား သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​မှာ ငါ​တို့​အား​လော​ကီ သား​တို့​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​မ​ခံ​ရ​စေ​ရန် ဆုံး​မ​တော်​မူ​ခြင်း​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 သို့ ရာ တွင် ငါ တို့ သည် တ ရား စီ ရင် ခံ ရ ကြ သည့် ကာ လ ဤ လော က သား တို့ နှင့် အ တူ အ ပြစ် စီ ရင် မ ခံ ရ စေ ရန် အ ရှင် ဘု ရား ဆုံး မ တော် မူ ရာ ခံ ရ ခြင်း မျှ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​သော​အ​ခါ၊ လော​ကီ​သား​တို့​နှင့်​အ​တူ အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 စီရင်​ခြင်း​ခံရ​လျှင်​လည်း လောကီသား​တို့​နှင့်အတူ ပြစ်ဒဏ်​စီရင်​ခြင်း​မ​ခံရ​မည့်​အကြောင်း သခင်​ဘုရား​၏​ဆုံးမ​တော်မူ​ခြင်း​ကို​ခံရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 11:32
22 ပူးပေါင်းရင်းမြစ်များ  

ပညတ်တရား​၌ ပါ​သမျှသော​ပြဋ္ဌာန်းချက်များ​သည် ထို​ပညတ်တရား​ကို ခံယူရရှိသော​သူတို့​အတွက်​ဖြစ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ ပညတ်တရား​၏ ရည်ရွယ်ချက်​မှာ လူတို့​ကို မိမိတို့​၏​အပြစ်​အတွက်​ဆင်ခြေ​မပေး​ရန်​နှင့် လောကီသား​အားလုံး​သည် ဘုရားသခင်​ရှေ့တော်​၌ အပြစ်​ရှိကြောင်း ဖော်ပြ​ရန်​ဖြစ်၏။


ဘုရားသခင်​ပေးသနားတော်မူသော ဆုကျေးဇူး​သည် အာဒံ​ကျူးလွန်သော​အပြစ်​၏​ရလဒ်​နှင့် အလွန်​ကွာခြား၏။ အဘယ်ကြောင့်ဆိုသော် အာဒံ​၏​အပြစ်​သည် ပြစ်ဒဏ်​ကိုသာ ကျခံစေပြီး ဘုရားသခင်​ပေးသော ဆုကျေးဇူး​မှာမူ ကျွန်ုပ်တို့​၌ အပြစ်​များစွာ​ရှိ​သော်လည်း ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်ကြောင်း​သတ်မှတ်ခံရစေ​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် ပညာရှင်​သည် အဘယ်မှာနည်း။ ကျမ်းတတ်ဆရာ​သည် အဘယ်မှာနည်း။ ဤ​လောက​၏ ဝေဖန်ရေး​ဆရာ​သည် အဘယ်မှာနည်း။ ဘုရားသခင်​သည် လောကီ​ပညာ​ကို မိုက်မဲစေတော်မူပြီ​မဟုတ်လော။


လူ​၏ ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို မသိနိုင်​စေရန် ဘုရားသခင်​သည် ဉာဏ်တော်​ဖြင့် စီမံ​ခန့်ခွဲ​ထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသော​တရား​ဟု လူတို့​ယူဆသည့် ကျွန်ုပ်တို့​ဟောသော​တရား​အားဖြင့် ဘုရားသခင်​သည် ယုံကြည်သော​သူတို့​ကို ကယ်တင်​ရန် အလိုရှိတော်မူ၏။


ထို​အကြောင်း​ကြောင့် သင်တို့​တွင် အားနည်းသောသူ​နှင့် ဖျားနာသောသူ​များစွာ ရှိကြပြီး သေဆုံးသောသူ​တချို့​လည်း ရှိကြ၏။


သို့သော် ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ် ပိုင်းခြားသိမြင်​လျှင် စီရင်တော်မူခြင်း​ခံရမည်​မဟုတ်ပေ။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် သခင်ဘုရား​၏​ပွဲတော်​ကို စား​ရန် စုဝေးကြ​သောအခါ တစ်ဦး​ကို​တစ်ဦး စောင့်ဆိုင်းကြလော့။


ထို​သူတို့​ထဲတွင် ဟုမေနဲ​နှင့် အလက်ဇန်းဒါး​တို့ ပါဝင်ကြ၏။ သူတို့​သည် ဘုရားသခင်​ကို စော်ကားပြောဆိုခြင်း မပြုသင့်ကြောင်း အဆုံးအမ​ခံကြ​စေရန် ကျွန်ုပ်​သည် သူတို့​ကို စာတန်​လက်သို့ အပ်လိုက်၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြောင်း​နှင့် လောကီသား​အပေါင်းတို့​သည် မာရ်နတ်​၏​ထိန်းချုပ်မှု​အောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့​သိကြ၏။


ငါ​သည် ကိုယ်​ချစ်သော​သူတို့​ကို ဆုံးမ​ပဲ့ပြင်တတ်၏။ ထို့ကြောင့် သင်​သည် စိတ်အား​ထက်သန်လော့။ နောင်တရလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ