ကျွန်ုပ်၏ ပြင်းပြသောဆန္ဒမှာ အခြားတစ်ဦးတည်ထောင်ထားသော အသင်းတော်ရှိရာ ဒေသထက် ခရစ်တော်၏အမည်နာမကို မကြားဖူးသေးသော ဒေသ၌ သတင်းကောင်းကို ဟောပြောရန်ဖြစ်၏။
၁ ကော 4:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ခရစ်တော်အကြောင်းကို သင်ပေးမည့်ဆရာပေါင်း တစ်သောင်း ရှိလျှင်ပင် ဝိညာဉ်ရေးရာဖခင်မှာ တစ်ဦးတည်းရှိ၏။ ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ယေရှုခရစ်တော်၌ သင်တို့၏ဖခင်ဖြစ်လာ၏။ Common Language Bible သင်တို့သည်ခရစ်တော်ကိုလက်ခံပြီးနောက် သင်တို့အားသွန်သင်မည့်ဆရာထောင်ပေါင်း များစွာရှိသော်လည်း ဖခင်ကားတစ်ဦးတည်း သာရှိပေသည်။ ငါသည်သတင်းကောင်းကို ကြေညာခြင်းအားဖြင့် သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေသည့်မွေး သဖခင်ဖြစ်လာ၏။- Garrad Bible သင် တို့၌ ခ ရစ် တော် အား ဖြင့် သြ ဝါ ဒ ဆ ရာ တစ် သောင်း ရှိ ပါ စေ ဦး။ အ ဘ အ များ မ ရှိ ရာ၊ ငါ သည် ခ ရစ် တော် ယေ ရှု ကြောင့် သ တင်း တော် မြတ် အား ဖြင့် သင် တို့ ကို ဖြစ် ပွား စေ ခဲ့ ပြီ။ Judson Bible သင်တို့တွင် ခရစ်တော်၏အကြောင်းကို သင်ပေးသော ဆရာတစ်သောင်းရှိငြားသော်လည်း၊ အဘအများ မရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ်၌ ဖြစ်ပွားစေပြီ။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ခရစ်တော်၌ သင်တို့ကိုအုပ်ထိန်းသူ တစ်သောင်းရှိသော်လည်း ဖခင်မူကား များစွာမရှိ။ ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ သင်တို့ကိုမွေးဖွားပေးခဲ့သူမှာ ငါပင်ဖြစ်၏။ |
ကျွန်ုပ်၏ ပြင်းပြသောဆန္ဒမှာ အခြားတစ်ဦးတည်ထောင်ထားသော အသင်းတော်ရှိရာ ဒေသထက် ခရစ်တော်၏အမည်နာမကို မကြားဖူးသေးသော ဒေသ၌ သတင်းကောင်းကို ဟောပြောရန်ဖြစ်၏။
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
ညီအစ်ကိုမောင်နှမတို့… ယခင်က ကျွန်ုပ်ဟောပြောခဲ့သော သတင်းကောင်းကို သင်တို့အား ပြန်၍ သတိရစေလို၏။ သင်တို့သည် ထိုသတင်းကောင်းကို ခံယူခဲ့ပြီး ထိုအပေါ်၌ မှီခိုအားထားခဲ့ကြ၏။
ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်အားဖြင့် ကျွန်ုပ်သည် ဗိသုကာပညာရှင်ကဲ့သို့ အုတ်မြစ်ကို ချထား၏။ ယခုတွင် အခြားသူသည် ထိုအုတ်မြစ်ပေါ်၌ တည်ဆောက်နေပြီဖြစ်၏။ သို့ရာတွင် ထိုအုတ်မြစ်ပေါ်၌ တည်ဆောက်သောသူတိုင်း အလွန် ဂရုစိုက်ရမည်ဖြစ်၏။
ကျွန်ုပ်သည် မျိုးစေ့စိုက်၏။ အာပေါလုသည် ရေလောင်း၏။ သို့သော် ထိုအပင်ကို ကြီးထွားစေတော်မူသော အရှင်မှာ ဘုရားသခင်ပင် ဖြစ်ပေ၏။
မျိုးစေ့စိုက်သူနှင့် ရေလောင်းသူတို့သည် တူညီသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ကြပြီး မိမိတို့၏ ကြိုးပမ်းအားထုတ်မှုနှင့်အညီ ဆုလာဘ်ကို ရရှိကြလိမ့်မည်။
အခြားသူတို့သည် သင်တို့ထံမှ ဤခံစားခွင့်ကို ရလျှင် ကျွန်ုပ်တို့သည် ပို၍ ရထိုက်သည်မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့သည် ဤခံစားခွင့်ကို မယူခဲ့ကြ။ ခရစ်တော်၏ သတင်းကောင်းကို အဆီးအတားမရှိစေရန်အတွက် မည်သည့်အခက်အခဲကိုမဆို သည်းခံကြ၏။
ထိုနည်းတူ သတင်းကောင်းကို ဟောပြောသောသူတို့သည် ထိုသတင်းကောင်းအားဖြင့် အသက်မွေးခွင့်ရှိကြောင်း သခင်ဘုရားမိန့်တော်မူခဲ့၏။
သို့သော်လည်း သတင်းကောင်းကို ဟောပြောခြင်းသည် ကျွန်ုပ်အတွက် ကြွားဝါစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၌ မဖြစ်မနေဟောပြောရမည့်တာဝန်ရှိသောကြောင့်ဖြစ်၏။ ထိုသတင်းကောင်းကို မဟောပြောလျှင် ကျွန်ုပ်သည် အမင်္ဂလာရှိ၏။
သို့ဖြစ်လျှင် ကျွန်ုပ်၏ ဆုလာဘ်မှာ မည်သည့်အရာဖြစ်သနည်း။ ဤအရာမှာ အခကြေးငွေမယူဘဲ သတင်းကောင်းကို ဟောပြောခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောသောအခါ ကျွန်ုပ်ရထိုက်သောအခွင့်အရေးကို အပြည့်အဝမတောင်းဆိုဘဲနေခြင်းဖြစ်၏။
သတင်းကောင်းပျံ့နှံ့ရန်အတွက် အရာအားလုံးကို လုပ်ဆောင်ပြီး ထိုသတင်းကောင်း၏ အကျိုးကျေးဇူးများကို မျှဝေခံစား၏။
ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရရန် ပညတ်တရားမှာ ခရစ်တော်ကြွလာချိန်ထိ ကျွန်ုပ်တို့၏ အုပ်ထိန်းသူဖြစ်၏။
ယခုမှာ ယုံကြည်ခြင်းတရား ရောက်လာပြီဖြစ်၍ ကျွန်ုပ်တို့သည် အုပ်ထိန်းသူလက်အောက်၌ မရှိကြတော့ပေ။
ကျွန်ုပ်ချစ်သော သားသမီးတို့… သင်တို့သည် ခရစ်တော်ကဲ့သို့ ဖြစ်မလာမီ အချိန်ထိ ကျွန်ုပ်သည် သင်တို့အတွက် သားဖွားသည့် ဝေဒနာကို ခံစားရသကဲ့သို့ ပြန်၍ ခံစားလျက် နေရ၏။
အနာဂတ်တွင် လူတို့သည် မှန်ကန်သောအယူဝါဒကို သည်းမခံနိုင်တော့ဘဲ မိမိတို့အလိုကို လိုက်၍ မိမိတို့၏ယားသောနားက ကြားလိုသောအရာများကို ဟောပြောသည့်ဆရာများနောက်သို့ လိုက်ကြလိမ့်မည်။
ကျွန်ုပ်နှင့် ယုံကြည်ချက်တူညီ၍ ကျွန်ုပ်၏ သား အရင်းအချာကဲ့သို့ ဖြစ်သော တိတုထံသို့ ဤစာကို ပို့လိုက်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် ကယ်တင်ရှင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင့်အပေါ် သက်ရောက်ပါစေသော။
ကျွန်ုပ်ပေါလုကိုယ်တိုင် ပြန်ဆပ်ပေးမည်ဟူသော စာကို မိမိလက်နှင့် ရေးလိုက်၏။ အမှန်စင်စစ် သင်၏ဘဝတစ်ခုလုံးပင်လျှင် ကျွန်ုပ်ကျေးဇူးနှင့် မကင်းကြောင်း ဖော်ပြရန် မလိုပေ။
ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။
သင်တို့သည် ပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောမျိုးစေ့ဖြစ်သည့် အသက်ရှင်၍ ထာဝရတည်မြဲသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားလာကြ၏။