Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 1:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 သင်တို့​သည် ပျက်စီးတတ်သော​မျိုးစေ့​အားဖြင့်​မဟုတ်ဘဲ မပျက်စီးနိုင်သော​မျိုးစေ့​ဖြစ်သည့် အသက်ရှင်​၍ ထာဝရ​တည်မြဲသော ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် အသစ်​တစ်ဖန်​မွေးဖွားလာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​သေ​ခြင်း တ​ရား​နှင့်​ကင်း​သော​နိစ္စ​ထာ​ဝ​ရ​အ​ရှင်​၏ သား​သမီး​များ​ဖြစ်​ကြ​ပြီး​အ​သက်​ရှင်​၍ ထာ​ဝ​စဉ်​တည်​သော​နှုတ်​က​ပတ်​တော်​အား ဖြင့်​တစ်​ဖန်​မွေး​ဖွား​လာ​သူ​များ​ဖြစ်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 မ​ဖောက်​ပြန်​မ​ပျက်​စီး​တတ်​သော မျိုး​စေ့​တည်း​ဟူ​သော အ​သက်​ရှင်၍ အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် ဖြစ်​ဖွား​သော​ကြောင့်၊ ညီ​အစ်​ကို​များ​ကို ချစ်​ယောင်​မ​ဆောင်၊ အ​မှန်​ချစ်​ခြင်း​အ​လို​ငှာ စိတ်​ထဲ​မှာ​သ​မ္မာ​တ​ရား​ကို နား​ထောင်​လျက်၊ ကိုယ်​စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​ပြီး​သည်​နှင့် အ​ညီ၊ စင်​ကြယ်​သော​စိတ်​နှင့် အ​ချင်း​ချင်း အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ ရှိ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သင်​တို့​သည် ယိုယွင်း​ပျက်စီး​တတ်​သော​မျိုးစေ့​အားဖြင့်​မ​ဟုတ်​ဘဲ ယိုယွင်း​ပျက်စီး​ခြင်း​နှင့်​ကင်း​သည့်​မျိုးစေ့​တည်းဟူသော အသက်ရှင်​၍ အစဉ်​တည်မြဲ​သည့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် အသစ်​တစ်ဖန်​မွေးဖွား​စေ​ခြင်း​ကို​ခံရ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 1:23
18 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​နှင့်​မြေကြီး တည်မြဲမည်​မဟုတ်​သော်လည်း ငါ့​စကား တည်မြဲ​လိမ့်မည်။


ထို​ပုံဥပမာ​၏​အဓိပ္ပာယ်​မှာ မျိုးစေ့​သည် ဘုရားသခင်​၏​တရားစကား​ဖြစ်၏။


ထို​သူတို့​သည် လူ့​သဘာဝ​အရ မွေးဖွားလာသူများ မဟုတ်။ သွေးသားဆန္ဒ​အရ မွေးဖွားလာသူများ မဟုတ်။ လူ့​အလိုဆန္ဒ​အရ မွေးဖွားလာသူများ မဟုတ်။ ဘုရားသခင်​က မွေးဖွားစေတော်မူသော​သူများ​ဖြစ်ကြ၏။


ဘုရားသခင်​သည် ထို​နှုတ်ကပတ်တော်​အားဖြင့် အရာ​အားလုံး​ကို ဖန်ဆင်းတော်မူ၏။ ထိုသို့​ဖန်ဆင်းတော်မူခြင်း​နှင့် ကင်းလွတ်သော​အရာ တစ်စုံတစ်ခု​မျှ မရှိပေ။


ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ အသစ်တစ်ဖန်​မွေးဖွားခြင်း မခံရသောသူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။


ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ ရေ​ဖြင့်​လည်းကောင်း၊ ဝိညာဉ်တော်​ဖြင့်​လည်းကောင်း အသစ်တစ်ဖန်​မွေးဖွားခြင်း မခံရသောသူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​သို့ မဝင်နိုင်။


ဝိညာဉ်တော်​ကသာ အသက်ရှင်စေ၏။ လူ့​အားထုတ်မှု​မှာမူ မည်သည့်အရာ​ကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့​ကို ငါ​ပြောသော စကားတို့​သည် ဝိညာဉ်​နှင့် အသက်​ဖြစ်၏။


ဘုန်းကြီး​၍ ထာဝရ​အသက်ရှင်သော ဘုရားသခင်​ကို ကိုးကွယ်ရမည့်​အစား သေမျိုး​ဖြစ်သော လူ၊ ငှက်၊ ခြေလေးချောင်း​သတ္တဝါများ​နှင့် တွားသွား​သတ္တဝါများ​၏ ပုံတူ​ရုပ်တုများ​ကို ထုလုပ်​ကိုးကွယ်လာကြ၏။


ဘုရားသခင်​၏ နှုတ်ကပတ်တော်​သည် အသက်ရှင်​၍ ထိရောက်​ကာ သန်လျက်​တကာတို့​ထက် ထက်၏။ ထို​နှုတ်ကပတ်တော်​သည် အသက်​နှင့် စိတ်ဝိညာဉ်​ကိုလည်းကောင်း၊ အရိုးအဆစ်​နှင့် ခြင်ဆီ​ကို​လည်းကောင်း ထိုးဖောက်​ကာ ပိုင်းခြား​နိုင်ပြီး လူတို့​၏ စိတ်​အတွင်းမှ တွေးတော​ကြံစည်မှုတို့​ကို သိမြင်​နိုင်၏။


ကိုယ်တော်​သည် မိမိ​အလိုတော်​နှင့်အညီ သမ္မာတရား​စကား​အားဖြင့် ကျွန်ုပ်တို့​ကို ဖြစ်ပွားစေတော်မူ၏။ ဤ​အရာ​မှာ ဖန်ဆင်းတော်မူ​သမျှသော​အရာတို့​တွင် ကျွန်ုပ်တို့​အား အဦးဆုံးသော​အသီး​ကဲ့သို့ ဖြစ်​စေရန် ဖြစ်၏။


သို့သော် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အစဉ်အမြဲ​တည်၏” ဟု ဆိုထား၏။ ဤ​နှုတ်ကပတ်တော်​မှာ သင်တို့​အား​ဟောပြောသော သတင်းကောင်း​ဖြစ်၏။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်​ကို ချီးမွမ်းကြလော့။ ဘုရားသခင်​သည် မိမိ​၏​ကြီးမြတ်သော​ကရုဏာတော်​ကြောင့် သခင်​ယေရှု​ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အသစ်​တစ်ဖန်​မွေးဖွား​စေပြီး ခိုင်မြဲသော​မျှော်လင့်ချက်​ရှိစေတော်မူ၏။


ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​သည် အပြစ်​ကို ဆက်​၍​ကျူးလွန်နေသူ​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ မျိုးစေ့​သည် ထို​သူ​၌ တည်နေ​သောကြောင့်​ဖြစ်၏။ ဘုရားသခင်​ထံမှ ဖြစ်ပွား​သောကြောင့် သူ​သည် အပြစ်​ကို ဆက်​၍​မကျူးလွန်နိုင်။


ဘုရားသခင်​ထံမှ ဖြစ်ပွားလာသောသူ​သည် အပြစ်​မကျူးလွန်တတ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​အရှင်​သည် ထို​သူ​ကို စောင့်ရှောက်တော်မူ​သဖြင့် မာရ်နတ်​သည် သူ့​ကို မထိခိုက်နိုင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ