၁ ကော 4:15 - မြန်မာ့စံမီသမ္မာကျမ်း15 အကြောင်းမူကား ခရစ်တော်၌ သင်တို့ကိုအုပ်ထိန်းသူ တစ်သောင်းရှိသော်လည်း ဖခင်မူကား များစွာမရှိ။ ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ သင်တို့ကိုမွေးဖွားပေးခဲ့သူမှာ ငါပင်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible15 သင်တို့သည်ခရစ်တော်ကိုလက်ခံပြီးနောက် သင်တို့အားသွန်သင်မည့်ဆရာထောင်ပေါင်း များစွာရှိသော်လည်း ဖခင်ကားတစ်ဦးတည်း သာရှိပေသည်။ ငါသည်သတင်းကောင်းကို ကြေညာခြင်းအားဖြင့် သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေသည့်မွေး သဖခင်ဖြစ်လာ၏။- အခန်းကိုကြည့်ပါ။Garrad Bible15 သင် တို့၌ ခ ရစ် တော် အား ဖြင့် သြ ဝါ ဒ ဆ ရာ တစ် သောင်း ရှိ ပါ စေ ဦး။ အ ဘ အ များ မ ရှိ ရာ၊ ငါ သည် ခ ရစ် တော် ယေ ရှု ကြောင့် သ တင်း တော် မြတ် အား ဖြင့် သင် တို့ ကို ဖြစ် ပွား စေ ခဲ့ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible15 သင်တို့တွင် ခရစ်တော်၏အကြောင်းကို သင်ပေးသော ဆရာတစ်သောင်းရှိငြားသော်လည်း၊ အဘအများ မရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ်၌ ဖြစ်ပွားစေပြီ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 သင်တို့အား ခရစ်တော်အကြောင်းကို သင်ပေးမည့်ဆရာပေါင်း တစ်သောင်း ရှိလျှင်ပင် ဝိညာဉ်ရေးရာဖခင်မှာ တစ်ဦးတည်းရှိ၏။ ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ယေရှုခရစ်တော်၌ သင်တို့၏ဖခင်ဖြစ်လာ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်သည် ဤလူအပေါင်းတို့ကို ကိုယ်ဝန်ဆောင်ခဲ့ပါသလော။ ‘ထိုပြည်ကို သူတို့ဘိုးဘေးတို့အား ပေးမည်ဟုကျိန်ဆိုခဲ့သည်နှင့်အညီ ကလေးထိန်းသည် နို့စို့ကလေးငယ်ကိုဆောင်သကဲ့သို့ ထိုပြည်သို့ သူတို့ကို သင့်ရင်ခွင်၌ ပွေ့ချီသွားလော့’ဟု အကျွန်ုပ်အား ကိုယ်တော်မိန့်တော်မူသည်မှာ အကျွန်ုပ်သည် သူတို့ကိုမွေးဖွားခဲ့ပါသလော။