Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 4:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ဤ​အကြောင်းအရာများ​ကို ရေးသားရသည်​မှာ သင်တို့​ကို အရှက်ရ​စေရန်​မဟုတ်ပါ။ ကျွန်ုပ်​ချစ်ခင်ရသော သားသမီးများ​ကဲ့သို့ သဘောထား​၍ သင်တို့​ကို သတိပေး​ဆုံးမ​ရန်သာ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဤ​သို့​ရေး​ရ​ခြင်း​အ​ကြောင်း​မှာ​သင်​တို့​အား အ​ရှက်​ခွဲ​လို​၍​မ​ဟုတ်။ ငါ​ချစ်​သော​သား​သ​မီး များ​အ​နေ​ဖြင့်​သင်​တို့​အား​သွန်​သင်​လို​၍ ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ငါ သည် ဤ သို့ ရေး လိုက် သည် မှာ သင် တို့ ကို ရှက် စေ ခြင့် ငှာ မ ဟုတ်။ ငါ့ ချစ် သား များ အ ဖြစ် ပဲ့ ပြင် ခြင်း ငှာ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သင်​တို့​သည် ရှက်​စေ​ခြင်း​ငှာ ဤ​သို့​ငါ​ရေး​သည် မ​ဟုတ်။ သင်​တို့​ကို ချစ်​သား​ကဲ့​သို့​မှတ်၍ သ​တိ​ပေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ဤ​အရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​အား အရှက်ရ​စေရန်​မ​ဟုတ်​ဘဲ ငါ​၏​ချစ်​သားသမီး​များ​အဖြစ် သတိပေး​ဆုံးမ​ရန်​သာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 4:14
19 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သတိ​နှင့်​နေကြလော့။ ကျွန်ုပ်​သည် သုံးနှစ်တာ​ပတ်လုံး နေထိုင်ခဲ့သည်​တွင် နေ့ည​မပြတ် မျက်ရည်ကျ​လျက် သင်တို့​အား တိုက်တွန်း​နိုးဆော်ခဲ့သည်​ကို သတိရကြလော့။


အမြင်မှန်​ရကြလော့။ ဆက်​၍ အပြစ်​မပြုနှင့်။ သင်တို့​ထဲမှ တချို့​သည် ဘုရားသခင်​ကို လုံးဝ​မသိကြ။ သင်တို့​အရှက်ရ​စေရန် ဤသို့ ကျွန်ုပ်​ပြော၏။


သင်တို့​အား ခရစ်တော်​အကြောင်း​ကို သင်ပေးမည့်​ဆရာပေါင်း တစ်သောင်း ရှိ​လျှင်​ပင် ဝိညာဉ်ရေးရာ​ဖခင်​မှာ တစ်ဦးတည်း​ရှိ၏။ ကျွန်ုပ်​သည် သတင်းကောင်း​ကို ဟောပြောခြင်း​အားဖြင့် ယေရှု​ခရစ်တော်​၌ သင်တို့​၏​ဖခင်​ဖြစ်လာ၏။


ထို​အကြောင်း​ကြောင့် သခင်ဘုရား​အပေါ် သစ္စာရှိသော ကျွန်ုပ်​၏​ချစ်သား တိမောသေ​ကို သင်တို့​ထံ စေလွှတ်ရခြင်း​ဖြစ်၏။ သူ​သည် ကျွန်ုပ် ရောက်ခဲ့သော​အသင်းတော်​တိုင်း​တွင် သွန်သင်ခဲ့သည့်​အတိုင်း ကျွန်ုပ်​မည်သို့ ယေရှု​ခရစ်တော်​နောက် လိုက်နေကြောင်း​ကို သင်တို့​အား သတိရစေ​လိမ့်မည်။


ဤသို့ ကျွန်ုပ်​ပြောရခြင်း​မှာ သင်တို့​ရှက်တတ်​စေရန်​ဖြစ်၏။ သင်တို့​တွင် ယုံကြည်သူ​အချင်းချင်း​ကြား ဤသို့သော အမှုကိစ္စများ​ကို စီရင်​ဆုံးဖြတ်နိုင်သည့် ပညာရှင်​တစ်ဦး​တစ်ယောက်​မျှ မရှိသလော။


သို့သော်လည်း ကျွန်ုပ်​သည် ထို​အခွင့်အရေး​ကို တစ်ခါ​မျှ မယူခဲ့ဖူးပေ။ ထို​အခွင့်အရေး​ကို သင်တို့​ပေးမည်​ဟု မျှော်လင့်​၍ ဤ​စာ​ကို ရေးရခြင်း​လည်း မဟုတ်ပါ။ အမှန်​တွင် အခကြေးငွေ​မယူဘဲ ဟောပြောခြင်း​ကြောင့် ဂုဏ်ယူ​ဝင့်ကြွားရသော​အခွင့်​ကို ဆုံးရှုံးသည်​ထက် သေသွားခဲ့​လျှင်ပင် ပို၍ ကောင်း​လိမ့်မည်။


အဘယ်ကြောင့် ကျွန်ုပ်​သည် သင်တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မဖြစ်ရ​သနည်း။ သင်တို့​ကို မချစ်​သောကြောင့်လော။ သင်တို့​ကို ကျွန်ုပ်​ချစ်ကြောင်း ဘုရားသခင်​သိတော်မူ၏။


ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ကာကွယ်​ပြောဆိုနေကြသည်​ဟု သင်တို့ တစ်ချိန်လုံး​ထင်မှတ်​နေကြသလော။ ကျွန်ုပ်တို့​သည် ခရစ်တော်​ပြောဆို​စေတော်မူလိုသည့်​အတိုင်း ဘုရားသခင် ရှေ့တော်မှောက်​၌ ပြောဆိုကြ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်တို့​လုပ်ဆောင်သမျှ အရာရာတိုင်း​သည် သင်တို့​ကို ဆောက်တည်ပေး​နိုင်ရန်​ဖြစ်၏။


ဤသို့​ပြောသည်​မှာ သင်တို့​ကို အပြစ်တင်​လို​၍ မဟုတ်။ ယခင်က ကျွန်ုပ်​ပြောခဲ့သည့်​အတိုင်း သင်တို့​သည် ကျွန်ုပ်တို့​၏ နှလုံးသား​ထဲ၌ သေအတူ​ရှင်မကွဲ ရှိနေကြ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်တို့​သည် လူတိုင်း​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​၍ ရင့်ကျက်သောသူများ​အဖြစ် ဘုရားသခင်​ထံ ဆက်သ​နိုင်ရန် လူတိုင်း​ကို သတိပေး​ဆုံးမ​ကာ ရှိသမျှသော​ဉာဏ်ပညာ​ဖြင့် လူတိုင်း​ကို သွန်သင်​လျက် ခရစ်တော်​အကြောင်း​ကို ဟောပြောကြ၏။


သင်တို့​သိကြသည့်​အတိုင်း ဖခင်​သည် သားသမီးများ​အပေါ် ပြုမူဆက်ဆံ​သကဲ့သို့ ကျွန်ုပ်တို့​သည် သင်တို့ တစ်ယောက်ချင်းစီ​တိုင်း​အပေါ် ပြုမူဆက်ဆံကြ၏။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… ပျင်းရိသူများ​ကို သတိပေး​ဆုံးမကြလော့။ စိတ်ပျက်​အားလျော့သူများ​ကို အားပေးကြလော့။ အားနည်းသူများ​ကို ကူညီကြလော့။ လူ​တိုင်း​အပေါ်​တွင် စိတ်ရှည်​ကြလော့။


တစ်စုံတစ်ယောက်​သည် ဤ​စာ​တွင် ပါသော ညွှန်ကြားချက်များ​ကို နားမထောင်​လျှင် ထို​သူ​ကို အရှက်ရ​စေရန် မှတ်သားထား​၍ ထို​သူ​နှင့် မပေါင်းဖော်ကြနှင့်။


အကျဉ်းချ​ခံရစဉ် ကျွန်ုပ်​၏ သား​သဖွယ်​ဖြစ်လာသော ဩနေသိမ်​အတွက် သင့်​ကို တောင်းပန်​လို၏။


ကျွန်ုပ်​၏​သား​သမီးတို့… သင်တို့ အပြစ်​မကျူးလွန်​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်​အပြစ်ကျူးလွန်​လျှင် ခမည်းတော်​ထံတွင် ကျွန်ုပ်တို့​အတွက် ကူညီမစမည့်သူ​ဖြစ်သည့် ဖြောင့်မတ်သော​အရှင် ယေရှု​ခရစ်တော်​ရှိ၏။


ကျွန်ုပ်​၏​သားသမီးများ သမ္မာတရား​၌ ကျင်လည်နေကြောင်း ကြားသိ​၍ ဝမ်းမြောက်ရခြင်း​ထက် သာ​၍ ဝမ်းမြောက်ရခြင်း ကျွန်ုပ်​၌​မရှိပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ