Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဂ​လာ​တိ 3:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ထို့ကြောင့် ကျွန်ုပ်တို့​သည် ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရ​ရန် ပညတ်တရား​မှာ ခရစ်တော်​ကြွလာချိန်​ထိ ကျွန်ုပ်တို့​၏ အုပ်ထိန်းသူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ကြ​စေ​ရန် ပ​ညတ်​တ​ရား သည်​ခ​ရစ်​တော်​ကြွ​လာ​ချိန်​တိုင်​အောင်​ငါ​တို့​၏ အ​ထိန်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ခ ရစ် တော့် လက် ထက် တိုင် အောင် ပ ညတ် တ ရား တော် သည် ယုံ ကြည် ခြင်း ကြောင့် ဖြောင့် မတ် ရာ ရောက် စေ ခြင်း ငှာ ငါ တို့ သြ ဝါ ဒ ဆ ရာ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ထို​ကြောင့် ငါ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​စေ​ခြင်း​ငှာ ပ​ညတ်​တ​ရား​သည် ခ​ရစ်​တော်​ထံ​သို့ ငါ​တို့​ကို​ပို့​ဆောင်၍ ငါ​တို့၏ အ​ထိန်း​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထို့ကြောင့် ပညတ်​တရား​သည် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​ငါ​တို့​အသိအမှတ်ပြု​ခြင်း​ခံရ​ရန် ငါ​တို့​ကို ခရစ်တော်​ထံသို့​ပို့ဆောင်​သော ငါ​တို့​၏​အုပ်ထိန်း​သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 3:24
16 ပူးပေါင်းရင်းမြစ်များ  

ခရစ်တော်​သည် ပညတ်တရား​ကို အဆုံးသတ်​စေတော်မူပြီ​ဖြစ်​သောကြောင့် ယုံကြည်သော​သူတို့​သည် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရကြ၏။


သို့သော်လည်း လူ​သည် ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရသည်​မဟုတ်ဘဲ ယေရှု​ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့်​သာ သတ်မှတ်​ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့​သည်လည်း ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့်​မဟုတ်ဘဲ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရ​ရန် ယေရှု​ခရစ်တော်​ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရမည်​မဟုတ်​သောကြောင့် ဖြစ်၏။


၎င်းတို့​သည် နောင်​ဖြစ်လာမည့်​အရာများ​၏ အရိပ်​သာ ဖြစ်၏။ အကောင်အထည်​အစစ်အမှန်​ကမူ ခရစ်တော်​ပင် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​ကို ကျွန်ုပ်​လိုက်နာ​ရန် ကြိုးပမ်း​သောအခါ ထို​ပညတ်တရား​သည် ကျွန်ုပ်​ကို သေစေခဲ့​သောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်​သည် ပညတ်တရား​၌ သေလူ​ဖြစ်ပြီး ဘုရားသခင်​အတွက် အသက်ရှင်​နိုင်ရန် ပညတ်တရား​၏ ပြဋ္ဌာန်းချက်များ​ကို လိုက်နာ​ရန် မကြိုးပမ်းတော့ပေ။


ယခု​မှာ ယုံကြည်ခြင်း​တရား ရောက်လာပြီ​ဖြစ်၍ ကျွန်ုပ်တို့​သည် အုပ်ထိန်းသူ​လက်အောက်​၌ မရှိကြတော့ပေ။


သင်တို့​အား ခရစ်တော်​အကြောင်း​ကို သင်ပေးမည့်​ဆရာပေါင်း တစ်သောင်း ရှိ​လျှင်​ပင် ဝိညာဉ်ရေးရာ​ဖခင်​မှာ တစ်ဦးတည်း​ရှိ၏။ ကျွန်ုပ်​သည် သတင်းကောင်း​ကို ဟောပြောခြင်း​အားဖြင့် ယေရှု​ခရစ်တော်​၌ သင်တို့​၏​ဖခင်​ဖြစ်လာ၏။


ထို​အကြောင်းအရာများ​မှာ မည်သို့ ဆိုလိုသနည်း။ လူမျိုးခြားတို့​မှာ ဘုရားသခင်​သတ်မှတ်တော်မူသည့် ဖြောင့်မတ်ခြင်း​စံနှုန်းတို့​ကို မီအောင် မလိုက်နိုင်​သော်လည်း ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရကြ၏။ ထိုသို့ သတ်မှတ်ခံရခြင်း​မှာ ယုံကြည်ခြင်း​အားဖြင့်​သာ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ