အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အကြံစည်တော်ရှိသမျှကို သင်တို့အား ဟောပြောရာ၌ ကျွန်ုပ်သည် မတွန့်ဆုတ်ခဲ့သောကြောင့်ဖြစ်၏။
၁ ကော 2:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏သတင်းစကားနှင့် ကျွန်ုပ်၏ ဟောပြောချက်တို့မှာ အလွန်ရိုးစင်း၏။ ကျွန်ုပ်သည် ဖြားယောင်းသော ပညာစကားတို့ဖြင့် မပြောဆိုဘဲ သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်တို့၏ သက်သေအထောက်အထားအားဖြင့်သာ ပြောဆို၏။ Common Language Bible ဟောပြောသွန်သင်ရာ၌လူတို့၏ဉာဏ်ပညာ နှင့်ယှဉ်သောစကားများကိုအသုံးမပြုဘဲ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးပါရှိ သည့်စကားများကိုသာအသုံးပြု၏။- Garrad Bible လူ့ ပ ညာ၌ မ တည်။ ဘု ရား သ ခင်၏ တန် ခိုး တော်၌ တည် စေ ခြင်း ငှာ ဉာဏ် ပ ညာ ယှဉ် သော သွေး ဆောင် ခြင်း စ ကား ဖြင့် မ ဟုတ်။ တန် ခိုး ကြီး စွာ ဝိ ညာဉ် တော် သက် သေ ပေး တော် မူ သည့် အ လျောက် ကြော် ငြာ ဟော ပြော ခဲ့ ၏။ Judson Bible သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည်၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် တည်စေခြင်းငှာ၊ ငါ့စကား၊ ငါ့ဒေသနာသည် လူပညာနှင့်ယှဉ်သော ဖြားယောင်းသောစကားနှင့်တကွ ရှိသည်မဟုတ်။ ဝိညာဉ်တော်၏နိမိတ်လက္ခဏာ တန်ခိုးတော်နှင့်တကွ ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ၏စကားနှင့် ငါ၏ဟောပြောချက်တို့သည်လည်း ဆွဲဆောင်မှုရှိသည့် ဉာဏ်ပညာစကားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်နှင့် တန်ခိုးတော်တို့၏သက်သေအထောက်အထားအားဖြင့်ဖြစ်၏။ |
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အကြံစည်တော်ရှိသမျှကို သင်တို့အား ဟောပြောရာ၌ ကျွန်ုပ်သည် မတွန့်ဆုတ်ခဲ့သောကြောင့်ဖြစ်၏။
ထိုအခါ အဂြိပ္ပမင်းကြီးက “သင်သည် အချိန်တိုအတွင်း၌ ငါ့အားခရစ်ယာန်တစ်ဦးဖြစ်လာရန် သွေးဆောင်နိုင်မည်ဟု ထင်မှတ်ပါသလော” ဟူ၍ ပေါလုအားဆိုလေ၏။
ဘုရားသခင်ကို သင်တို့ယုံကြည်သောကြောင့် မျှော်လင့်ခြင်း၏ အရှင် ထိုဘုရားသခင်သည် သင်တို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့အားဖြင့် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကြောင့် မျှော်လင့်ခြင်းအပြည့်အဝ ရှိလိမ့်မည်။
နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များ၏ တန်ခိုးဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း ပြုတော်မူသောအမှုတို့မှလွဲ၍ မည်သည့်အရာအတွက်မျှ ကျွန်ုပ်ဂုဏ်မယူဝံ့ပါ။ ဤနည်းဖြင့် ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဂျေရုဆလင်မြို့မှ ဣလုရိတ်ပြည်အထိ ရောက်ရှိရာ အရပ်ဒေသတို့၌ အကုန်အစင်ဟောပြောခဲ့၏။
ထိုသူတို့သည် ကျွန်ုပ်တို့သခင်ခရစ်တော်၏ အမှုကို မဆောင်ရွက်ဘဲ ကိုယ်ကျိုးကိုသာ ဆောင်ရွက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့သည် ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတို့၏ စိတ်ကို လှည့်ဖြားတတ်ကြ၏။
ခရစ်တော်သည် ကျွန်ုပ်ကို စေလွှတ်တော်မူသည်မှာ နှစ်ခြင်းမင်္ဂလာပေးရန်အတွက် မဟုတ်ပါ။ သတင်းကောင်းကို ဟောပြောရန်အတွက်ဖြစ်၏။ ဟောပြောရာတွင်လည်း နှုတ်အတတ်ပညာဖြင့် ဟောပြောရန်မဟုတ်ပါ။ ဤသည်မှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်တန်ခိုးကို အချည်းနှီးမဖြစ်စေရန်ဖြစ်၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ ရောက်လာစဉ်က ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအကြံအစည်ကို ထူးမြတ်သောစကားလုံးများ၊ သာလွန်သောပညာများဖြင့် ဟောပြောခဲ့သည်မဟုတ်။
သို့ဖြစ်၍ ဤအရာများကို ပြောဆိုရာတွင် ကျွန်ုပ်တို့သည် လူ့ဉာဏ်ပညာက သင်ကြားပေးသောစကားများဖြင့် မပြောဆို။ ဝိညာဉ်တော်က သင်ကြားပေးသော စကားများဖြင့်သာ ပြောဆိုကြ၍ ဝိညာဉ်ရေးရာအမှန်တရားများကို ဝိညာဉ်ရေးရာစကားလုံးများဖြင့် ရှင်းလင်းဖော်ပြကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နိုင်ငံတော်သည် စကား၌ မတည်ဘဲ တန်ခိုး၌ တည်သောကြောင့်ဖြစ်၏။
ဖြူစင်ခြင်း၊ အသိပညာရှိခြင်း၊ စိတ်ရှည်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို နာခံခြင်း၊ စစ်မှန်သောချစ်ခြင်းမေတ္တာရှိခြင်း၊
ကျွန်ုပ်သည် လူတို့၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသေးလျှင် ကျွန်ုပ်သည် ခရစ်တော်၏ အစေအပါးတစ်ယောက် မဟုတ်ပေ။
ဤအကြောင်းကို သင်တို့အား ပြောရခြင်းမှာ မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်ဖြားစေရန် ဖြစ်၏။
ကျွန်ုပ်တို့သည် သတင်းကောင်းကို စကားသက်သက်ဖြင့် မဟောပြောဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့်လည်းကောင်း၊ ယုံကြည်စိတ်ချမှုအပြည့်ဖြင့်လည်းကောင်း သင်တို့ထံ ဟောပြောကြ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်အခါက သင်တို့အကျိုးကို ထောက်၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့အသိပင် ဖြစ်၏။
သူတို့စူးစမ်းသောအရာများသည် သူတို့ကိုယ်တိုင်အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အား ဘုရားသခင်ဖော်ပြတော်မူ၏။ သင်တို့အား သတင်းကောင်းကို ဟောပြောသောသူတို့သည် ကောင်းကင်ဘုံမှ စေလွှတ်တော်မူခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဤအရာများကို ပြောကြ၏။ ကောင်းကင်တမန်များပင်လျှင် ဤအရာများကို သိရှိနားလည်လိုကြ၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် တန်ခိုးနှင့် ကြွလာမည့်အကြောင်းကို သင်တို့အား ပြောပြရာတွင် လိမ္မာပါးနပ်စွာ ဖန်တီးထားသောဒဏ္ဍာရီပုံပြင် များကို ပြောပြခြင်းမဟုတ်။ ကျွန်ုပ်တို့သည် ထိုအရှင်၏ ကြီးမြတ်သောတန်ခိုးတော်ကို ကိုယ်တိုင်ဖူးမြင်ရသူများဖြစ်ကြ၏။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးမဲ့ ချဲ့ကားကြွားဝါပြောဆိုလျက် မှားယွင်းစွာ ပြုမူနေထိုင်ကြသူတို့ထဲမှ လွတ်မြောက်ခါစဖြစ်သော သူများကို လူ့ဗီဇစိတ်၏တပ်မက်မှုများနှင် ကိလေသာလွန်ကြူးခြင်းတို့ဖြင့် ဆွဲဆောင်ကြသောကြောင့်ဖြစ်၏။