Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 2:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သို့ဖြစ်၍ ဤ​အရာများ​ကို ပြောဆို​ရာတွင် ကျွန်ုပ်တို့​သည် လူ့​ဉာဏ်ပညာ​က သင်ကြားပေးသော​စကားများ​ဖြင့် မပြောဆို။ ဝိညာဉ်တော်​က သင်ကြားပေးသော စကားများ​ဖြင့်သာ ပြောဆိုကြ​၍ ဝိညာဉ်ရေးရာ​အမှန်တရားများ​ကို ဝိညာဉ်ရေးရာ​စကားလုံးများ​ဖြင့် ရှင်းလင်း​ဖော်ပြကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သို့​ဖြစ်​၍​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​တို့ အား ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​သစ္စာ​တရား​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​လင်း​ဖော်​ပြ​ရာ​၌ ငါ​တို့​သည်​လူ့​အ​သိ​ဉာဏ်​နှင့်​ယှဉ်​သည့် စ​ကား​များ​ကို​အ​သုံး​မ​ပြု။ ဝိ​ညာဉ်​တော် သွန်​သင်​ပေး​သည့်​စ​ကား​များ​ကို​သာ အ​သုံး​ပြု​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ထို ဆု တော် များ အ ကြောင်း ငါ တို့ ပြော ဆို ရာ လူ့ ပ ညာ သွန် သင် သည့် အ လျောက် မ ဟုတ်။ ဝိ ညာဉ် တော် သွန် သင် သည့် အ လျောက် ကြား ပြော လျက် ဝိ ညာဉ် ဆိုင် ရာ များ ကို ဝိ ညာဉ် သက် ဝင် သူ တို့ နှင့် စေ့ ဆော် တတ် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို ငါ​တို့​သည် လူ​ပ​ညာ​ကို​အ​မှီ​ပြု၍ နား​လည်​သော​စ​ကား​နှင့် မ​ဟော။ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဝိ​ညာဉ်​နှင့် စပ်​ဆိုင်​သော​အ​ရာ​ကို ဝိ​ညာဉ်​စ​ကား​အား​ဖြင့် ဖွင့်​ပြ၍ ပဲ့​ပြင်​တော်​မူ​သော​စ​ကား​နှင့် ငါ​တို့​သည် ဟော​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ဘုရားသခင်​ပေးသနား​တော်မူ​သော​အရာ​တို့​ကို ငါ​တို့​ဟောပြော​သောအခါ လူ့​ဉာဏ်ပညာ​က သင်ကြား​ပေး​သော​စကား​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​က သင်ကြား​ပေး​သော​စကား​အားဖြင့် ဟောပြော​၍ ဝိညာဉ်ရေး​နှင့်ဆိုင်သော​အရာ​တို့​ကို ဝိညာဉ်​သဘော​အားဖြင့် နှိုင်းယှဉ်​သုံးသပ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 2:13
14 ပူးပေါင်းရင်းမြစ်များ  

သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​ပြောသင့်သည့်​အရာများ​ကို ထို​အချိန်​၌ပင် သွန်သင်တော်မူ​လိမ့်မည်” ဟူ၍ မိန့်တော်မူ၏။


ထို​သူတို့​အားလုံး​သည်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် ပြည့်ဝ​၍ ဝိညာဉ်တော်​ပေးသနားတော်မူသည့်​အစွမ်း​အတိုင်း အမျိုးမျိုးသော​ဘာသာစကားများ​ကို ဟောပြောကြ၏။


ခရစ်တော်​သည် ကျွန်ုပ်​ကို စေလွှတ်တော်မူသည်​မှာ နှစ်ခြင်းမင်္ဂလာပေး​ရန်အတွက် မဟုတ်ပါ။ သတင်းကောင်း​ကို ဟောပြော​ရန်အတွက်​ဖြစ်၏။ ဟောပြောရာ​တွင်လည်း နှုတ်အတတ်​ပညာ​ဖြင့် ဟောပြော​ရန်​မဟုတ်ပါ။ ဤ​သည်​မှာ ခရစ်တော်​၏ လက်ဝါးကပ်တိုင်​တန်ခိုး​ကို အချည်းနှီး​မဖြစ်​စေရန်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် အခြား​ဘာသာစကား​ကို ပြောဆိုသူ​သည် လူတို့​အား ပြောဆိုသည်​မဟုတ်။ ဘုရားသခင်​အား ပြောဆိုခြင်း​ဖြစ်၏။ ထိုသူ​ပြောသော​စကား​ကို မည်သူမျှ နားမလည်ပေ။ သူ​သည် ဝိညာဉ်တော်​၏​တန်ခိုး​အားဖြင့် လျှို့ဝှက်​နက်နဲသော​အရာတို့​ကို ပြောဆိုနေခြင်း​ဖြစ်၏။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံ ရောက်လာ​စဉ်​က ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အကြံအစည်​ကို ထူးမြတ်သော​စကားလုံးများ၊ သာလွန်သော​ပညာများ​ဖြင့် ဟောပြောခဲ့သည်​မဟုတ်။


သို့သော် ဝိညာဉ်တော်​ကို မရရှိထားသောသူ​သည် ဘုရားသခင်​၏​ဝိညာဉ်တော်​ထံမှ အမှန်တရား​ကို မခံယူနိုင်ပေ။ ထို​အရာတို့​သည် သူ့​အတွက် မိုက်မဲသော​အရာများ​ဖြစ်၏။ ထို​အရာတို့​ကို ဝိညာဉ်တော်​အားဖြင့်​သာ ပိုင်းခြားသိမြင်နိုင်​သောကြောင့် သူ​သည် နားမလည်နိုင်ပေ။


ကျွန်ုပ်​၏​သတင်းစကား​နှင့် ကျွန်ုပ်​၏ ဟောပြောချက်တို့​မှာ အလွန်​ရိုးစင်း၏။ ကျွန်ုပ်​သည် ဖြားယောင်းသော ပညာ​စကားတို့​ဖြင့် မပြောဆိုဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် တန်ခိုးတော်​တို့​၏ သက်သေ​အထောက်အထား​အားဖြင့်​သာ ပြောဆို၏။


ကျွန်ုပ်တို့​သည် သင်တို့​ထံ၌ ဝိညာဉ်ရေးရာ မျိုးစေ့​ကို စိုက်ပျိုးခဲ့သည်​ဖြစ်လျှင် သင်တို့​ထံမှ ခန္ဓာရေးရာ​အစားအသောက်​ကို ရိတ်သိမ်းခြင်း​က လွန်ရာ​ကျသလော။


ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ဖြင့် အချင်းချင်း သီဆို​လျက် စိတ်နှလုံး​အကြွင်းမဲ့ သခင်ဘုရား​အတွက် သီဆိုကြလော့။


ခရစ်တော်​၏ တရားတော်​ကို သင်တို့​အထဲ​၌ ပြည့်ပြည့်ဝဝ​တည်စေကြလော့။ တစ်ဦး​ကို​တစ်ဦး ဉာဏ်ပညာ​အမျိုးမျိုး​ဖြင့် သွန်သင်​၍ သတိပေး​ဆုံးမကြလော့။ ကျေးဇူးတင်သော​စိတ်​နှင့် ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ကို ဘုရားသခင်​ထံ လှိုက်လှိုက်လှဲလှဲ​သီဆိုကြလော့။


သူတို့​စူးစမ်းသော​အရာများ​သည် သူတို့​ကိုယ်တိုင်​အတွက်​မဟုတ်ဘဲ သင်တို့​အတွက်​ဖြစ်ကြောင်း သူတို့​အား ဘုရားသခင်​ဖော်ပြတော်မူ၏။ သင်တို့​အား သတင်းကောင်း​ကို ဟောပြောသော​သူတို့​သည် ကောင်းကင်ဘုံ​မှ စေလွှတ်တော်မူခြင်း​ခံရသည့် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ဖြင့် ဤ​အရာများ​ကို ပြောကြ၏။ ကောင်းကင်တမန်များ​ပင်လျှင် ဤ​အရာများ​ကို သိရှိ​နားလည်​လိုကြ၏။


ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် တန်ခိုး​နှင့် ကြွလာမည့်​အကြောင်း​ကို သင်တို့​အား ပြောပြ​ရာတွင် လိမ္မာပါးနပ်​စွာ ဖန်တီးထားသော​ဒဏ္ဍာရီ​ပုံပြင် များ​ကို ပြောပြခြင်း​မဟုတ်။ ကျွန်ုပ်တို့​သည် ထို​အရှင်​၏ ကြီးမြတ်သော​တန်ခိုးတော်​ကို ကိုယ်တိုင်​ဖူးမြင်ရသူများ​ဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ