Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 1:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် တန်ခိုး​နှင့် ကြွလာမည့်​အကြောင်း​ကို သင်တို့​အား ပြောပြ​ရာတွင် လိမ္မာပါးနပ်​စွာ ဖန်တီးထားသော​ဒဏ္ဍာရီ​ပုံပြင် များ​ကို ပြောပြခြင်း​မဟုတ်။ ကျွန်ုပ်တို့​သည် ထို​အရှင်​၏ ကြီးမြတ်သော​တန်ခိုးတော်​ကို ကိုယ်တိုင်​ဖူးမြင်ရသူများ​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​တန်​ခိုး​တော် နှင့်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​ကို​သင်​တို့ အား​ဖော်​ပြ​ရာ​၌ ငါ​တို့​သည်​ပ​ရိ​ယာယ်​နှင့် တီ​ထွင်​သော​ဒဏ္ဍာ​ရီ​ပုံ​ပြင်​များ​ကို​ပြော​ကြား နေ​ခြင်း​မ​ဟုတ်။ ငါ​တို့​ကား​မိ​မိ​တို့​ကိုယ်​တိုင် ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​ကို​ဖူး​မြင် ရ​ကြ​သူ​များ​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ငါ တို့ အ ရှင် ယေ ရှု ခ ရစ် တန် ခိုး တော် ဆောင် ခြင်း၊ ကြွ လာ တော် မူ ခြင်း အ ကြောင်း ကို သင် တို့ အား ငါ တို့ ဖော် ပြ သည် တွင် ကြံ ဖန် သော ပုံ ဝ တ္ထု များ ကို လိုက် နာ သူ မ ဟုတ် ဘဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ကြွ​လာ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​အား ကြား​ပြော​သော​အ​ခါ၊ ငါ​တို့​သည် ပ​ရိ​ယာယ်​နှင့် ပြင်​ဆင်​သော ဒ​ဏ္ဍာ​ရီ​စ​ကား​ကို မ​လိုက်၊ ဘုန်း​အာ​နု​ဘော်​တော်​ကို ကိုယ်​တိုင်​မြင်​သော​သူ ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အကြောင်းမူကား ငါ​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​တန်ခိုး​တော်​နှင့် ကြွလာ​တော်မူ​ခြင်း​တို့​ကို သင်​တို့​အား​ပြောပြ​သောအခါ ပါးနပ်​စွာ​ဖန်တီး​ထား​သော​ဒဏ္ဍာရီ​များ​ကို အသုံးပြု​သည်​မ​ဟုတ်။ ငါ​တို့​သည် ထို​အရှင်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​ကို ကိုယ်တိုင်​မြင်တွေ့​ရ​သူ​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 1:16
40 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


ငါ​အမှန်​ဆိုရ​လျှင် လူသား​သည် ဘုရင်​အဖြစ် အုပ်စိုး​ရန် ကြွလာသည်​ကို ဤ​နေရာ​၌ ရပ်နေသော​သူတို့​ထဲမှ တချို့​သည် မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


ခြောက်ရက် ကြာ​သော် ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ ယောဟန်​တို့​ကို မြင့်မားသော​တောင် တစ်တောင်​ပေါ်သို့ သီးခြား​ခေါ်ဆောင်သွားတော်မူ၏။


လျှပ်စီး​သည် ကောင်းကင်​အရှေ့ဘက်​မှ လက်​၍ အနောက်ဘက်​တိုင်အောင် ထွန်းလင်း​သကဲ့သို့ လူသား ကြွလာ​သောအခါ​၌လည်း ထိုကဲ့သို့ ဖြစ်​လိမ့်မည်။


ထို့နောက် ယေရှု​သည် သံလွင်တောင်​ပေါ်​၌ ထိုင်တော်မူ​စဉ် တပည့်တော်တို့​သည် အခြားသူများ​မပါဘဲ ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ “ထို​အရာများ​အားလုံး​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်​နှင့် ကမ္ဘာ​ကုန်ဆုံးချိန်​၌ မည်သည့်​နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့​အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။


ထိုအခါ ယေရှု​သည် တပည့်တော်တို့​ထံ ချဉ်းကပ်တော်မူ​၍ “ငါ့​ခမည်းတော်​သည် ကောင်းကင်​နှင့် မြေကြီး​ပေါ်၌ ရှိသမျှသော အခွင့်အာဏာ​အားလုံး​ကို ငါ့​ထံ အပ်နှင်းတော်မူပြီ။


ထိုအခါ လူသား​သည် ကြီးမားသည့်​တန်ခိုးတော်​နှင့် ဘုန်းတော်​တို့​ဖြင့် ကောင်းကင်​မှ မိုးတိမ်​စီး​လျက် ကြွလာသည်​ကို လူတို့​မြင်ကြရ​လိမ့်မည်။


ယေရှု​က “မှန်ပါ၏။ လူသား​သည် တန်ခိုးရှင်​၏​လက်ယာတော်ဘက်​၌ ထိုင်​၍ ကောင်းကင်​မှ မိုးတိမ်​စီး​လျက် ကြွလာသည်​ကို သင်တို့​မြင်ကြရ​လိမ့်မည်” ဟု ပြန်​၍ မိန့်တော်မူ၏။


ထိုသို့ ရေးသားပြုစုရာ​တွင် အကြောင်းအရာ​စတင်​ဖြစ်ပျက်ချိန်​မှစ၍ သိမြင်သည့် မျက်မြင်သက်သေများ​ဖြစ်ပြီး နှုတ်ကပတ်တော်​ကို ဟောပြောသော​အစေခံများ​ထံမှ ရရှိသည့်​သတင်း​အချက်အလက်များ​ကို အသုံးပြုခဲ့ကြ၏။


လူ​အပေါင်း​သည် ဘုရားသခင်​၏​အံ့ဖွယ်​တန်ခိုးတော်​ကို မြင်တွေ့ရ​၍ အံ့သြချီးမွမ်းကြ၏။ လူ​အပေါင်းတို့​သည် ယေရှု​ပြုတော်မူသော အခြင်းအရာ​ခပ်သိမ်း​တို့​ကို အံ့သြ​လျက်​နေကြ​စဉ် ယေရှု​က တပည့်တော်တို့​အား


နှုတ်ကပတ်တော်​သည် လူသား​အဖြစ် ခံယူ​၍ ကျေးဇူးတော်၊ သစ္စာတော်​တို့​နှင့် ပြည့်ဝ​လျက် ကျွန်ုပ်တို့​လူသားများ​အကြား​တွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့​သည်လည်း ထို​အရှင်​၏ ဘုန်းတော်​ကို ဖူးမြင်ကြရ၏။ ထို​ဘုန်းတော်​သည် ခမည်းတော်​၏ တစ်ပါးတည်းသော​သားတော်​အဖြစ် ခံယူရရှိသော​ဘုန်းတော်​ဖြစ်၏။


သားတော်​သည် ကိုယ်တော်​ပေးအပ်တော်မူ​သမျှသော​သူတို့​အား ထာဝရ​အသက်​ကို ပေး​နိုင်ရန် ကိုယ်တော်​သည် သားတော်​အား လူသား​အားလုံး​အပေါ် အုပ်စိုးရသော​အခွင့်အာဏာ​ကို ပေးအပ်ထားတော်မူပြီ။


ထို​သားတော်​မှာ သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုးတော်​ဖြင့် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​သောအခါ ဘုရားသခင်​၏​သားတော်​အဖြစ် သတ်မှတ်​ခံရသော ကျွန်ုပ်တို့​၏​သခင်၊ ယေရှု​ခရစ်တော်​ပင် ဖြစ်တော်မူ၏။


ခရစ်တော်​သည် ကျွန်ုပ်​ကို စေလွှတ်တော်မူသည်​မှာ နှစ်ခြင်းမင်္ဂလာပေး​ရန်အတွက် မဟုတ်ပါ။ သတင်းကောင်း​ကို ဟောပြော​ရန်အတွက်​ဖြစ်၏။ ဟောပြောရာ​တွင်လည်း နှုတ်အတတ်​ပညာ​ဖြင့် ဟောပြော​ရန်​မဟုတ်ပါ။ ဤ​သည်​မှာ ခရစ်တော်​၏ လက်ဝါးကပ်တိုင်​တန်ခိုး​ကို အချည်းနှီး​မဖြစ်​စေရန်​ဖြစ်၏။


သို့ရာတွင် ကျွန်ုပ်တို့​သည် လက်ဝါးကပ်တိုင်​တွင် ခရစ်တော်​အသေခံသည့်​အကြောင်း​ကို ဟောပြောကြ၏။ ထို​အကြောင်းအရာ​သည် ဂျူးလူမျိုးတို့​အတွက် ဆူးငြောင့်ခလုတ်​ဖြစ်​ပြီး လူမျိုးခြားတို့​အတွက် အဓိပ္ပာယ်​မဲ့သော​အရာ ဖြစ်၏။


သင်တို့​သည် ဝိညာဉ်​ဆုကျေးဇူး​တိုင်း​ကို ရရှိထား​ပြီး ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာမည်​ကို စိတ်အားထက်သန်​စွာ စောင့်မျှော်နေကြ၏။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံ ရောက်လာ​စဉ်​က ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အကြံအစည်​ကို ထူးမြတ်သော​စကားလုံးများ၊ သာလွန်သော​ပညာများ​ဖြင့် ဟောပြောခဲ့သည်​မဟုတ်။


ကျွန်ုပ်​၏​သတင်းစကား​နှင့် ကျွန်ုပ်​၏ ဟောပြောချက်တို့​မှာ အလွန်​ရိုးစင်း၏။ ကျွန်ုပ်​သည် ဖြားယောင်းသော ပညာ​စကားတို့​ဖြင့် မပြောဆိုဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် တန်ခိုးတော်​တို့​၏ သက်သေ​အထောက်အထား​အားဖြင့်​သာ ပြောဆို၏။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


ကျွန်ုပ်တို့​သည် ဆိတ်ကွယ်ရာ​၌ ပြုသော ရှက်ရွံ့ဖွယ်​အမှုတို့​ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်​ကို မသုံးကြ။ ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကိုလည်း မှောက်လှန်​၍ မဟောပြောကြ။ ဘုရားသခင်​ရှေ့တော်​၌ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သူတို့​စိတ်​ထဲက သိနိုင်​ရန် အမှန်တရား​ကိုသာ အတိအလင်း​ဖော်ပြကြ၏။


ထိုအခါ ကျွန်ုပ်တို့​သည် မရင့်ကျက်သေးသော ကလေးသူငယ်များ​ကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေ​သည် လှိုင်းလေတို့​၌ လွန့်လူးနေ​သကဲ့သို့ ကျွန်ုပ်တို့​သည် ပရိယာယ်​ဖြင့် လမ်းလွဲ​စေရန် လှည့်ဖြားတတ်သော သူတို့​၏ အမျိုးမျိုးသော သွန်သင်မှု​နောက်သို့ ပါသွားမည် မဟုတ်ပေ။


ကိုယ်တော်​သည် အရာ​အားလုံး​ကို မိမိ​အာဏာစက်​အောက်​၌ ထားနိုင်စွမ်း​ရှိသော​တန်ခိုး​အားဖြင့် ကျွန်ုပ်တို့​၏ လူ့​ကိုယ်ခန္ဓာ​ကို မိမိ​၏ ဘုန်းအသရေ​နှင့် ပြည့်ဝသော ကိုယ်ခန္ဓာ​နှင့် တူ​စေရန် ပြောင်းလဲတော်မူ​လိမ့်မည်။


သခင်​ယေရှု ပြန်ကြွလာသည့်​အချိန်​တွင် ကိုယ်တော်​ရှေ့​၌ ကျွန်ုပ်တို့​၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ​ဆုသရဖူ​သည် မည်သည့်​အရာ ဖြစ်မည်နည်း။ သင်တို့​ပင် ဖြစ်သည်​မဟုတ်လော။


ထို​တရားမဲ့သူ​သည် စာတန်​ထံက တန်ခိုး​ကို ရ​၍ စာတန်​၏ အလုပ်​ကို လုပ်ဆောင်​ရန် ရောက်လာ​သောအခါ အတုအယောင်​တန်ခိုး၊ အံ့ဖွယ်​ဖြစ်ရပ်​နှင့် နိမိတ်​လက္ခဏာများ​ကို ပြလိမ့်မည်။


ဒဏ္ဍာရီများ၊ မဆုံးနိုင်သော​ဆွေစဉ်မျိုးဆက်​စာရင်းများ​ကို ဆွေးနွေးရာ​တွင် အချိန်​မပေးကြ​ရန် ညွှန်ကြားလော့။ ထို​အရာများ​သည် အငြင်းအခုံများ​ကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်း​ဖြင့် လုပ်ဆောင်သော ဘုရားသခင်​၏ အမှုတော်​ကို အထောက်အကူ​မဖြစ်စေပါ။


သင်​သည် ဘုရားတရား​မဲ့သော၊ ယုတ္တိ​မရှိသော​ဒဏ္ဍာရီများ​ကို ရှောင်ကြဉ်​၍ ဘုရားတရား​ကိုင်းရှိုင်း​ရန် မိမိ​ကိုယ်ကိုယ် လေ့ကျင့်လော့။


သမ္မာတရား​ကို ဆန့်ကျင်သူတို့​၏ ပညတ်ချက်များ​နှင့် ဂျူး​လူမျိုးတို့​၏ ဒဏ္ဍာရီများ​ကို သူတို့​သည် ဂရုမစိုက်ဘဲ နေရမည်။


ထို​သူတို့​သည် မိမိတို့​၏ လောဘစိတ်​နှင့် လုပ်ကြံ​ဇာတ်လမ်းများ​ဖြင့် သင်တို့​အပေါ် အမြတ်ထုတ်ကြ​လိမ့်မည်။ ဘုရားသခင်​သည် ထို​သူတို့ ခံရမည့်​ပြစ်ဒဏ်​ကို ယခင်​ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့​၏ ပျက်စီးခြင်း​ကိုလည်း နှောင့်နှေး​စေတော်မူမည် မဟုတ်။


ခမည်းတော်​သည် သားတော်​ကို ဤ​လောက​၏​ကယ်တင်ရှင်​ဖြစ်​ရန် စေလွှတ်တော်မူခဲ့သည်​ကို ကျွန်ုပ်တို့​မြင်​၍ သက်သေခံကြ၏။


အာဒံ​မှ ဆင်းသက်​၍ ခုနစ်ဆက်​မြောက်သော​မျိုးဆက် ဧနောက်​သည် သူတို့​နှင့်​ပတ်သက်၍ “နားထောင်လော့။ ထာဝရဘုရား​သည် မိမိ​၏ မြောက်မြားစွာသော​ကောင်းကင်တမန်များ​နှင့်အတူ ကြွလာ​၍


ကြည့်ရှုလော့။ ကိုယ်တော်​သည် မိုးတိမ်များ​ဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်​ကို လှံ​နှင့် ထိုးဖောက်ခဲ့သူများ​အပါအဝင် လူတိုင်း​က မြင်ကြရ​လိမ့်မည်။ ကမ္ဘာလောက​ရှိ လူမျိုး​အပေါင်းတို့​သည် ကိုယ်တော်​ကြောင့် ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ ထို​အရာ​သည် အမှန်​ပင်​ဖြစ်၏။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ