ငါ့ကိုယ်ငါလည်း “အို မိတ်ဆွေ… သင့်ထံ၌ နှစ်ပေါင်းများစွာဇိမ်ခံရန် ပစ္စည်းဥစ္စာများ အလျှံပယ်ရှိပြီဖြစ်၍ အပန်းဖြေလျက် စားသောက်လျက် ပျော်မြူးပါလော့” ဟူ၍ပြောမည်’ ဟု ဆိုလေ၏။
၁ ကော 15:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတိရစ္ဆာန်များနှင့် တိုက်ခိုက်ခဲ့မည်ဆိုလျှင် ကျွန်ုပ်အတွက် မည်သည့်အကျိုး ရှိမည်နည်း။ သေလွန်သောသူတို့ မထမြောက်လျှင် “ကျွန်ုပ်တို့သည် မနက်ဖြန် သေကြမည်ဖြစ်၍ စားသောက်လျက် နေကြစို့” ဟူ၍ ဆိုထားသည့်အတိုင်း ပြုကြစို့။ Common Language Bible အကယ်၍ငါသည်ဧဖက်မြို့တွင် ``သားရဲ တိရစ္ဆာန်'' တို့နှင့်တိုက်ခိုက်ခဲ့ပါမူလူအမြင် ဖြင့်ငါ့အဖို့အဘယ်အကျိုးရှိမည်နည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းမရှိ ပါက ``နက်ဖြန်သေကြမည်ဖြစ်၍ငါတို့ သည်စားကြ၊ သောက်ကြ၊ ပျော်ပါးကြကုန် အံ့'' ဟုဆိုသည့်အတိုင်းပြုကြစို့။ Garrad Bible ဧ ဖက် မြို့ တွင် လူ တို့ ဘာ ဝ သား ရဲ များ နှင့် ငါ တိုက် လှန် ခဲ့ သော် လည်း မည် သည့် အ ကျိုး နည်း။ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ က နက် ဖြန် သေ ရ မည် ဖြစ်၍ စား သောက် လျက် နေ ကြ ကုန် အံ့။ Judson Bible သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက်က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ်အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတို့နှင့်တိုက်ခိုက်ခဲ့သည်ဆိုလျှင် ငါ့အတွက် မည်သည့်အကျိုးရှိမည်နည်း။ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ငါတို့သည် မနက်ဖြန်သေကြရမည်ဖြစ်၍ စားလျက်သောက်လျက်နေကြကုန်စို့။ |
ငါ့ကိုယ်ငါလည်း “အို မိတ်ဆွေ… သင့်ထံ၌ နှစ်ပေါင်းများစွာဇိမ်ခံရန် ပစ္စည်းဥစ္စာများ အလျှံပယ်ရှိပြီဖြစ်၍ အပန်းဖြေလျက် စားသောက်လျက် ပျော်မြူးပါလော့” ဟူ၍ပြောမည်’ ဟု ဆိုလေ၏။
လူသည် ကမ္ဘာလောကတစ်ခုလုံးကို ပိုင်ဆိုင်ရသော်လည်း မိမိအသက်ကို ဆုံးရှုံးလျှင် မည်သည့်အကျိုး ရှိမည်နည်း။
ဧဖက်မြို့သို့ ရောက်သောအခါ ဂျူးဝတ်ပြုဆောင်သို့ သွား၍ ဂျူးတို့နှင့် တရားဆွေးနွေးလေ၏။
“ဘုရားသခင်၏အလိုတော်ရှိလျှင် သင်တို့ဆီသို့ ပြန်လာမည်” ဟု ဆို၏။ ထို့နောက် သူတို့အား နှုတ်ဆက်ပြီးလျှင် ပြစ်ကိလနှင့် အာကုလတို့ကို ဧဖက်မြို့၌ ထားခဲ့၍ ရွက်လွှင့်လေ၏။
အာပေါလုသည် ကောရိန္သုမြို့၌ ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းမြို့များကို ဖြတ်၍ ဧဖက်မြို့သို့ ရောက်လာ၏။ ထိုမြို့၌ တပည့်တော်တချို့ကို တွေ့လျှင်
သို့သော်လည်း ကျွန်ုပ်တို့၏ မတရားမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပေါ်လွင်ထင်ရှားစေလျှင် မည်သို့ဆိုမည်နည်း။ ကျွန်ုပ်တို့အပေါ် အမျက်တော်ကျရောက်စေတော်မူသော ဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။ ဤအရာကို လူသားတစ်ယောက်အနေဖြင့် ကျွန်ုပ်ပြောဆိုခြင်းဖြစ်၏။
သင်တို့၏ လူ့သဘာဝအားနည်းချက်ကြောင့် ဤအကြောင်းအရာကို သင်တို့နားလည်စေရန် ကျွန်ခံခြင်းဥပမာကို ကျွန်ုပ်အသုံးပြုရခြင်းဖြစ်၏။ ယခင်က သင်တို့သည် စက်ဆုပ်ညစ်ညမ်းခြင်းနှင့် တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် မိမိတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆက်သ၍ ပိုမိုကြီးလေးသောအပြစ်ကို ကျူးလွန်ကြ၏။ ယခုတွင်မူ သင်တို့သည် သန့်ရှင်းသောသူများဖြစ်လာကြစေရန် ဖြောင့်မတ်ခြင်းတရား၏ကျွန်အဖြစ် အပ်နှံကြလော့။
ညီအစ်ကိုမောင်နှမတို့… နေ့စဉ်ဘဝထဲမှ ဥပမာတစ်ခုကို ကျွန်ုပ်ပေးမည်။ လူတို့ချုပ်ဆိုသော စာချုပ်ပင်လျှင် အတည်ပြုပြီးသောအခါ မည်သူကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်း မပြုရတော့ပေ။
သူတို့သည် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရန်အတွက် ပေါက်ဖွားလာပြီး ပင်ကိုဗီဇအရ ဆင်ခြင်တုံတရားမဲ့သော တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြ၍ မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များကဲ့သို့ပင် ပျက်စီးကြလိမ့်မည်။
သို့သော် ဤသူတို့သည် မိမိတို့နားမလည်သည့်အရာမှန်သမျှကို စော်ကားပြောဆိုကြပြီး ဆင်ခြင်တုံတရားမဲ့သော တိရစ္ဆာန်များနည်းတူ ပင်ကိုဗီဇအရ မိမိတို့နားလည်သည့်အတိုင်း ပြုသဖြင့် ပျက်စီးဆုံးရှုံးတတ်ကြ၏။