Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​၌ သင်တို့​အတွက် ကျွန်ုပ်​ဂုဏ်ယူ​ဝမ်းမြောက်သည်​ကို တိုင်တည်​၍ “ကျွန်ုပ်​သည် နေ့စဉ်​နေ့တိုင်း သေရ၏” ဟု ကျွန်ုပ်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ညီ​အစ်​ကို​တို့၊ ငါ​သည်​သေ​ဘေး​နှင့်​နေ့​တိုင်း​ရင် ဆိုင်​ရ​၏။ ငါ​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ ကြွား​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ငါ​တို့​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ဖြင့်​လည်း​ကောင်း​ဤ သို့​ပြော​ဆို​ရ​ခြင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ညီ အစ် ကို တို့၊ ငါ သည် နေ့ တိုင်း သေ ဒဏ် ခံ လျက် နေ သည် ဟု ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ တွက် ကြောင့် ဂုဏ် ရောက် ခွင့် ကို တိုင် တည် လျက် ငါ ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ငါ​သည် နေ့​တိုင်း​အ​သေ​ခံ​ရ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၌ သင်​တို့​အ​ကြောင်း​ကြောင့် ငါ​ဝါ​ကြွား ဝမ်း​မြောက်​ခြင်း​ကို တိုင်​တည်၍ ငါ​ဆို​ဝံ့၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ညီအစ်ကို​တို့၊ ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၌ သင်​တို့​ကြောင့် ငါ​ရရှိ​သော​ဝါကြွား​ဝမ်းမြောက်​ခြင်း​ကို​တိုင်တည်​၍ “ငါ​သည် နေ့တိုင်း​သေ​နေ​ရ​၏”​ဟု ငါ​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:31
14 ပူးပေါင်းရင်းမြစ်များ  

သို့သော် ကျွန်ုပ်​သည် အကျဉ်းချ​ခံရ​၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရမည်​ဖြစ်ကြောင်း သန့်ရှင်းသော​ဝိညာဉ်တော်​သည် မြို့တိုင်း​တွင် သက်သေခံ​ဖော်ပြတော်မူ၏။


ကျမ်းစာ​၌ “ကျွန်ုပ်တို့​သည် အရှင့်​အတွက် တစ်နေ့လုံး​သေဘေး​နှင့် ရင်ဆိုင်ကြရ၏။ သူတစ်ပါးတို့​သည် အကျွန်ုပ်တို့​ကို သတ်​ရန် လျာထားသည့် သိုးများ​ကဲ့သို့ သတ်မှတ်ကြ၏” ဟု ဖော်ပြထား၏။


ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။


သူတို့​သည် ခရစ်တော်​၏ အစေခံများ​ဖြစ်ကြသလော။ ကျွန်ုပ်​သည် ပို၍​ပင် ဖြစ်သည်​ဟူ၍ အရူး​ကဲ့သို့ ပြောလို၏။ ကျွန်ုပ်​သည် ပို၍​အလုပ်​ကြိုးစားခဲ့၏။ ခရစ်တော်​အကြောင်း ဟောပြော​သောကြောင့် အကြိမ်ပေါင်း​များစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်း​များစွာ ကြိမ်ဒဏ်​ခံခဲ့ရ၏။ မကြာခဏ သေဘေး​နှင့် ရင်ဆိုင်ခဲ့ရ၏။


သို့သော် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သုံ့ပန်းများ​အဖြစ် သတ်မှတ်​ပြီး ခရစ်တော်​၏​အောင်ပွဲခံ​အခမ်းအနား လှည့်လည်ရာ​တွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်​ကို သိကျွမ်းခြင်း​၏ မွှေးရနံ့​ကိုလည်း ကျွန်ုပ်တို့​အားဖြင့် အရပ်ရပ်တို့​၌ ပျံ့နှံ့စေတော်မူ၏။


ထို​သူတို့​သည် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူထား​သောကြောင့် မိမိတို့​ကိုယ်ကိုယ် ဘုရားသခင်​၏ လူများ​ဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့​သာလျှင် ဘုရားသခင်​၏ စစ်မှန်သော​လူများ​ဖြစ်ကြ၏။ ကျွန်ုပ်တို့​သည် ဝိညာဉ်တော်​၏ အကူအညီ​ဖြင့် ဘုရားသခင်​ကို ကိုးကွယ်​၍ လူ့​အားထုတ်မှု​အပေါ် အားမကိုးဘဲ ယေရှု​ခရစ်တော် ပြုပေးသော အမှု​အပေါ် အားကိုးကြ၏။


သခင်​ယေရှု ပြန်ကြွလာသည့်​အချိန်​တွင် ကိုယ်တော်​ရှေ့​၌ ကျွန်ုပ်တို့​၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ​ဆုသရဖူ​သည် မည်သည့်​အရာ ဖြစ်မည်နည်း။ သင်တို့​ပင် ဖြစ်သည်​မဟုတ်လော။


ဘုရားသခင်​ရှေ့တော်​တွင် သင်တို့​ကြောင့် ကျွန်ုပ်တို့​ဝမ်းမြောက်ရ၏။ သင်တို့​အတွက် ဘုရားသခင်​ကို ကျွန်ုပ်တို့ မည်သို့ ကျေးဇူးဆပ်​နိုင်မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ