ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
၁ ကော 1:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ပညာရှင်သည် အဘယ်မှာနည်း။ ကျမ်းတတ်ဆရာသည် အဘယ်မှာနည်း။ ဤလောက၏ ဝေဖန်ရေးဆရာသည် အဘယ်မှာနည်း။ ဘုရားသခင်သည် လောကီပညာကို မိုက်မဲစေတော်မူပြီမဟုတ်လော။ Common Language Bible သို့ဖြစ်၍ပညာရှိများ၊ အသိပညာရှင်များ၊ ဤလောကတွင်စကားစစ်ထိုးတတ်သူများ ကား အဘယ်အခြေအနေမှာရှိပါသနည်း။ ဘုရားသခင်သည်လောကီဉာဏ်ပညာကို အချည်းနှီးဖြစ်စေတော်မူလေပြီ။ Garrad Bible ယ ခု ခေတ် ဆိုင် ရာ ပ ညာ ရှိ သူ၊ ကျမ်း တတ် သူ၊ စော တ နာ တက် သူ ကား အ ဘယ် မှာ နည်း။ ဘု ရား သ ခင် သည် လော ကီ ပ ညာ ကို မိုက် မဲ စေ တော် မူ ပြီ မ ဟုတ် လော။ Judson Bible ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌ လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ဤလောကရှိ ဝေဖန်ရေးသမားကား အဘယ်မှာရှိသနည်း။ ဘုရားသခင်သည် လောကီဉာဏ်ပညာကို မိုက်မဲစေတော်မူသည်မဟုတ်လော။ |
ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
ယခုအချိန်သည် ဤလောကကို တရားစီရင်သည့်အချိန်ဖြစ်၏။ ဤလောက၏ မင်းဖြစ်သော စာတန်မာရ်နတ်သည် နှင်ထုတ်ခြင်းခံရလိမ့်မည်။
ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်မှစ၍ လူတို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာအားလုံးကို မြင်ကြရပြီ။ ထိုအရာများကို ထောက်ရှု၍ မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်ခြင်း သဘောသဘာဝကို ရှင်းလင်းစွာ နားလည်နိုင်ကြ၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်အကြောင်းကို မသိဟု ဆင်ခြေပေးစရာ မရှိပေ။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှင်တို့၏ ဉာဏ်ပညာကို ဖျက်ဆီးမည်။ ထက်မြက်သောသူတို့၏ ဉာဏ်စွမ်းကိုလည်း ဖယ်ရှားမည်” ဟု ဖော်ပြထားသောကြောင့်ဖြစ်၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ဘုရားသခင်ရွေးချယ်တော်မူစဉ်က ရှိခဲ့သော သင်တို့၏ အခြေအနေကို ပြန်လည်ဆင်ခြင်ကြည့်လော့။ လူတို့အမြင်အရဆိုလျှင် သင်တို့ထဲတွင် ပညာရှင်များစွာ မပါခဲ့ကြ။ ဩဇာကြီးသူများစွာ မပါခဲ့ကြ။ မြင့်မြတ်သူဟူ၍ များစွာ မပါခဲ့ကြ။
သို့သော် ဘုရားသခင်သည် ပညာရှင်တို့ကို အရှက်ရစေရန် လောကတွင် ပညာမဲ့သောသူတို့ကို ရွေးချယ်တော်မူ၏။ ခွန်အားကြီးသောသူတို့ကို အရှက်ရစေရန် အားနည်းသောသူတို့ကို ရွေးချယ်တော်မူ၏။
ထို့ပြင် အရေးပါသည်ဟု သတ်မှတ်ကြသောအရာများကို အရေးမပါဟု သတ်မှတ်ရန် လောက၌ နိမ့်ကျသောအရာများနှင့် မထီမဲ့မြင်ပြုခြင်းခံရသောအရာများကို ဘုရားသခင်ရွေးချယ်တော်မူ၏။
ကျွန်ုပ်တို့ကို သခင်ဘုရား တရားစီရင်တော်မူခြင်းမှာလည်း ကျွန်ုပ်တို့အား ဤလောကီသားတို့နှင့်အတူ ပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်၏။
သို့သော်လည်း ကျွန်ုပ်တို့သည် ရင့်ကျက်သောသူများအကြားတွင်မူ ပညာစကားကို ပြောဆိုကြ၏။ ထိုပညာစကားသည် လောကီပညာစကားမဟုတ်။ ပျက်စီးပျောက်ကွယ်မည့် လောကီအစိုးရမင်းတို့၏ ပညာစကားလည်းမဟုတ်။
လောကီအစိုးရမင်းတို့သည် ထိုပညာကို နားမလည်ကြ။ နားလည်ကြလျှင် ဘုန်းကြီးတော်မူသော သခင်ကို လက်ဝါးကပ်တိုင်တွင် သတ်ကြမည်မဟုတ်ပေ။
မိမိကိုယ်မိမိ မလှည့်ဖြားကြနှင့်။ သင်တို့ထဲမှ တစ်စုံတစ်ယောက်က လောကီစံနှုန်းများအရ မိမိကိုယ်ကိုယ် ပညာရှိသည်ဟု ထင်မှတ်လျှင် ထိုသူသည် ပညာရှင် ဖြစ်လာရန်အတွက် မိုက်မဲသောသူဖြစ်သင့်၏။
အဘယ်ကြောင့်ဆိုသော် ဤလောကီပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာ ဖြစ်သောကြောင့်ပင်။ ကျမ်းစာ၌ “ဘုရားသခင်သည် ပညာရှင်တို့ကို သူတို့သုံးသောပရိယာယ်အားဖြင့် ထောင်ချောက်ဆင်၍ဖမ်းတော်မူ၏” ဟု ဖော်ပြထား၏။
ယုံကြည်သူတို့သည် တစ်နေ့တစ်ချိန်တွင် ဤလောကကို စီရင်ရမည်ဖြစ်ကြောင်း သင်တို့မသိကြသလော။ ဤလောကကို စီရင်ရမည့် သင်တို့သည် သေးငယ်သောအမှုကိစ္စများကို ကိုယ်တိုင်စီရင်နိုင်စွမ်းမရှိသလော။
သစ္စာမရှိသောသူတို့… လောကနှင့်မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောကနှင့် မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။