၁ ကော 1:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း27 သို့သော် ဘုရားသခင်သည် ပညာရှင်တို့ကို အရှက်ရစေရန် လောကတွင် ပညာမဲ့သောသူတို့ကို ရွေးချယ်တော်မူ၏။ ခွန်အားကြီးသောသူတို့ကို အရှက်ရစေရန် အားနည်းသောသူတို့ကို ရွေးချယ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 သို့ရာတွင်ဘုရားသခင်သည်ပညာရှိတို့ အရှက်ရစေရန် လောကတွင်မိုက်မဲမှုဟု ယူဆရသည့်အရာများကိုရွေးချယ်တော် မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible27-29 ရှေ့ တော် တွင် လူ သ တ္တ ဝါ တစ် ဦး မျှ ကိုယ် ကို ဂုဏ် တင် ခွင့် မ ရ စေ မည့် အ ကြံ တော် နှင့် ဘု ရား သ ခင် သည် ပ ညာ ရှိ တို့ ကို အ ရှက် ခွဲ ရန် ဤ လော က တွင် မိုက် မဲ ရာ များ ကို ရွေး ချယ် ခြင်း၊ အား ကြီး သူ တို့ ကို အ ရှက် ခွဲ ရန် ဤ လော က တွင် အား နည်း ရာ များ ကို ရွေး ချယ် ခြင်း၊ ထွန်း ကား ရာ များ ကို အ ကျိုး မဲ့ စေ ရန် ဤ လော က တွင် မ ရှိ သ ဘွယ် ညံ့ သော အ ရာ၊ မ ရေ ရ သော အ ရာ များ ကို ရွေး ချယ် ခြင်း ပြု တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 သို့သော် ဘုရားသခင်သည် ပညာရှိတို့ကိုအရှက်ရစေရန် လောကရှိ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ ခွန်အားကြီးသောသူတို့ကိုအရှက်ရစေရန် လောကရှိ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။