၁ ကော 1:20 - မြန်မာ့စံမီသမ္မာကျမ်း20 ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ဤလောကရှိ ဝေဖန်ရေးသမားကား အဘယ်မှာရှိသနည်း။ ဘုရားသခင်သည် လောကီဉာဏ်ပညာကို မိုက်မဲစေတော်မူသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။Common Language Bible20 သို့ဖြစ်၍ပညာရှိများ၊ အသိပညာရှင်များ၊ ဤလောကတွင်စကားစစ်ထိုးတတ်သူများ ကား အဘယ်အခြေအနေမှာရှိပါသနည်း။ ဘုရားသခင်သည်လောကီဉာဏ်ပညာကို အချည်းနှီးဖြစ်စေတော်မူလေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible20 ယ ခု ခေတ် ဆိုင် ရာ ပ ညာ ရှိ သူ၊ ကျမ်း တတ် သူ၊ စော တ နာ တက် သူ ကား အ ဘယ် မှာ နည်း။ ဘု ရား သ ခင် သည် လော ကီ ပ ညာ ကို မိုက် မဲ စေ တော် မူ ပြီ မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible20 ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌ လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 ထို့ကြောင့် ပညာရှင်သည် အဘယ်မှာနည်း။ ကျမ်းတတ်ဆရာသည် အဘယ်မှာနည်း။ ဤလောက၏ ဝေဖန်ရေးဆရာသည် အဘယ်မှာနည်း။ ဘုရားသခင်သည် လောကီပညာကို မိုက်မဲစေတော်မူပြီမဟုတ်လော။ အခန်းကိုကြည့်ပါ။ |
ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။