Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 1:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ထို့ပြင် အရေးပါသည်​ဟု သတ်မှတ်ကြသော​အရာများ​ကို အရေးမပါ​ဟု သတ်မှတ်​ရန် လောက​၌ နိမ့်ကျသော​အရာများ​နှင့် မထီမဲ့မြင်ပြုခြင်း​ခံရသော​အရာများ​ကို ဘုရားသခင်​ရွေးချယ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 လော​က​တွင်​အ​ရေး​ပါ​အ​ရာ​ရောက်​သည်​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ဖျက်​ဆီး​ရန် အ​ထင် သေး​အ​မြင်​သေး​ခံ​ရ​သည့်​အ​ရာ၊ မ​ထီ​မဲ့​မြင် ပြု​ခြင်း​ခံ​ရ​သည့်​အ​ရာ၊ မ​ရေ​ရာ​သည့်​အ​ရာ တို့​ကို​ရွေး​ချယ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 မြတ်​သော​သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ လော​ကီ​အ​ရာ၌ ဆင်း​ရဲ​သော​သူ၊ မ​ရေ​ရာ​သော​သူ၊ ယုတ်​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ထို့ပြင် အရေးပါ​သော​သူ​တို့​ကို​ပယ်ဖျက်​ရန် အရေး​မ​ပါ​သော​သူ​များ​ဖြစ်​ကြ​သည့် လောက​ရှိ အဆင့်အတန်း​နိမ့်​သော​သူ​များ​နှင့် မထီမဲ့မြင်​ပြု​ခြင်း​ခံရ​သော​သူ​များ​ကို ဘုရားသခင်​ရွေးကောက်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 1:28
19 ပူးပေါင်းရင်းမြစ်များ  

ဖခင်ကြီး​ဖြစ်သည့်​အရာ​မှာ ကျမ်းစာ​၌ ဘုရားသခင်​သည် အာဗြဟံ​အား “ငါ​သည် သင့်​ကို လူမျိုး​များစွာတို့​၏ ဖခင်ကြီး​ဖြစ်စေပြီ” ဟု မိန့်တော်မူသည့်​အတိုင်း​ဖြစ်၏။ ထိုသို့ ဖခင်ကြီး​ဖြစ်ရခြင်း​မှာ အာဗြဟံ​သည် သေလွန်သော​သူတို့​ကို ပြန်ရှင်စေတော်မူသော​အရှင်၊ မဖြစ်ဖူးသေးသည့်​အရာများ​ကို ဖြစ်ပေါ်စေတော်မူသော​အရှင် ဘုရားသခင်​ကို ယုံကြည်​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် ပညာရှင်​သည် အဘယ်မှာနည်း။ ကျမ်းတတ်ဆရာ​သည် အဘယ်မှာနည်း။ ဤ​လောက​၏ ဝေဖန်ရေး​ဆရာ​သည် အဘယ်မှာနည်း။ ဘုရားသခင်​သည် လောကီ​ပညာ​ကို မိုက်မဲစေတော်မူပြီ​မဟုတ်လော။


သို့သော်လည်း ကျွန်ုပ်တို့​သည် ရင့်ကျက်သောသူများ​အကြား​တွင်မူ ပညာ​စကား​ကို ပြောဆိုကြ၏။ ထို​ပညာ​စကား​သည် လောကီ​ပညာ​စကား​မဟုတ်။ ပျက်စီး​ပျောက်ကွယ်မည့် လောကီ​အစိုးရမင်းတို့​၏ ပညာ​စကား​လည်း​မဟုတ်။


သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။


ထို့နောက် တရားမဲ့သူ​သည် ပေါ်လာ​လိမ့်မည်။ သို့သော် သခင်​ယေရှု​ကြွလာတော်မူ​သောအခါ ထို​တရားမဲ့သူ​ကို နှုတ်တော်ထွက်​လေ​ဖြင့် ဖျက်ဆီး​၍ ဘုန်းရောင်ခြည်​ဖြင့် ပယ်ရှားတော်မူ​လိမ့်မည်။


ထို​သားသမီးတို့​သည် အသွေးအသား​ရှိ​သဖြင့် ကိုယ်တော်​သည် အသွေးအသား​ကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်​အသေခံ​၍ သေခြင်း​ကို အစိုးရသော မာရ်နတ်​၏​တန်ခိုး​ကို ဖျက်ဆီး​ကာ


ဤမျှလောက် ကြွယ်ဝသော သင်​၏ စည်းစိမ်တို့​သည် တစ်ခဏချင်း​၌ ပျက်စီးလေပြီ” ဟူ​၍ ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ ကုန်​သင်္ဘော​မှ ရေယာဉ်မှူးများ၊ ခရီးသည်များ၊ သင်္ဘောသားများ​နှင့် ပင်လယ်​ကုန်သည်​အပေါင်းတို့​သည် အဝေး​တွင်​ရပ်​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ