Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 1:29 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 ထို့ကြောင့် ဘုရားသခင်​ရှေ့တော်​၌ မည်သူ​မျှ ကြွားဝါစရာ​အကြောင်း​မရှိပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ဘယ် သူ​မျှ​ဝါ​ကြွား​စ​ရာ​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ထို​ကြောင့်၊ ဘု​ရား​သ​ခင်​ရှေ့၌ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ထို့ကြောင့် ဘုရားသခင်​ရှေ့​တော်​၌ မည်သူမျှ ဝါကြွား​စရာ​အကြောင်း​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 1:29
11 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​လျက် ဘုရားသခင်​၏​အမှုတော်​ကို ဆောင်ရွက်ရသည့်​အတွက် ဂုဏ်ယူစရာ​ရှိ၏။


ပညတ်တရား​၌ ပါ​သမျှသော​ပြဋ္ဌာန်းချက်များ​သည် ထို​ပညတ်တရား​ကို ခံယူရရှိသော​သူတို့​အတွက်​ဖြစ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ ပညတ်တရား​၏ ရည်ရွယ်ချက်​မှာ လူတို့​ကို မိမိတို့​၏​အပြစ်​အတွက်​ဆင်ခြေ​မပေး​ရန်​နှင့် လောကီသား​အားလုံး​သည် ဘုရားသခင်​ရှေ့တော်​၌ အပြစ်​ရှိကြောင်း ဖော်ပြ​ရန်​ဖြစ်၏။


သို့ဖြစ်လျှင် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​အတွက် ကြွားဝါစရာ​ရှိသလော။ မရှိပါ။ ထို​ကြွားဝါစရာ​သည် ဖယ်ရှားခံရပြီ။ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​မှာ ပညတ်တရား​ကို လိုက်နာ​ကျင့်သုံး​သောကြောင့်​မဟုတ်ဘဲ ယေရှု​ခရစ်တော်​ကို ယုံကြည်​သောကြောင့်​သာ ဖြစ်၏။


အကယ်၍ အာဗြဟံ​သည် သူ​၏​အကျင့်သီလ​ကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​လျှင် သူ​၌ ဂုဏ်ယူ​ဝင့်ကြွားစရာ​ရှိ၏။ သို့ရာတွင် ဘုရားသခင်​ရှေ့တော်​၌ ထိုသို့​ဂုဏ်ယူ​ဝင့်ကြွားစရာ​မရှိ။


ထို့ကြောင့် ကျမ်းစာ​၌ “ကြွားဝါသောသူ​သည် ထာဝရဘုရား​ပြုတော်မူသော အရာ​အတွက်​သာ ကြွားဝါစေ” ဟု ဖော်ပြထားခြင်း​ဖြစ်၏။


မည်သူ​သည် သင့်​ကို အခြားသူ​ထက် ထူးခြား​စေသနည်း။ ဘုရားသခင် ပေးတော်မမူ​လျှင် သင်​၌ မည်သည့်​အရာ​ရှိမည်နည်း။ သင်​၌ ရှိသော​အရာ​မှန်သမျှ​သည် ဘုရားသခင်​ထံတော်​မှ ဖြစ်​ပါလျက်နှင့် ဘုရားသခင်​ထံတော်​မှ ရရှိသည့်​အရာ​မဟုတ်​သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။


သင်တို့​၏ ကြွားဝါခြင်း​သည် ကောင်းသော​အရာ မဟုတ်ပေ။ အပြစ်​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းကြွစေသော တဆေး​ကဲ့သို့​ဖြစ်သည်​ကို သင်တို့​မသိသလော။


မိမိ ပြုသော ကုသိုလ်​ကြောင့် ကယ်တင်ခံရခြင်း မဟုတ်။ သို့ဖြစ်၍ မည်သူမျှ ကြွားဝါစရာ​အကြောင်း မရှိပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ