Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 6:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ယုံကြည်သူတို့​သည် တစ်နေ့​တစ်ချိန်​တွင် ဤ​လောက​ကို စီရင်ရမည်​ဖြစ်ကြောင်း သင်တို့​မသိကြသလော။ ဤ​လောက​ကို စီရင်ရမည့် သင်တို့​သည် သေးငယ်သော​အမှုကိစ္စများ​ကို ကိုယ်တိုင်​စီရင်နိုင်စွမ်း​မရှိသလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ကမ္ဘာ​လော​က ကို​တ​ရား​စီ​ရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့ မ​သိ​ကြ​ပါ​သ​လော။ ကမ္ဘာ​လော​က​ကို​တ​ရား စီ​ရင်​ရ​မည့်​သင်​တို့​သည် အ​မှု​ကိစ္စ​အ​သေး အ​ဖွဲ​က​လေး​များ​ကို​မ​စီ​ရင်​မ​ဆုံး​ဖြတ် နိုင်​ပါ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ၎င်း ပြင် တ ပည့် တော် တို့ သည် ဤ လော က ကို တ ရား စီ ရင် ရ မည့် အ ကြောင်း မ သိ ကြ လော။ သင် တို့ သည် ဤ လော က ကို တ ရား စီ ရင် သည် မှန် လျင် အ မှု အ သေး အ ဖွဲ ကို မျှ စီ ရင် ရန် မ ထိုက် တန် ကြ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 သန့်​ရှင်း​သူ​တို့​သည် လော​ကီ​နိုင်​ငံ​ကို တ​ရား​စီ​ရင်​မည်​ဟု မ​သိ​ကြ​သ​လော။ သင်​တို့​သည် လော​ကီ​နိုင်​ငံ​ကို စီ​ရင်​ရ​သည်​မှန်​လျှင်၊ အ​ငယ်​ဆုံး​သော အ​မှု​များ​ကို မ​စီ​ရင်​ထိုက်​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 သန့်ရှင်း​သူ​တို့​သည် ဤ​လောက​ကို​စီရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ သင်​တို့​သည် ဤ​လောက​ကို​စီရင်​ရ​သည်​ဆိုလျှင် အငယ်ဆုံး​သော​အမှု​များ​ကို​ပင် စီရင်​နိုင်စွမ်း​မ​ရှိ​ကြ​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 6:2
18 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ အရာ​အားလုံး​ကို အသစ်ပြုပြင်သော​အချိန်​တွင် လူသား​သည် မိမိ​၏ ဘုန်းတော်​နှင့်​ပြည့်စုံသော ရာဇ​ပလ္လင်​ပေါ်တွင် ထိုင်​လိမ့်မည်။ ထိုအခါ ငါ့​နောက်သို့ လိုက်ကြသော​သင်တို့​သည် ရာဇပလ္လင်​ဆယ့်နှစ်ခု​ပေါ်တွင် ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု ဆယ့်နှစ်စု​ကို တရားစီရင်ကြ​လိမ့်မည်။


သို့ဖြစ်၍ သင်တို့​သည် ငါ့​နိုင်ငံတော်၊ ငါ့​စားပွဲ​တွင် စားသောက်ခွင့်​ရ​လိမ့်မည်။ ထို့ပြင် ရာဇပလ္လင်များ​ပေါ်တွင်​ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု ဆယ့်နှစ်စု​ကို တရားစီရင်ကြ​လိမ့်မည်။


သင်တို့​သည် တစ်စုံတစ်ဦး​အား နာခံ​ရန် မိမိကိုယ်မိမိ ဆက်သ​လျှင် ထို​သူ​၏ ကျွန်​ဖြစ်လာသည်​ကို မသိသလော။ သို့ဖြစ်၍ သင်တို့​သည် သင်တို့​ကို သေစေမည့်​အပြစ်တရား​၏​ကျွန်​လည်း ဖြစ်နိုင်​သကဲ့သို့ ဖြောင့်မတ်​စွာ နေထိုင်စေမည့်​နာခံခြင်း​၏​ကျွန်​လည်း ဖြစ်နိုင်၏။


ထို့ကြောင့် ပညာရှင်​သည် အဘယ်မှာနည်း။ ကျမ်းတတ်ဆရာ​သည် အဘယ်မှာနည်း။ ဤ​လောက​၏ ဝေဖန်ရေး​ဆရာ​သည် အဘယ်မှာနည်း။ ဘုရားသခင်​သည် လောကီ​ပညာ​ကို မိုက်မဲစေတော်မူပြီ​မဟုတ်လော။


လူ​၏ ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို မသိနိုင်​စေရန် ဘုရားသခင်​သည် ဉာဏ်တော်​ဖြင့် စီမံ​ခန့်ခွဲ​ထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသော​တရား​ဟု လူတို့​ယူဆသည့် ကျွန်ုပ်တို့​ဟောသော​တရား​အားဖြင့် ဘုရားသခင်​သည် ယုံကြည်သော​သူတို့​ကို ကယ်တင်​ရန် အလိုရှိတော်မူ၏။


ထိုသို့သော အမှုကိစ္စများ​နှင့် ပတ်သက်၍ သင်တို့​၌ အငြင်းပွားမှု​ရှိလျှင် အသင်းတော်​နှင့် မသက်ဆိုင်သော​သူတို့​ကို စီရင်ဆုံးဖြတ်​စေမည်လော။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ယခု​မြင်ရသော​အရာများ​ကို အာရုံ​မစိုက်ဘဲ မမြင်ရသော​အရာများ​ကိုသာ အာရုံစိုက်ကြ၏။ မြင်ရသော​အရာများ​သည် မကြာမီ​ပျောက်ကွယ်သွားမည်​ဖြစ်ပြီး မမြင်ရသော​အရာများ​သည် ထာဝရ​တည်မြဲ​လိမ့်မည်။


ကျွန်ုပ်တို့​၏​သခင် ယေရှု​သည် မိမိ​၏ ကောင်းကင်တမန်များ​နှင့်အတူ ပြန်လည်​ကြွလာတော်မူ​သောအခါ သင်တို့​သည် ကျွန်ုပ်တို့ အဖ​ဘုရားသခင် ရှေ့တော်​၌ အပြစ်ဆိုဖွယ်​မရှိဘဲ သန့်ရှင်းနေ​ရန် သခင်ဘုရား​သည် သင်တို့​၏ စိတ်​ကို ခိုင်ခံ့မြဲမြံ​အောင် ပြုတော်မူပါစေသော။


ထို့နောက် ပလ္လင်များ​နှင့် ၎င်းတို့​ပေါ်တွင် ထိုင်နေသော​သူတို့​ကို ကျွန်ုပ်​မြင်ရ၏။ ထို​သူတို့​သည် တရားစီရင်​ရန် အခွင့်အာဏာ​အပ်နှင်းခံကြရ၏။ သခင်​ယေရှု​အကြောင်း​ကို သက်သေခံ​ပြီး ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကို ဟောပြော​သောကြောင့် ခေါင်းဖြတ်​ခံရသောသူတို့​၏ ဝိညာဉ်များ​ကိုလည်း ကျွန်ုပ်​မြင်ရ၏။ သူတို့​သည် သားရဲ​နှင့် ထို​သားရဲ​၏​ရုပ်တု​ကို မကိုးကွယ်ကြ။ သူတို့​၏​နဖူး​နှင့် လက်များ​တွင် သားရဲ​၏​အမှတ်တံဆိပ်​ကို မခံယူကြ။ သူတို့​သည် အသက်​ပြန်ရှင်​၍ ခရစ်တော်​နှင့်အတူ နှစ်ပေါင်း​တစ်ထောင် အုပ်စိုးကြရ၏။


ငါ​သည် အောင်မြင်​၍ ငါ့​ခမည်းတော်​၏​ရာဇပလ္လင်​ပေါ်​တွင် ငါ့​ခမည်းတော်​နှင့်အတူ ထိုင်နေ​သကဲ့သို့ အောင်မြင်သော​သူတို့​ကို​လည်း ငါ​၏​ရာဇပလ္လင်​ပေါ်တွင် ငါ​နှင့်အတူ ထိုင်ခွင့်​ပေးမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ