ဟေဗြဲ 6:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် မည်သည့်အခါမျှ မုသားမပြောသောကြောင့် မပြောင်းလဲသောအရာနှစ်ခုဖြစ်သည့် ကတိပြုခြင်းနှင့် သစ္စာဆိုခြင်းတို့ကို ပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်ထံ ခိုလှုံရာရှာသော ကျွန်ုပ်တို့သည် ဘုရားသခင်ပေးသနားတော်မူသော မျှော်လင့်ချက်ကို စွဲမြဲစွာခံယူထားနိုင်ရန် အထူးယုံကြည်စိတ်ချကြ၏။ Common Language Bible ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။- Garrad Bible သို့ မှ တည် မြဲ ရာ နှစ် ချက် နှင့် စပ်၍ သ စ္စာ ဖျက် တော် မ မူ နိုင် သည် နှင့် အ ညီ ရှေ့၌ ထား သော မျှော် လင့် ရာ ပန်း ကို ဆွဲ ကိုင် ရန် ပြေး ဝင် သော ငါ တို့ သည် ခိုင် ခံ့ စွာ အား ယူ ခွင့် ရ ရှိ ကြ၏။ Judson Bible အကြောင်းမူကား၊ ဘုရားသခင်သည် မုသားမသုံးနိုင်သော အရာတည်းဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကို အမှီပြု၍၊ ကိုယ်ရှေ့၌ထားသော မျှော်လင့်ရာကို ခိုလှုံခြင်းငှာ ပြေးသော ငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။ |
ဖာရိရှဲများနှင့် ဇဒ္ဒုကဲတို့သည်လည်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်လာကြသည်ကို ယောဟန်မြင်သောအခါ “အို မြွေဆိုးအမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်၏ အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကို မည်သူက သတိပေးခဲ့သနည်း။
ထိုအချိန်၌ ဂျေရုဆလင်မြို့တွင် ရှိမောင်ဟု ခေါ်သော လူတစ်ဦးရှိ၏။ သူသည် သူတော်ကောင်းတစ်ဦးဖြစ်ပြီး ဘုရားတရားကိုင်းရှိုင်းသူလည်း ဖြစ်၏။ အစ္စရေးလူမျိုးတို့အား နှစ်သိမ့်တော်မူမည့် ကယ်တင်ရှင်ကြွလာမည်ကို စောင့်မျှော်နေသူ ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သူ့အပေါ်၌ တည်နေ၏။
သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ အလိုတော်နှင့်အညီ အချင်းချင်း တစ်စိတ်တစ်ဝမ်းတည်းရှိသော စိတ်သဘောထားကို သင်တို့အား ပေးသနားတော်မူပါစေ။
ဘုရားသခင်သည် ယေရှုခရစ်တော်အား အပြစ်ဖြေရာယဇ်အဖြစ် သတ်မှတ်တော်မူ၏။ ယေရှုအသွေးသွန်း၍ အသေခံတော်မူခြင်းကို ယုံကြည်သောသူတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြ၏။ ဘုရားသခင်သည် ခရစ်တော်ကို ယဇ်အဖြစ် သတ်မှတ်တော်မူရခြင်းမှာ မိမိ၏ဖြောင့်မတ်ခြင်းကို ပြသရန်ဖြစ်၏။ ထိုသို့ ဘုရားသခင်သည် သည်းခံတော်မူ၍ လူတို့ကျူးလွန်ခဲ့သောအပြစ်များကို ပြစ်ဒဏ်မပေးဘဲနေတော်မူ၏။
လုံးဝ မပျက်ပြယ်စေနိုင်ပါ။ “ကိုယ်တော်မိန့်တော်မူသော စကားတော်အားဖြင့် ကိုယ်တော်သည် မှန်ကန်ကြောင်း သက်သေခိုင်လုံလိမ့်မည်။ တရားရင်ဆိုင်ရလျှင်လည်း အနိုင်ရတော်မူလိမ့်မည်” ဟု ကျမ်းစာ၌ ရေးသားထားသည်နှင့်အညီ လူအပေါင်းတို့သည် လိမ်လည်သောသူများဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်သောအရှင်ဖြစ်တော်မူပါစေသော။
ဤမျှော်လင့်ခြင်းသည် ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို မိမိ၏မေတ္တာတော်နှင့် ပြည့်စေတော်မူသောကြောင့်ဖြစ်၏။
သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် စိတ်ခွန်အားရရှိကြ၏။ ချစ်ခြင်းမေတ္တာတော်ဖြင့် နှစ်သိမ့်ခံရကြ၏။ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခွင့်ရကြ၏။ ခရစ်တော်၏ အကြင်နာနှင့် ကရုဏာတို့ကို ခံစားကြရ၏။ သို့ဖြစ်၍
သို့ရာတွင် သင်တို့သည် သတင်းကောင်းကို ကြားနာစဉ်က ရရှိသော မျှော်လင့်ခြင်းမှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်လျက် ဆက်၍ ယုံကြည်ရမည်။ ထိုသတင်းကောင်းကို မိုးကောင်းကင်အောက်၌ ရှိသော သတ္တဝါအားလုံးကို ဟောပြောနေသည်ဖြစ်၍ ကျွန်ုပ်ပေါလုသည် ထိုသတင်းကောင်းကို ဟောပြောသော အမှုဆောင်ဖြစ်လာ၏။
ဤလျှို့ဝှက်နက်နဲသောအရာ၏ ဘုန်းစည်းစိမ်သည် လူမျိုးခြားတို့အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိစေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာသည် သင်တို့ထဲ၌ ကိန်းအောင်းတော်မူသည့်ခရစ်တော်ပင် ဖြစ်၏။ ခရစ်တော်ကြောင့် သင်တို့သည် ဘုရားသခင်၏ ဘုန်းအသရေကို ရရှိရန် မျှော်လင့်ရ၏။
ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းသည် ကောင်းကင်ဘုံ၌ သင်တို့အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာအကြောင်းကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရားဟူသော သတင်းကောင်းကို သင်တို့ ပထမဆုံးအကြိမ် ကြားနာရသောအခါ ထိုမျှော်လင့်ရာအကြောင်းကို သင်တို့ ကြားသိခဲ့ရ၏။
ထို့ပြင် ကောင်းကင်းဘုံမှ ကြွလာမည့် သားတော်ကို သင်တို့မည်သို့ မျှော်လင့်ကြောင်းကိုလည်း သူတို့ပြောပြကြ၏။ ဘုရားသခင်သည် ထိုသားတော်ကို သေခြင်းမှ ထမြောက်စေတော်မူပြီး ထိုသားတော်သည် ကျရောက်လာမည့်ဘုရားသခင်၏ အမျက်တော်မှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ယေရှုဖြစ်၏။
ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ မျှော်လင့်ရာအရှင် ယေရှုခရစ်တော်တို့၏ အမိန့်တော်အတိုင်း ထိုယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ယုံကြည်ခြင်းဆိုင်ရာ တိုက်ပွဲကောင်းကို တိုက်၍ ထာဝရအသက်ကို အရယူလော့။ ထာဝရအသက် ရရန် ဘုရားသခင်သည် သင့်ကို ခေါ်တော်မူပြီး သင်သည်လည်း ခရစ်တော်ကို ယုံကြည်ကြောင်း သက်သေများစွာရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။
ကျွန်ုပ်တို့ သစ္စာမရှိလျှင်ပင် ကိုယ်တော်သည် မိမိကိုယ်မိမိ မငြင်းပယ်နိုင်သောကြောင့် သစ္စာစောင့်တော်မူလိမ့်မည်။
ထာဝရအသက်ရရန်လည်း သူတို့မျှော်လင့်နိုင်ကြမည်။ လိမ်လည်ခြင်းနှင့် ကင်းစင်တော်မူသည့် ဘုရားသခင်သည် ဤထာဝရအသက်ကို ပေးရန် ရှေးယခင်မတိုင်မီကပင် ကတိပြုတော်မူခဲ့၏။
မမြင်ရသေးသောအဖြစ်အပျက်များကို ဘုရားသခင် ဖော်ပြတော်မူသောအခါ နောဧသည် ယုံကြည်သဖြင့် ကြောက်ရွံ့ရိုသေလျက် မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို ဆောက်လုပ်ခဲ့၏။ သူသည် မိမိ၏ယုံကြည်ခြင်းဖြင့် လောကီသားတို့၏ အပြစ်ကို စီရင်၍ ယုံကြည်ခြင်းကြောင့် ရရှိသော ဖြောင့်မတ်ခြင်းကို အမွေခံခဲ့၏။
ထို့ကြောင့် ငါသည် စိတ်ဆိုး၍ ‘သူတို့သည် ငါ၏စံမြန်းနားခိုရာသို့ မည်သည့်အခါမျှ ဝင်ကြရမည်မဟုတ်’ ဟု ကျိန်ဆိုသည်” ဟူ၍ဖြစ်၏။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ထိုနည်းတူ ဘုရားသခင်သည် မိမိအကြံအစည်တော်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ကတိထားတော်မူသောအရာကို ရရှိမည့်သူများအား ဖော်ပြရန် သစ္စာဆို၍ အာမခံတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် မည်သည့်အရာကိုမျှ ပြီးပြည့်စုံအောင်မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်၏။ ယခုတွင်မူ ပို၍ကောင်းသောမျှော်လင့်ချက် ရှိလာသဖြင့် ကျွန်ုပ်တို့သည် ထိုမျှော်လင့်ချက်ဖြင့် ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြ၏။
ဘုရားသခင်သည် ယေရှုအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူသောအခါ “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ ဟု ထာဝရဘုရားသစ္စာပြုတော်မူပြီ။ မိမိစိတ်တော်ကိုလည်း ပြောင်းလဲတော်မူမည်မဟုတ်” ဟူ၍ ကိုယ်တော်အား မိန့်တော်မူ၏။
“ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်မထားပါ” ဟု ဆိုလျှင် ဘုရားသခင်အား “လိမ်လည်သောအရှင်” ဟု စွပ်စွဲရာရောက်၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည်လည်း ကျွန်ုပ်တို့ထဲတွင် မရှိ။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူတိုင်းသည် ဤသက်သေခံချက် မှန်ကန်ကြောင်းကို လက်ခံ၏။ ဘုရားသခင်ကို မယုံကြည်သောသူမှာမူ ဘုရားသခင်အား “လိမ်လည်သောအရှင်” ဟု စွပ်စွဲရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိသားတော်အကြောင်း သက်သေခံတော်မူသည်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။