Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 5:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ဘုရားသခင်​၏​သားတော်​ကို ယုံကြည်သောသူ​တိုင်း​သည် ဤ​သက်သေခံချက် မှန်ကန်ကြောင်း​ကို လက်ခံ၏။ ဘုရားသခင်​ကို မယုံကြည်သောသူ​မှာမူ ဘုရားသခင်​အား “လိမ်လည်သော​အရှင်” ဟု စွပ်စွဲရာ​ရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​သားတော်​အကြောင်း သက်သေခံတော်မူသည်​ကို ထို​သူ​သည် မယုံကြည်​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သည် ထို​သက်​သေ​ခံ​ချက်​ကို​စိတ်​နှ​လုံး​ထဲ​တွင်​မှတ် ကျုံး​ထား​၏။ ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​သူ သည်​ကား သား​တော်​အ​ကြောင်း​ကိုယ်​တော်​သက် သေ​ခံ​တော်​မူ​သည်​ကို​မ​ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင်​အား​မု​သား​သုံး​သည်​ဟု​ဆို ရာ​ရောက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် သူ သည် ထို သက် သေ တော် ကို ကိုယ်၌ ရ ရှိ၏။ ဘု ရား သ ခင် ကို မ ယုံ ကြည် သူ မူ ကား သား တော် နှင့် စပ်၍ ခံ တော် မူ သော သက် သေ ကို မ ယုံ သော ကြောင့် မု သာ သုံး တော် မူ သည် ဟု ဆို ရာ ရောက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​သည်၊ မိ​မိ​အ​ထဲ၌ ထို​သက်​သေ​ကို​ရ၏။ ဘု​ရား​သ​ခင်​ကို မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မု​သား​အ​ပြစ်​တင်၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏​အ​ကြောင်း​မှာ သက်​သေ​ခံ​တော်​မူ​သော​စ​ကား​တော်​ကို ထို​သူ​သည် မ​ယုံ​ဘဲ​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဘုရားသခင်​၏​သား​တော်​ကို​ယုံကြည်​သော​သူ​သည် ဤ​သက်သေခံ​ချက်​ကို မိမိ​အထဲ၌​ရရှိ​ထား​၏။ ဘုရားသခင်​ကို​မ​ယုံကြည်​သော​သူ​မူကား ဘုရားသခင်​ကို လိမ်လည်​သော​သူ​ဟု​ဆို​ရာ​ရောက်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​က မိမိ​၏​သား​တော်​နှင့်​ပတ်သက်၍ သက်သေခံ​တော်မူ​သော​သက်သေခံ​ချက်​ကို ထို​သူ​သည် မ​ယုံကြည်​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 5:10
22 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် လောကီသားတို့​ကို အလွန်​ချစ်​သောကြောင့် မိမိ​၏​တစ်ပါးတည်းသော​သားတော်​ကို စွန့်တော်မူ၏။ ထိုသို့​စွန့်တော်မူခြင်း​မှာ သားတော်​ကို ယုံကြည်သောသူ​တိုင်း မပျက်စီးဘဲ ထာဝရ​အသက်​ကို ရရှိ​စေရန်​ဖြစ်၏။


သားတော်​ကို ယုံကြည်သော​သူ​သည် အပြစ်စီရင်ခြင်း​မခံရ။ မယုံကြည်သော​သူ​မှာမူ ဘုရားသခင်​၏ တစ်ပါးတည်းသော​သားတော်​ကို မယုံကြည်​သောကြောင့် ယခု​ပင် အပြစ်စီရင်ခြင်း​ခံရပြီ။


ထို​အရှင်​၏ သက်သေ​ကို လက်ခံသော​သူ​ကမူ ဘုရားသခင်​သည် ဖြောင့်မှန်တော်မူသည်​ဟု သတ်မှတ်၏။


ခမည်းတော် စေလွှတ်တော်မူသော​သူ​ကို သင်တို့​မယုံကြည်​သောကြောင့် သူ​၏​နှုတ်ကပတ်​တရားတော်​သည်လည်း သင်တို့​စိတ်နှလုံး​တွင် မတည်။


ဖိလိပ္ပု​က “သင့်​စိတ်နှလုံး​ထဲမှ အကြွင်းမဲ့ ယုံကြည်​ပါက ခံယူနိုင်ပါသည်” ဟု ဖြေလေ၏။ အမတ်​က “ယေရှုခရစ်​သည် ဘုရား​သားတော်​ဖြစ်ကြောင်း ကျွန်ုပ်​ယုံကြည်ပါသည်” ဟု ဆိုလေ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားသမီးများ​ဖြစ်ကြောင်း ထို​ဝိညာဉ်တော် ကိုယ်တိုင်​ပင် ကျွန်ုပ်တို့​၏ စိတ်ဝိညာဉ်​နှင့်အတူ သက်သေခံတော်မူ၏။


ကျွန်ုပ်​ဆိုလိုသည်​မှာ အမွေခံ​သည် အမွေ​ပစ္စည်း​အားလုံး​ကို ပိုင်ဆိုင်သူ​ဖြစ်သော်လည်း အရွယ်​မရောက်သေး​သရွေ့ ကျွန်​နှင့် မကွာခြားပေ။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားများ​ဖြစ်ကြ​သောကြောင့် ဘုရားသခင်​သည် သားတော်​၏ ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​၏ စိတ်နှလုံး​ထဲသို့ စေလွှတ်တော်မူ​၍ ထို​ဝိညာဉ်တော်​ကြောင့် ကျွန်ုပ်တို့​က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် သေ​၍ သင်တို့​အသက်​သည် ခရစ်တော်​နှင့်အတူ ဘုရားသခင်​ထံ၌ ဝှက်ထား​သောကြောင့် ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​၏ စိတ်နှလုံး​သည် ညစ်ညူး​၍ ယုံကြည်​ရန် ငြင်းဆန်​ကာ အသက်ရှင်သော ဘုရားသခင်​ထံမှ ထွက်မသွား​စေရန် သတိပြုကြလော့။


ထို့ပြင် အပြည့်အဝ​ယုံကြည်​စိတ်ချရသော ပရောဖက်ပြု​ဟောပြောချက်များ​လည်း ကျွန်ုပ်တို့​၌​ရှိ၏။ ထို​ဟောပြောချက်များ​သည် သင်တို့​နှလုံးသား​၌ အရုဏ်တက်​၍ မိုးသောက်ကြယ် ပေါ်ထွက်လာသည့်​တိုင်အောင် အမှောင်​အရပ်​တွင် လမ်းပြ​ထွန်းလင်းနေသည့်​ဆီမီး​သဖွယ် ဖြစ်​သောကြောင့် သင်တို့​သည် ထို​ဟောပြောချက်များ​ကို ကောင်းစွာ ဂရုစိုက်​ရမည်။


“ကျွန်ုပ်တို့​သည် အပြစ်​ကျူးလွန်​မထားပါ” ဟု ဆိုလျှင် ဘုရားသခင်​အား “လိမ်လည်သော​အရှင်” ဟု စွပ်စွဲရာ​ရောက်၏။ ကိုယ်တော်​၏ နှုတ်ကပတ်တော်​သည်လည်း ကျွန်ုပ်တို့​ထဲတွင် မရှိ။


ယေရှု​သည် ခရစ်တော်​ဖြစ်တော်မူကြောင်း​ကို ယုံကြည်သောသူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်ပြီး အဖ​ဘုရားသခင်​ကို​ချစ်သောသူ​တိုင်း​သည် အဖ​ဘုရားသခင်​၏​သားသမီးများ​ကိုလည်း ချစ်တတ်၏။


ထိုအခါ နဂါး​သည် အမျိုးသမီး​အပေါ် ဒေါသထွက်​သဖြင့် ကျန်ရှိနေသေးသော ထို​အမျိုးသမီး​၏ မျိုးဆက်များ​ကို တိုက်​ရန် ထွက်ခွာသွား၏။ ထို​မျိုးဆက်များ​သည် ဘုရားသခင်​၏ ပညတ်တော်တို့​ကို လိုက်နာသူများ၊ ယေရှု​အကြောင်း​သက်သေခံချက်​တို့​ကို သစ္စာရှိ​စွာ ထိန်းသိမ်းသူများ​ဖြစ်ကြ၏။


ဝိညာဉ်တော်​သည် အသင်းတော်တို့​အား မိန့်တော်မူသော​စကား​ကို နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။ ငါ​သည် အောင်မြင်သော​သူ​အား ဝှက်ထားသော​မန္နမုန့်​ကို​ပေးမည်။ ဖြူသော​ကျောက်​တစ်လုံး​ကိုလည်း​ပေးမည်။ ထို​ကျောက်​ပေါ်တွင် နာမည်​အသစ်​ကို ရေးထွင်းထား​ပြီး ထို​ကျောက်​ကို လက်ခံသည့်​သူ​မှ​လွဲ​၍ မည်သူ​မျှ ထို​နာမည်​သစ်​ကို မသိရ။


ထို​သူ​အား မိုးသောက်ကြယ်​ကိုလည်း ငါ​ပေးမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ