Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 2:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ကျွန်ုပ်တို့ သစ္စာ​မရှိ​လျှင်ပင် ကိုယ်တော်​သည် မိမိကိုယ်မိမိ မငြင်းပယ်နိုင်​သောကြောင့် သစ္စာစောင့်တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ငါ​တို့​သစ္စာ​ဖောက်​လျှင်​ကိုယ်​တော်​သည် သစ္စာ​ဖောက်​တော်​မ​မူ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် မိ​မိ​သစ္စာ​တော်​ကို​ပယ်​ဖျက်​တော်​မ​မူ​နိုင် သော​ကြောင့်​ဖြစ်​၏''

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ​တို့​သည် မ​ယုံ​ကြည်​သော်​လည်း၊ ထို​သ​ခင်​သည် သ​စ္စာ​တည်​သ​ဖြင့် ကိုယ်​ကို ငြင်း​ပယ်​တော်​မ​မူ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ငါ​တို့​သည် သစ္စာ​မ​ရှိ​လျှင်​လည်း ကိုယ်တော်​၏​သစ္စာ​တော်​သည် တည်မြဲ​တော်မူ​၏။ အကြောင်းမူကား ကိုယ်တော်​သည် မိမိကိုယ်ကို​မ​ငြင်းပယ်​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 2:13
11 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​နှင့်​မြေကြီး တည်မြဲမည်​မဟုတ်​သော်လည်း ငါ့​စကား တည်မြဲ​လိမ့်မည်။


အကယ်၍ သူတို့​ထဲမှ တချို့​သည် မယုံကြည်​လျှင် မည်သို့​ဆိုမည်နည်း။ သူတို့​၏ မယုံကြည်ခြင်း​သည် ဘုရားသခင်​၏ သစ္စာတော်​ကို ပျက်ပြယ်​စေနိုင်သလော။


သို့ရာတွင် ဘုရားသခင်​သည် အစ္စရေးလူမျိုးတို့​အား ပေးခဲ့သော​ကတိတော်​ကို တည်​ရန် ပျက်ကွက်​တော်မူသလော။ ပျက်ကွက်​တော်မမူ။ အဘယ်ကြောင့်ဆိုသော် အစ္စရေး​လူမျိုး တစ်မျိုးလုံး​သည် ဘုရားသခင်​၏ လူမျိုး​အစစ်အမှန် ဖြစ်သည်​ဟု မဆိုနိုင်​သောကြောင့်​ဖြစ်၏။


သင်တို့​အား မိမိ​၏​သားတော်၊ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​နှင့် မိတ်သဟာယဖွဲ့​ပေါင်းဖော်​စေရန် ရွေးကောက်တော်မူသော ဘုရားသခင်​သည် သစ္စာရှိတော်မူ၏။


သင်တို့​ကို ခေါ်တော်မူသော​အရှင်​သည် သစ္စာရှိသော ဘုရား​ဖြစ်​သောကြောင့် ကတိ​ထားသည့်​အတိုင်း ပြုတော်မူမည်။


သို့ရာတွင် သခင်ဘုရား​သည် သစ္စာရှိသော​အရှင် ဖြစ်တော်မူသည်​နှင့်အညီ သင်တို့​ကို ကြံ့ခိုင်စေ​၍ မာရ်နတ်​ထံက ကာကွယ်ပေးတော်မူ​လိမ့်မည်။


ထာဝရ​အသက်​ရ​ရန်လည်း သူတို့​မျှော်လင့်​နိုင်ကြမည်။ လိမ်လည်ခြင်း​နှင့် ကင်းစင်တော်မူသည့် ဘုရားသခင်​သည် ဤ​ထာဝရ​အသက်​ကို ပေး​ရန် ရှေးယခင်​မတိုင်မီ​ကပင် ကတိပြုတော်မူခဲ့၏။


ဘုရားသခင်​သည် မည်သည့်​အခါမျှ မုသား​မပြော​သောကြောင့် မပြောင်းလဲသော​အရာ​နှစ်ခု​ဖြစ်သည့် ကတိပြုခြင်း​နှင့် သစ္စာဆိုခြင်းတို့​ကို ပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်​ထံ ခိုလှုံရာ​ရှာသော ကျွန်ုပ်တို့​သည် ဘုရားသခင်​ပေးသနားတော်မူသော မျှော်လင့်ချက်​ကို စွဲမြဲစွာ​ခံယူထား​နိုင်ရန် အထူး​ယုံကြည်​စိတ်ချကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ