Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 6:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထိုနည်းတူ ဘုရားသခင်​သည် မိမိ​အကြံအစည်တော်​ကို ပြောင်းလဲမည်​မဟုတ်ကြောင်း ကတိထားတော်မူသော​အရာ​ကို ရရှိမည့်​သူများ​အား ဖော်ပြ​ရန် သစ္စာဆို​၍ အာမခံတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ​အ​စည်​တော် ကို​ပြောင်း​လဲ​တော်​မူ​မည်​မ​ဟုတ်​ကြောင်း​ကို က​တိ​တော်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​များ​ခံ​ယူ​ရ မည့်​သူ​တို့​အား​ပွင့်​လင်း​ထင်​ရှား​စွာ​ဖော်​ပြ တော်​မူ​လို​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​တိုင် တည်​ကျိန်​ဆို​ခြင်း​အား​ဖြင့်​က​တိ​ပြု​တော် မူ​ခြင်း​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ဘု ရား သ ခင် လည်း က တိ ထား ချက် အ တိုင်း အ မွေ ခံ ရ သူ တို့ အား အ ကြံ တော် တည် မြဲ ကြောင်း ဖော် ပြ လို၍ သ စ္စာ ထား ချက် ဖြင့် အာ မ ခံ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​ကြောင့်၊ က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ အ​ကြံ​အ​စည်​တော် မ​ဖောက်​ပြန်​နိုင်​ကြောင်း​ကို အ​တပ်​သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် အ​ကျိန်​အား​ဖြင့် အာ​မ​ခံ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထိုနည်းတူ ဘုရားသခင်​သည် မိမိ​အကြံအစည်​တော်​မ​ပြောင်းလဲ​နိုင်​ကြောင်း ကတိ​တော်​ကို​အမွေ​ဆက်ခံ​သူ​များ​အား ပိုမို​ထင်ရှား​စွာ​ပြ​လို​၍ ကတိ​သစ္စာ​ပြု​ခြင်း​ဖြင့် အာမခံ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 6:17
31 ပူးပေါင်းရင်းမြစ်များ  

သူခိုး​သည် ခိုးဝှက်​ရန်၊ သတ်ဖြတ်​ရန်​နှင့် ဖျက်ဆီး​ရန်အတွက်​သာ လာ၏။ ငါ​သည် သိုးတို့​ကို အသက်​ကို ရရှိ​စေရန်​သာမက ထို​အသက်​ကို ကြွယ်ဝပြည့်စုံ​စွာ ရရှိ​စေရန်​လည်း လာ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​ပေးသနားတော်မူသော ဆုကျေးဇူးများ​နှင့် ခေါ်ယူခြင်းတို့​ကို ပြန်၍​ရုပ်သိမ်း​တော်မမူတတ်​သောကြောင့် ဖြစ်၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားသမီးများ ဖြစ်​သောကြောင့် အမွေခံများ​လည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်​နှင့်အတူ ဆင်းရဲဒုက္ခ​ကို ခံရ​လျှင် ကိုယ်တော်​နှင့်အတူ ဘုရားသခင်​၏ ဘုန်းအသရေ​ကိုလည်း ခံစားကြ​ရမည် ဖြစ်၏။


သင်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​လျှင် အာဗြဟံ​၏ အမျိုးအနွယ်​ပင် ဖြစ်​၍ ဘုရားသခင်​ကတိပြုတော်မူသည့်​အတိုင်း အမွေခံများ​ဖြစ်ကြ၏။


အရာ​အားလုံး​ကို မိမိ​အလိုတော်​နှင့်​ညီသော အကြံအစည်တော်​အတိုင်း လုပ်ဆောင်တော်မူသည့်​ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်း​အားဖြင့် ရှေးယခင်​ကပင် ကြိုတင်​သတ်မှတ်တော်မူသည့်​အတိုင်း မိမိ​၏​အမွေခံများ​အဖြစ် ရွေးချယ်တော်မူ၏။


မမြင်ရသေးသော​အဖြစ်အပျက်များ​ကို ဘုရားသခင် ဖော်ပြတော်မူ​သောအခါ နောဧ​သည် ယုံကြည်​သဖြင့် ကြောက်ရွံ့ရိုသေ​လျက် မိမိ​၏​မိသားစု​ကို ကယ်တင်​ရန် သင်္ဘော​ကို ဆောက်လုပ်ခဲ့၏။ သူ​သည် မိမိ​၏​ယုံကြည်ခြင်း​ဖြင့် လောကီသားတို့​၏ အပြစ်​ကို စီရင်​၍ ယုံကြည်ခြင်း​ကြောင့် ရရှိသော ဖြောင့်မတ်ခြင်း​ကို အမွေခံခဲ့၏။


ဘုရားသခင် ကတိထားတော်မူသော​ပြည်​၌ အာဗြဟံ​သည် ယုံကြည်ခြင်း​ဖြင့် တိုင်းတစ်ပါးသား​ကဲ့သို့ တည်းခိုလေ၏။ သူ​သည် တဲများ​၌ နေထိုင်ခဲ့၏။ ဘုရားသခင်​ပေးသော ကတိတော်​ကို အတူတကွ အမွေခံရသူများ​ဖြစ်ကြသော ဣဇာက်​နှင့် ယာကုပ်​တို့​သည်လည်း အာဗြဟံ​ကဲ့သို့ တဲ​၌ နေထိုင်ကြ၏။


ဤ​သို့​ဖြင့် သင်တို့​သည် ပျင်းရိသော​သူများ​မဖြစ်ဘဲ ကတိထားတော်မူသော​အရာ​ကို ယုံကြည်ခြင်း​နှင့် စိတ်ရှည်ခြင်းတို့​ဖြင့် ရရှိသော​သူတို့​အား အတုယူ​ရန်​ဖြစ်၏။


လူတို့​သည် မိမိတို့​ထက် ကြီးမြတ်သူ​ကို တိုင်တည်​၍ သစ္စာဆို​တတ်ကြပြီး ထိုသို့​သစ္စာဆို​အတည်ပြုခြင်း​ဖြင့် အငြင်းပွားမှု​အားလုံး​ကို ဖြေရှင်းတတ်ကြ၏။


ဘုရားသခင်​သည် မည်သည့်​အခါမျှ မုသား​မပြော​သောကြောင့် မပြောင်းလဲသော​အရာ​နှစ်ခု​ဖြစ်သည့် ကတိပြုခြင်း​နှင့် သစ္စာဆိုခြင်းတို့​ကို ပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်​ထံ ခိုလှုံရာ​ရှာသော ကျွန်ုပ်တို့​သည် ဘုရားသခင်​ပေးသနားတော်မူသော မျှော်လင့်ချက်​ကို စွဲမြဲစွာ​ခံယူထား​နိုင်ရန် အထူး​ယုံကြည်​စိတ်ချကြ၏။


ကောင်းမြတ်သော​ဆုကျေးဇူး​နှင့် ပြီးပြည့်စုံသော​လက်ဆောင်များ အားလုံး​သည် ကောင်းကင်​အလင်များ​ကို ဖန်ဆင်းသော အဖ​ဘုရားသခင်​ထံမှ ရောက်လာသည်​ဖြစ်၍ အထက်​အရပ်​မှ ဖြစ်ကြ၏။ ကိုယ်တော်​သည် ရွေ့လျားတတ်သော​အရိပ်များ​ကဲ့သို့ ပြောင်းလဲတော်မမူ။


ချစ်ခင်ရသော ညီအစ်ကို​မောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲသောသူတို့​ကို ယုံကြည်ခြင်း​၌ ကြွယ်ဝစေ​၍ မိမိ​ကို​ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် နိုင်ငံတော်​ကို အမွေဆက်ခံသူများ​ဖြစ်​စေရန် ရွေးချယ်တော်မူသည်​မဟုတ်လော။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်​ကို ချီးမွမ်းကြလော့။ ဘုရားသခင်​သည် မိမိ​၏​ကြီးမြတ်သော​ကရုဏာတော်​ကြောင့် သခင်​ယေရှု​ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အသစ်​တစ်ဖန်​မွေးဖွား​စေပြီး ခိုင်မြဲသော​မျှော်လင့်ချက်​ရှိစေတော်မူ၏။


ထိုနည်းတူ ခင်ပွန်းသည်တို့… သင်တို့​၏​ဇနီးသည်​သည် ထာဝရ​အသက်​ကျေးဇူးတော်​ကို သင်တို့​နှင့်​အတူတကွ အမွေခံရသူ​ကဲ့သို့​ဖြစ်ပြီး အားနွဲ့သော​မိန်းမသား​ဖြစ်ကြောင်း သိမှတ်​နားလည်​၍ တန်ဖိုးထား​ပေါင်းသင်းကြလော့။ ဤသည်​မှာ သင်တို့​၏ ဆုတောင်းခြင်း​ကို အတားအဆီး​မရှိ​စေရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ