ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
ဟေဗြဲ 2:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသားသမီးတို့သည် အသွေးအသားရှိသဖြင့် ကိုယ်တော်သည် အသွေးအသားကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်အသေခံ၍ သေခြင်းကို အစိုးရသော မာရ်နတ်၏တန်ခိုးကို ဖျက်ဆီးကာ Common Language Bible ထိုသားသမီးများသည်အသွေးအသားရှိ သူများဖြစ်ကြသဖြင့် သခင်ယေရှုသည်ထို သူတို့နည်းတူအသွေးအသားရှိသူအဖြစ် ကိုခံယူတော်မူ၏။ ယင်းသို့ခံယူတော်မူခြင်း မှာ သေခြင်းကိုအစိုးရသည့်မာရ်နတ်၏ တန်ခိုးကိုချိုးနှိမ်ပစ်ရန်ပင်ဖြစ်၏။- Garrad Bible သို့ ဖြစ်၍ ထို သား သ မီး တို့ သည် အ သွေး အ သား ရှိ သူ များ ဖြစ် ကြ သည် နှင့် အ ညီ ကိုယ် တော် လည်း သေ ခြင်း တန် ခိုး ရှင် တည်း ဟူ သော မာရ် နတ် ကို အ သေ ခံ တော် မူ ခြင်း ဖြင့် ကန့် ကွက် တော် မူ ၍၊ Judson Bible ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာလည်းကောင်း၊ သေဘေးကိုကြောက်၍ တစ်သက်လုံး ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှာလည်းကောင်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက် |
ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
သင်တို့အား ငါအမှန်ဆို၏။ ဂျုံစေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် အစေ့တစ်စေ့တည်းအဖြစ်သာ ရှိနေ၏။ သို့သော် ပျက်စီးလျှင် ဂျုံစေ့များစွာကို ဖြစ်ထွန်းစေတတ်၏။
ခရစ်တော်သည် သေလွန်သောသူများနှင့် အသက်ရှင်သောသူများ၏ အရှင်သခင်ဖြစ်ရန်အတွက် အသေခံပြီး ရှင်ပြန်ထမြောက်တော်မူခဲ့၏။
လူ့ဗီဇစိတ်၏ အားနည်းမှုကြောင့် မောရှေ၏ ပညတ်တရားသည် ကျွန်ုပ်တို့ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် မိမိသားတော်ကို လူ့ဗီဇစိတ်ရှိသည့် လူ့ကိုယ်ခန္ဓာထဲသို့ စေလွှတ်တော်မူခြင်းအားဖြင့် ပညတ်တရားမတတ်နိုင်သောအမှုကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်သည် သားတော်ကို ယဇ်အဖြစ် ပူဇော်ခြင်းအားဖြင့် လူ့ဗီဇစိတ်အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရားကို အဆုံးသတ်တော်မူ၏။
ထို့ပြင် အရေးပါသည်ဟု သတ်မှတ်ကြသောအရာများကို အရေးမပါဟု သတ်မှတ်ရန် လောက၌ နိမ့်ကျသောအရာများနှင့် မထီမဲ့မြင်ပြုခြင်းခံရသောအရာများကို ဘုရားသခင်ရွေးချယ်တော်မူ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ အသွေးအသားဖြင့်ဖွဲ့စည်းထားသောလူ့ခန္ဓာသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်ပေ။ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအဖြစ်ကို အမွေဆက်ခံနိုင်မည်မဟုတ်ပေ။
သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။
အုပ်စိုးမှုနှင့် အာဏာစက်များ၏ တန်ခိုးကို ဖယ်ရှားပြီးလျှင် လက်ဝါးကပ်တိုင်တွင် အောင်ပွဲခံ၍ လူရှေ့သူရှေ့တွင် အရှက်ရစေတော်မူ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ထိုကျေးဇူးတော်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုခရစ်တော်ကြွလာတော်မူခြင်းဖြင့် ယခုထင်ရှားပြီ။ ခရစ်တော်သည် သေခြင်းကို ဖျက်ဆီးပြီး မပျက်စီးမယိုယွင်းသောအသက်ရှင်ခြင်းအကြောင်းကို သတင်းကောင်းဖြင့် ပေါ်လွင်ထင်ရှားစေတော်မူ၏။
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်စေခြင်းခံကြရ၏။
ထို့ကြောင့် ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ ဘုရားသခင်အား “ကိုယ်တော်သည် ယဇ်နှင့် ပူဇော်စရာကို အလိုတော်မရှိသောကြောင့် အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူ၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။
ကိုယ်တော်သည် ဖြားယောင်းသွေးဆောင်ခြင်းခံရလျက် ဒုက္ခကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသောကြောင့် ဖြားယောင်းသွေးဆောင်ခံရသူများကို ကူညီပေးနိုင်၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းသည် ကျွန်ုပ်တို့၏ အားနည်းချက်များကို မစာနာမထောက်ထားနိုင်သူ မဟုတ်။ ကိုယ်တော်သည် ကျွန်ုပ်တို့နည်းတူ ဖြားယောင်းသွေးဆောင်မှုအမျိုးမျိုးကို တွေ့ကြုံခဲ့သောအရှင်ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်သည် အပြစ်နှင့်ကင်းလွတ်တော်မူ၏။
ဤသို့ဖြင့် ရွေးချယ်ခြင်းခံရသူများသည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရအမွေကို ရရှိနိုင်ရန် ခရစ်တော်သည် ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ အကြောင်းမှာ ခရစ်တော်သည် ထိုပထမပဋိညာဉ်အောက်တွင် လူတို့ကျူးလွန်ခဲ့သော အပြစ်များကို လွတ်မြောက်စေရန် အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။
ခရစ်တော်သည် ဤကမ္ဘာမတည်ရှိမီကပင် ခန့်ထားတော်မူခြင်းခံရသော်လည်း ဤနောက်ဆုံးသောကာလတွင် သင်တို့အတွက် ပေါ်ထွန်းတော်မူ၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။
ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။
သူသည် စာတန်မာရ်နတ်ဟူသော ရှေးမြွေဟောင်းဖြစ်သည့် နဂါးကို ဖမ်း၍ နှစ်ပေါင်းတစ်ထောင် ချည်နှောင်ထား၏။