အကယ်၍ သခင်ဘုရားသည် ထိုနေ့ရက်ကာလများကို တိုတောင်းစေတော်မမူလျှင် မည်သူမျှ အသက်ဘေးမှ လွတ်နိုင်မည်မဟုတ်။ သို့ရာတွင် ကိုယ်တော်သည် မိမိရွေးချယ်ထားတော်မူသောသူများအတွက် ထိုနေ့ရက်များကို တိုတောင်းစေတော်မူမည်။
လုကာ 18:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိရွေးချယ်တော်မူသောသူတို့က နေ့ညမပြတ် တောင်းလျှောက်လျှင် ဘုရားသခင်သည် တရားမျှတစွာ မစီရင်ဘဲ နှောင့်နှေးစေတော်မူမည်လော။ Common Language Bible ရွေးကောက်တော်မူသောသူတို့သည်နေ့ညမပြတ် ဟစ်အော်တောင်းလျှောက်နေကြလျှင် ဘုရားသခင် သည်တရားသဖြင့်ဖြစ်စေရန်စီရင်တော်မမူ ဘဲနေမည်လော။ ကိုယ်တော်သည်ထိုသူတို့အား ကူညီမစရန်နှောင့်နှေးတော်မူမည်လော။- Garrad Bible နှောင့် နှေး တော် မူ သော ကိုယ် တော့် ထံ နေ့ ညဉ့် မ ပြတ် ဟစ် လျက် နေ သော ရွေး ကောက် တော် မူ သူ တို့ အ မှု ကို ဘု ရား သ ခင် စီ ရင် တော် မူ မည် မ ဟုတ် လော။ Judson Bible ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။ မြန်မာ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။- |
အကယ်၍ သခင်ဘုရားသည် ထိုနေ့ရက်ကာလများကို တိုတောင်းစေတော်မမူလျှင် မည်သူမျှ အသက်ဘေးမှ လွတ်နိုင်မည်မဟုတ်။ သို့ရာတွင် ကိုယ်တော်သည် မိမိရွေးချယ်ထားတော်မူသောသူများအတွက် ထိုနေ့ရက်များကို တိုတောင်းစေတော်မူမည်။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်အတုအယောင်များနှင့် ပရောဖက် အတုအယောင်များ ပေါ်လာလိမ့်မည်ဖြစ်သောကြောင့်ပင်။ ထိုသူတို့သည် ဖြစ်နိုင်လျှင် ဘုရားသခင်ရွေးချယ်ထားသောသူများကိုပင် လှည့်ဖြားရန် နိမိတ်လက္ခဏာကြီးများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ပြကြလိမ့်မည်။
သင်တို့သည် ဆိုးသောသူများဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ပို၍ ပေးတော်မူမည် မဟုတ်လော။
သင်တို့သည် ဆိုးသောသူဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပို၍ ပေးတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ရှစ်ဆယ့်လေးနှစ်တိုင်တိုင် မုဆိုးမဘဝနှင့် အသက်ရှင်နေသူဖြစ်၏။ ထိုအမျိုးသမီးသည် ဗိမာန်တော်အတွင်း၌ နေ့ရောညပါ ဘုရားဝတ်ပြု၊ ဆုတောင်း၊ အစာရှောင်လျက် နေ၏။
ဤအရာများ စတင်ဖြစ်ပွားလာသောအခါ သင်တို့၏ဦးခေါင်းကို မော့လျက် မျှော်ကြည့်၍ ဝင့်ကြွားကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ကို ရွေးနုတ်ခေါ်ဆောင်ချိန် နီးကပ်လာသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ဘုရားသခင် ရွေးချယ်တော်မူသောသူတို့ကို မည်သူအပြစ်တင်ဝံ့သနည်း။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူသောအရှင်မှာ ဘုရားသခင်ပင်ဖြစ်တော်မူ၏။
ထို့ကြောင့် သင်တို့သည်ဘုရားသခင် ရွေးချယ်တော်မူသောသူများ၊ သီးသန့်ထားတော်မူသောသူများ၊ ချစ်တော်မူသောသူများဖြစ်သည့်အားလျော်စွာ ကရုဏာထားခြင်း၊ ကျေးဇူးပြုခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
ကျွန်ုပ်တို့သည် သင်တို့နှင့် လူချင်း တွေ့၍ သင်တို့၏ ယုံကြည်ခြင်းတွင် လိုအပ်နေသေးသော အပိုင်းကို ဖြည့်တင်းပေးနိုင်ရန် နေ့ရောညပါ စိတ်အားထက်သန်စွာ ဆုတောင်းကြ၏။
ဘုရားသခင်သည် တရားမျှတစွာ စီရင်တော်မူသည်နှင့်အညီ သင်တို့ကို ဆင်းရဲဒုက္ခရောက်စေသောသူတို့ကို တန်ပြန် ဆင်းရဲဒုက္ခရောက်စေတော်မူလိမ့်မည်။
အမှန်တကယ်ခိုကိုးရာမဲ့ပြီး စောင့်ရှောက်သူမရှိသော မုဆိုးမသည် ဘုရားသခင်ကို မျှော်လင့်လျက် နေ့ညမပြတ် အသနားခံ၍ ဆုတောင်းတတ်၏။
ကျွန်ုပ်သည် သင့်အတွက် နေ့ရောညပါ သတိတရ ဆုတောင်းပေး၏။ ဆုတောင်းပေးသောအခါ ကျွန်ုပ်၏ဘိုးဘေးတို့ ကိုးကွယ်ခဲ့သည့်နည်းတူ လိပ်ပြာသန့်သန့်ဖြင့် ကျွန်ုပ်ကိုးကွယ်သော ဘုရားသခင်ကို ကျေးဇူးတင်၏။
ထို့ကြောင့် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် ယေရှုခရစ်တော်ကို ယုံကြည်၍ ကယ်တင်ခြင်းကို ထာဝရဘုန်းတော်နှင့်အတူ ရရှိနိုင်ရန် ထိုသူတို့အတွက် ဆင်းရဲဒုက္ခအားလုံးကို ကျွန်ုပ်သည်းခံ၏။
ဘုရားသခင်၏ အစေအပါးနှင့် ယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်၏။ ဘုရားသခင်သည် မိမိရွေးကောက်သောသူတို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်နှင့် သမ္မာတရားကို ထိုသူတို့သိရှိနားလည်နိုင်စေရန် ကျွန်ုပ်ကို စေလွှတ်တော်မူ၏။ ဤနည်းဖြင့် သူတို့သည် ဘုရားတရားကိုင်းရှိုင်းသောဘဝဖြင့် နေထိုင်နိုင်ကြမည်။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ တမန်တော်ပေတရုဖြစ်၏။ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှပြည်၊ ဗိသုနိပြည်တို့တွင် ကွဲလွင့်ပျံ့နှံ့လျက် ဧည့်သည်များအဖြစ် နေထိုင်ကြသည့် ဘုရားသခင်ရွေးချယ်တော်မူသော လူများထံသို့ ကျွန်ုပ်စာရေးလိုက်၏။
လူတချို့ ထင်မှတ်သကဲ့သို့ ထာဝရဘုရားသည် မိမိကတိတော်အတိုင်းပြုရန် နှောင့်နှေးတော်မူသည်မဟုတ်။ ကိုယ်တော်သည် မည်သူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ် စိတ်ရှည်တော်မူခြင်းသာဖြစ်၏။
အို ကောင်းကင်ဘုံသားတို့… ထိုမြို့၏ပျက်စီးခြင်းအတွက် ဝမ်းမြောက်ကြလော့။ အို သန့်ရှင်းသောသူတို့၊ တမန်တော်တို့နှင့် ပရောဖက်တို့… ဝမ်းမြောက်ကြလော့။ သင်တို့အပေါ် ပြုခဲ့သည့်အမှုအတွက် ဘုရားသခင်သည် ထိုမြို့ကို တရားစီရင်တော်မူပြီ။
ထိုသူတို့က “သန့်ရှင်း၍ မှန်ကန်တော်မူပြီး အရာအားလုံးကို အုပ်စိုးတော်မူသောဘုရားသခင်… ကမ္ဘာလောက၌ နေထိုင်ကြသောကျွန်ုပ်တို့ကို သတ်သောသူတို့အား စီရင်တော်မမူ၊ လက်တုံ့ပြန်တော်မမူဘဲ မည်မျှကြာကြာ နေတော်မူမည်နည်း” ဟု ကျယ်လောင်စွာ ဟစ်အော်ကြ၏။
ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ရာဇပလ္လင်တော်ရှေ့ ကိုယ်တော်၏ဗိမာန်တော်၌ နေ့ညမပြတ် ဘုရားသခင်ကို ဝတ်ပြုကြ၏။ ရာဇပလ္လင်တော်ပေါ် ထိုင်တော်မူသောအရှင်သည်လည်း သူတို့နှင့်အတူရှိ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။