Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ သက် 1:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ဘုရားသခင်​သည် တရားမျှတ​စွာ စီရင်တော်မူသည်​နှင့်အညီ သင်တို့​ကို ဆင်းရဲ​ဒုက္ခရောက်စေသော​သူတို့​ကို တန်ပြန် ဆင်းရဲ​ဒုက္ခရောက်စေတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ဘု​ရား​သ​ခင်​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည်​အ​တိုင်း သင်​တို့ ကို​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​သူ​တို့​အား​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6-8 အ ရှင် ယေ ရှု သည် တန် ခိုး တော့် ဆိုင် ရာ စေ တ မန် တော် တို့ နှင့် တ ကွ မီး လျှံ အား ဖြင့် ကောင်း ကင် ဘုံ မှ ပေါ် တော် မူ သည့် ကာ လ၊ သင် တို့ ကို ဒု က္ခ ရှာ သူ တို့ အား ဒု က္ခ ကို လည်း ကောင်း၊ ဒု က္ခ ရောက် ခဲ့ သော သင် တို့၌ ငါ တို့ နှင့် အ တူ ချမ်း သာ ကိုလည်း ကောင်း ဘု ရား သ ခင် စီ ရင် တော် မူ သည် မှာ မု ချ ဖြောင့် မတ်၏။ ထို အ ရှင် သည် ဘု ရား သ ခင် ကို မ သိ သော သူ တို့ နှင့် ငါ တို့ အ ရှင် ယေ ရှု၏ သ တင်း တော် မြတ် အ တိုင်း မ လိုက် နာ သူ တို့ အ ပေါ် တွင် ဒဏ် စီ ရင် တော် မူ မည် ဖြစ် သည် နှင့် အ ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6-8 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သ​ခင်​ယေ​ရှု​သည် တန်​ခိုး​ရှိ​သော ကောင်း​ကင်​တ​မန်​တို့​နှင့်​အ​တူ၊ ကောင်း​ကင်​ဘုံ​က ပေါ်​ထွန်း​တော်​မူ၍၊ ဘု​ရား​သ​ခင်​ကို မ​သိ​သော​သူ၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို နား​မ​ထောင်​သော​သူ​တို့​ကို မီး​လျှံ​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​အ​ခါ၊ သင်​တို့​ကို ဆင်း​ရဲ​စေ​ဖူး​သော သူ​တို့၌ ဆင်း​ရဲ​ခြင်း​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​ရ​ဖူး​သော သင်​တို့၌ ငါ​တို့​နှင့်​အ​တူ ချမ်း​သာ​ခြင်း​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ဆပ်​ပေး၍ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သခင်​ယေရှု​သည် မီးလျှံ​ထဲ၌ မိမိ​၏​တန်ခိုး​ကြီး​သော​ကောင်းကင်​တမန်​များ​နှင့်အတူ မိုး​ကောင်းကင်​မှ​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ကို ဆင်းရဲ​ဒုက္ခ​ရောက်​စေ​သော​သူ​တို့​အား ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 1:6
18 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် မျက်နှာလိုက်တော်မမူတတ်​သောကြောင့် မတရားမှု​ကို လုပ်ဆောင်သော​သူတို့​သည် မတရားမှု​၏ အကျိုးဆက်​ကို ပြန်လည်​ခံရ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင် မဟုတ်။ ဘုရားသခင်​သည် သင်တို့​ပြုသော​အမှု​ကို​လည်းကောင်း၊ ယုံကြည်သူတို့​ကို ယခင်​က အစေခံ​သကဲ့သို့ ယခု​ဆက်လက် အစေခံရာ​တွင် ထားသော​သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသိအမှတ်​မပြုဘဲ နေတော်မူမည်​မဟုတ်။


လူမျိုးတို့​သည် အမျက်​ထွက်ကြ၏။ သို့သော် ယခု ကိုယ်တော်​၏​အမျက်​ထွက်ချိန် ရောက်လာပြီ။ သေလွန်သော​သူတို့​ကို တရားစီရင်ရသော​အချိန် ရောက်လာပြီ။ ကိုယ်တော်​၏​အစေခံ​ဖြစ်သော ပရောဖက်များ၊ သန့်ရှင်းသူများ​နှင့် ကိုယ်တော်​ကို ကြောက်ရွံ့သည့် လူတန်းစား​အနိမ့်​အမြင့်​လူအပေါင်းတို့​အား ဆုလာဘ်​ကို ပေး​လိမ့်မည်။ ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖျက်ဆီးသော​သူတို့​ကို ဖျက်ဆီးတော်မူ​လိမ့်မည်” ဟု ဆိုကြ၏။


အို ထာဝရဘုရား… ကိုယ်တော်​ကို မကြောက်ရွံ့သောသူ၊ ကိုယ်တော်​၏ နာမတော်​ကို မချီးမွမ်းသောသူ​ဟူ၍ ရှိပါမည်လော။ ကိုယ်တော်​တစ်ပါးတည်း​သာ သန့်ရှင်းတော်မူ၏။ ကိုယ်တော်​၏ ဖြောင့်မတ်သော​လုပ်ဆောင်မှုတို့​သည် ပေါ်လွင်​ထင်ရှား​သောကြောင့် လူမျိုး​အပေါင်းတို့​သည် ကိုယ်တော်​၏ ရှေ့တော်​သို့ လာ​၍ ကိုးကွယ်ကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။


အို ကောင်းကင်ဘုံသားတို့… ထို​မြို့​၏​ပျက်စီးခြင်း​အတွက် ဝမ်းမြောက်ကြလော့။ အို သန့်ရှင်းသောသူတို့၊ တမန်တော်တို့​နှင့် ပရောဖက်တို့… ဝမ်းမြောက်ကြလော့။ သင်တို့​အပေါ် ပြုခဲ့သည့်​အမှု​အတွက် ဘုရားသခင်​သည် ထို​မြို့​ကို တရားစီရင်တော်မူပြီ။


ပရောဖက်များ၊ သန့်ရှင်းသောသူများ​နှင့် ကမ္ဘာ​လောက​၌ အသတ်ခံရသူ​အပေါင်းတို့​၏ သွေးတို့​ကို ထို​မြို့​၌ တွေ့ရ၏” ဟူ၍ ပြောလေ၏။


အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​၏ စီရင်တော်မူချက်တို့​သည် မှန်ကန်​၍ တရားမျှတ​သောကြောင့်​ဖြစ်၏။ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း​ဖြင့် ကမ္ဘာလောက​ကို ပျက်စီးစေသော ပြည့်တန်ဆာကြီး​ကို စီရင်တော်မူပြီ။ ကိုယ်တော်​၏​အစေခံတို့​ကို သတ်​သောကြောင့် လက်တုံ့ပြန်တော်မူပြီ” ဟူ၍ ဖြစ်၏။


ထို​သူတို့​က “သန့်ရှင်း​၍ မှန်ကန်တော်မူ​ပြီး အရာ​အားလုံး​ကို အုပ်စိုးတော်မူသော​ဘုရားသခင်… ကမ္ဘာ​လောက​၌ နေထိုင်ကြသော​ကျွန်ုပ်တို့​ကို သတ်သော​သူတို့​အား စီရင်တော်မမူ၊ လက်တုံ့ပြန်တော်မမူဘဲ မည်မျှ​ကြာကြာ နေတော်မူမည်နည်း” ဟု ကျယ်လောင်​စွာ ဟစ်အော်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ