လုကာ 18:7 - Common Language Bible7 ရွေးကောက်တော်မူသောသူတို့သည်နေ့ညမပြတ် ဟစ်အော်တောင်းလျှောက်နေကြလျှင် ဘုရားသခင် သည်တရားသဖြင့်ဖြစ်စေရန်စီရင်တော်မမူ ဘဲနေမည်လော။ ကိုယ်တော်သည်ထိုသူတို့အား ကူညီမစရန်နှောင့်နှေးတော်မူမည်လော။- အခန်းကိုကြည့်ပါ။Garrad Bible7 နှောင့် နှေး တော် မူ သော ကိုယ် တော့် ထံ နေ့ ညဉ့် မ ပြတ် ဟစ် လျက် နေ သော ရွေး ကောက် တော် မူ သူ တို့ အ မှု ကို ဘု ရား သ ခင် စီ ရင် တော် မူ မည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible7 ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 မိမိရွေးချယ်တော်မူသောသူတို့က နေ့ညမပြတ် တောင်းလျှောက်လျှင် ဘုရားသခင်သည် တရားမျှတစွာ မစီရင်ဘဲ နှောင့်နှေးစေတော်မူမည်လော။ အခန်းကိုကြည့်ပါ။မြန်မာ7 ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။- အခန်းကိုကြည့်ပါ။ |
ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
ဘုရားသခင်၏အစေခံနှင့်သခင်ယေရှု ခရစ်၏တမန်တော်ဖြစ်သူ ငါပေါလုသည် စာရေးလိုက်ပါသည်။ ဘုရားသခင်သည်မိမိရွေးကောက်တော်မူ သောလူစုတော်၏ ယုံကြည်ခြင်းကိုပြုစု ပေးစေရန်လည်းကောင်း၊ ငါတို့၏ဘာသာ တော်ကသွန်သင်သည့်သမ္မာတရားတော် အကြောင်းကို ထိုသူတို့သဘောပေါက်နား လည်ကြစေရန်လည်းကောင်းငါ့ကိုရွေး ချယ်စေလွှတ်တော်မူ၏။-
သခင်ယေရှုခရစ်၏တမန်တော်ပေတရုထံ မှပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့်ဗိသုနိပြည်တို့တွင်ဧည့်သည် အာဂန္တုအဖြစ်နှင့်ပျံ့နှံ့နေထိုင်လျက်ရှိကြ သောဘုရားသခင်ရွေးချယ်တော်မူသည့် လူစုတော်ထံသို့စာရေးလိုက်ပါသည်။ သခင် ယေရှု၏စကားတော်ကိုနားထောင်၍ကိုယ် တော်၏သွေးတော်အားဖြင့်အပြစ်များမှ ပြေလွတ်ကြစေရန်ခမည်းတော်ဘုရား သခင်သည်အကြံအစည်တော်အရသင် တို့ကိုရွေးချယ်တော်မူ၏။ ဝိညာဉ်တော် အားဖြင့်လည်းသင်တို့ကိုသန့်ရှင်းမြင့် မြတ်စေတော်မူ၏။ သင်တို့သည်ကိုယ်တော်၏ထံတော်မှ ကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုကြွယ်ဝစွာခံစား ရကြပါစေသတည်း။