ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ရှင်ယောဟန် 17:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တရားမျှတတော်မူသောအဖ… လောကီသားတို့သည် ကိုယ်တော်ကို မသိကြသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကို ဤတပည့်တော်တို့သိကြပါ၏။ Common Language Bible တရားမျှတတော်မူသောအဖ၊ လောကသား တို့သည်ကိုယ်တော်ကိုမသိကြသော်လည်း အကျွန်ုပ်သိပါ၏။ ဤသူတို့သည်အကျွန်ုပ် အားကိုယ်တော်စေလွှတ်တော်မူကြောင်းကို သိကြပါ၏။- Garrad Bible ဖြောင့်မတ်တော်မူသောအဘ၊ လောကသားတို့သည်ကိုယ်တော်ကိုမသိကြသော်လည်း အကျွန်ုပ်သိပါ၏။ ဤသူတို့လည်း အကျွန်ုပ်ကိုစေလွှတ်တော်မူလိုက်ကြောင်း သိကြပါ၏။ Judson Bible တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည် သိကြပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်တော်မူသောအဖ၊ ဤလောကသည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုသိပါ၏။ ဤသူတို့သည်လည်း အကျွန်ုပ်ကို ကိုယ်တော်စေလွှတ်တော်မူကြောင်းသိကြပါပြီ။ မြန်မာ တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည် သိကြပါ၏။- |
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ” ဟု မိန့်တော်မူ၏။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့် ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။
သင်တို့သည် ငါ့ကို ချစ်၍ ငါသည် ဘုရားသခင်ထံမှ လာကြောင်းကို ယုံကြည်ကြသောကြောင့် ခမည်းတော်ကိုယ်တိုင် သင်တို့ကို ချစ်တော်မူ၏။
ဤသို့ပြုကြခြင်းမှာ သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိကြသောကြောင့် ဖြစ်၏။
ကိုယ်တော်သည် အရာခပ်သိမ်းကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော့်ကို မေးလျှောက်ရန် မလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါ၏။ ထို့ကြောင့် သခင်သည် ဘုရားသခင်ထံမှ ကြွလာကြောင်းကို အကျွန်ုပ်တို့ ယုံကြည်ကြပါ၏” ဟု လျှောက်ကြ၏။
ယခု အကျွန်ုပ်သည် ဤလောကမှ ထွက်ခွာ၍ ကိုယ်တော်ထံသို့ လာပါတော့မည်။ ထိုသူတို့သည် ဤလောက၌ ကျန်ရစ်ခဲ့မည်။ သန့်ရှင်းတော်မူသောအဖ… ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်သားတည်းဖြစ်သကဲ့သို့ ထိုသူတို့သည် တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်ထံ ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူပါ။
ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်သကဲ့သို့ အကျွန်ုပ်သည်လည်း သူတို့ကို ဤလောကသို့ စေလွှတ်ပါ၏။
အို အဖ… အကျွန်ုပ်နှင့် ကိုယ်တော်သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည် တစ်သားတည်းဖြစ်ရန် ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၌ တည်တော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ တည်သကဲ့သို့ သူတို့ကို အကျွန်ုပ်တို့၌ တည်စေတော်မူပါ။ ဤသည်မှာ အကျွန်ုပ်အား ကိုယ်တော်စေလွှတ်တော်မူကြောင်းကို လောကီသားတို့ ယုံကြည်လာနိုင်စေရန်ဖြစ်၏။
အကျွန်ုပ်သည် သူတို့၌ တည်၍ ကိုယ်တော်သည်လည်း အကျွန်ုပ်၌ တည်တော်မူ၏။ ထိုကဲ့သို့ စုံလင်စွာတစ်သားတည်းဖြစ်ခြင်းအားဖြင့် အဖသည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကို ချစ်တော်မူကြောင်းကို လောကီသားတို့သိကြပါလိမ့်မည်။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကို သိကျွမ်းခြင်းနှင့် ဤလောကသို့ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောတရားတော်ကို အကျွန်ုပ်သည် ထိုသူတို့အား ပေး၍ သူတို့သည် ခံယူရရှိကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်ထံမှ လာကြောင်းကို သူတို့သည် အမှန်ပင်သိကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကိုလည်း သူတို့ယုံကြည်ကြပါ၏။
ဘုရားသခင်သည် မိမိ၏ သားတော်ကို လောကသို့ စေလွှတ်တော်မူသည်မှာ လောကီသားတို့ကို အပြစ်စီရင်ရန် မဟုတ်။ လောကီသားတို့ကို သားတော်အားဖြင့် ကယ်တင်ရန်ဖြစ်၏။
သုံးလေးမိုင်ခန့် လှော်ခတ်ပြီးသောအခါ ယေရှုသည် ရေပေါ်တွင် လမ်းလျှောက်လျက် လှေရှိရာသို့ ကြွလာသည်ကို သူတို့ မြင်၍ ကြောက်လန့်ကြကုန်၏။
သို့သော် ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် ထိုအရှင်ထံတော်မှ လာ၏။ ထိုအရှင်သည်လည်း ငါ့ကို စေလွှတ်တော်မူ၏” ဟု ကြွေးကြော်တော်မူ၏။
ထိုအခါ သူတို့က “သင်၏ ခမည်းတော်သည် အဘယ်မှာရှိသနည်း” ဟု မေးကြ၏။ ယေရှုက “သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မသိကြ။ ငါ့ကို သိလျှင် ငါ့ခမည်းတော်ကိုလည်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော်လည်း ထိုအရှင်ကို သင်တို့မသိကြ။ ငါမူကား သိ၏။ ငါမသိဟု ဆိုလျှင် ငါသည် သင်တို့ကဲ့သို့ လိမ်လည်သောသူဖြစ်လိမ့်မည်။ ငါသည် ထိုအရှင်ကို သိ၍ ထိုအရှင်၏ စကားတော်ကိုလည်း နားထောင်၏။
အကြောင်းမှာ ငါသည် မြို့ထဲသို့သွား၍ သင်တို့တည်ထားကိုးကွယ်သောဘုရားများကို ဂရုတစိုက်လှည့်ပတ်ကြည့်ရှုစဉ် ‘အမည်မသိသောဘုရားအတွက်’ ဟူ၍ ရေးထိုးထားသော ဘုရားစင်တစ်ခုကို မြင်ပါ၏။ ဤသို့ သင်တို့မသိမမြင်ဘဲ ကိုးကွယ်နေသော ထိုဘုရားအကြောင်းကို ယခု ကျွန်ုပ်ဟောပြောနေခြင်းဖြစ်၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
ထို့ပြင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းသည် မိုက်မဲသည်ဟု သူတို့ထင်မှတ်သောကြောင့် ဘုရားသခင်သည် သူတို့ကို ပညာမဲ့စွာတွေးခေါ်ခြင်းလက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့သည် မပြုအပ်သောအမှုတို့ကို ပြုကြ၏။
သို့သော် ယခုအချိန်တွင် ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကို ပြသရန် လူတို့ကျူးလွန်သောအပြစ်များကို ပြစ်ဒဏ်ပေးတော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်သည် မိမိကိုယ်တိုင်က ဖြောင့်မတ်တော်မူ၍ ယေရှုကို ယုံကြည်သောသူတို့ကိုလည်း ဖြောင့်မတ်စေတော်မူမည့်အကြောင်းကို ဖော်ပြတော်မူ၏။
လူ၏ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကို မသိနိုင်စေရန် ဘုရားသခင်သည် ဉာဏ်တော်ဖြင့် စီမံခန့်ခွဲထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသောတရားဟု လူတို့ယူဆသည့် ကျွန်ုပ်တို့ဟောသောတရားအားဖြင့် ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ကယ်တင်ရန် အလိုရှိတော်မူ၏။
အမြင်မှန်ရကြလော့။ ဆက်၍ အပြစ်မပြုနှင့်။ သင်တို့ထဲမှ တချို့သည် ဘုရားသခင်ကို လုံးဝမသိကြ။ သင်တို့အရှက်ရစေရန် ဤသို့ ကျွန်ုပ်ပြော၏။
ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။
ဘုရားသခင်ကို မသိသောသူတို့နှင့် ကျွန်ုပ်တို့သခင်ယေရှု၏ သတင်းကောင်းကို မလိုက်နာသောသူတို့ကို စီရင်တော်မူလိမ့်မည်။
အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် ငါ့ကို သိကြမည် ဖြစ်သောကြောင့် ‘ထာဝရဘုရားကို သိလော့’ ဟု အမျိုးသားချင်းနှင့် ညီအစ်ကိုချင်းတို့အား သွန်သင်ရန် မလိုအပ်ပေ။
သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏အပြစ်များကို ဖွင့်ဟဝန်ခံပါက ကိုယ်တော်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့ကို အပြစ်များမှ ဖြေလွှတ်ကာ မတရားမှုအားလုံးမှ စင်ကြယ်စေတော်မူလိမ့်မည်။
အသေသတ်ခြင်းခံရသော သိုးသငယ်တော်၏ အသက်စာစောင်၌ ကမ္ဘာဦးအစကပင် အမည်စာရင်းပါသောသူများမှလွဲ၍ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
ထို့နောက် ရေကို အုပ်စိုးသောကောင်းကင်တမန်က “အို သန့်ရှင်းတော်မူသောအရှင်… ကိုယ်တော်သည် ယခုရှိလျက်၊ ယခင်ကလည်းရှိတော်မူပြီး ကိုယ်တော်၏ တရားစီရင်ခြင်းသည် တရားမျှတပါ၏။