Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 1:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 သို့သော် ကျွန်ုပ်တို့​သည် မိမိတို့​၏​အပြစ်များ​ကို ဖွင့်ဟ​ဝန်ခံ​ပါက ကိုယ်တော်​သည် သစ္စာ​နှင့်​ပြည့်စုံ​ပြီး ဖြောင့်မတ်သော​အရှင်​ဖြစ်တော်မူ​သောကြောင့် ကျွန်ုပ်တို့​ကို အပြစ်များ​မှ ဖြေလွှတ်​ကာ မတရားမှု​အားလုံး​မှ စင်ကြယ်စေတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 သို့​ရာ​တွင်​အ​ပြစ်​ဝန်​ချ​ကြ​လျှင်​ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​၍​တ​ရား​မျှ​တ တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ငါ​တို့ ၏​အြုပစ်​များ​ကို​ဖြေ​လွှတ်​၍​ငါ​တို့​အား ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​အ​ပေါင်း​တို့​နှင့် ကင်း​စင်​စေ​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ​တို့​သည် ကိုယ့်​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျှင် ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​၍ ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​သောကြောင့် ငါ​တို့​၏​အပြစ်​များ​ကို​ခွင့်လွှတ်​ပြီး ငါ​တို့​ကို မတရားမှု​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 1:9
37 ပူးပေါင်းရင်းမြစ်များ  

ထို​သူတို့​သည် မိမိတို့​၏​အပြစ်များ​ကို ဝန်ခံကြ​သောအခါ ယောဟန်​သည် ဂျော်ဒန်မြစ်​ထဲ​၌ ထို​သူတို့​ကို နှစ်ခြင်းမင်္ဂလာ​ပေးလေ၏။


ဂျေရုဆလင်​မြို့သူမြို့သားများ​နှင့် ယုဒနယ်​တစ်ခွင်လုံး​မှ လူများ​သည် ယောဟန်​ထံသို့ သွားကြ၏။ ထို့နောက် သူတို့​သည် မိမိတို့​၏ အပြစ်များ​ကို ဝန်ခံကြ​သောအခါ ယောဟန်​သည် သူတို့​ကို ဂျော်ဒန်မြစ်​ထဲ၌ နှစ်ခြင်းမင်္ဂလာ​ပေးလေ၏။


သို့သော် ပေတရု​က “အမျိုးသမီး… ထို​သူ​ကို ငါ​မသိပါ” ဟု ငြင်းလေ၏။


တရားမျှတတော်မူသော​အဖ… လောကီသားတို့​သည် ကိုယ်တော်​ကို မသိကြ​သော်လည်း အကျွန်ုပ်​သိပါ၏။ ကိုယ်တော်​သည် အကျွန်ုပ်​အား စေလွှတ်တော်မူကြောင်း​ကို ဤ​တပည့်တော်တို့​သိကြပါ၏။


ယုံကြည်သော​သူတို့​သည်လည်း လာ​၍ သူတို့​ပြုလုပ်ခဲ့သော အရာများ​ကို လူ​အများ​ရှေ့​တွင် ဖော်ပြ​ကာ ဝန်ခံကြ၏။


သို့သော် ယခု​အချိန်​တွင် ဘုရားသခင်​သည် မိမိ​၏​ဖြောင့်မတ်ခြင်း​ကို ပြသ​ရန် လူတို့​ကျူးလွန်သော​အပြစ်များ​ကို ပြစ်ဒဏ်​ပေးတော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်​သည် မိမိ​ကိုယ်တိုင်​က ဖြောင့်မတ်တော်မူ​၍ ယေရှု​ကို ယုံကြည်သော​သူတို့​ကိုလည်း ဖြောင့်မတ်စေတော်မူမည့်​အကြောင်း​ကို ဖော်ပြတော်မူ၏။


သင်တို့​အား မိမိ​၏​သားတော်၊ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​နှင့် မိတ်သဟာယဖွဲ့​ပေါင်းဖော်​စေရန် ရွေးကောက်တော်မူသော ဘုရားသခင်​သည် သစ္စာရှိတော်မူ၏။


သင်တို့​ထဲမှ တချို့​သည် ယခင်​က ထိုကဲ့သို့သော​သူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခု​တွင် သခင်​ယေရှု​ခရစ်တော်​နှင့် ကျွန်ုပ်တို့​ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူ​အဖြစ် သတ်မှတ်​ခံရကြပြီ။


ထိုသို့ အသက်ပေးတော်မူခြင်း​သည် ရေ​နှင့် နှုတ်ကပတ်တော်​ဖြင့် အသင်းတော်​ကို ဆေးကြော​၍ သန့်ရှင်း​စင်ကြယ်​ပြီးမှ


“ယေရှု​ခရစ်တော်​သည် အပြစ်သားများ​ကို ကယ်တင်​ရန် ဤ​လောက​သို့ ဆင်းကြွလာသည်” ဟူသော စကား​သည် လုံးဝ​မှန်ကန်ပြီး အပြည့်အဝ​လက်ခံ​ထိုက်၏။ ထို​အပြစ်သားများ​အနက် ကျွန်ုပ်​သည် အဆိုးဆုံး​ဖြစ်၏။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


ကတိပေးတော်မူသော​အရှင်​သည် သစ္စာရှိတော်မူ​သောကြောင့် ကျွန်ုပ်တို့​ဝန်ခံသော​မျှော်လင့်ချက်​ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။


မြုံသော​စာရာ​သည် အသက်​အရွယ်​လွန်​သော်လည်း ယုံကြည်ခြင်း​ဖြင့် ကိုယ်ဝန်ဆောင်နိုင်ခွင့်​ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကတိထားတော်မူသော​အရှင်​မှာ သစ္စာ​ရှိသည်​ဟု သူ​မှတ်ယူ​သောကြောင့် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင် မဟုတ်။ ဘုရားသခင်​သည် သင်တို့​ပြုသော​အမှု​ကို​လည်းကောင်း၊ ယုံကြည်သူတို့​ကို ယခင်​က အစေခံ​သကဲ့သို့ ယခု​ဆက်လက် အစေခံရာ​တွင် ထားသော​သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသိအမှတ်​မပြုဘဲ နေတော်မူမည်​မဟုတ်။


သို့ရာတွင် ဘုရားသခင်​သည် အလင်း​တွင် ရှိတော်မူ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း အလင်း​တွင် ကျင်လည်ကြ​လျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း​ရှိ​သဖြင့် သားတော်​ယေရှု​၏​အသွေးတော်​သည် ကျွန်ုပ်တို့​ကို အပြစ်​အားလုံး​မှ ကင်းစင်စေတော်မူ၏။


ထို​သူတို့​သည် ဘုရားသခင်​၏ အစေခံ​မောရှေ​၏​သီချင်း​နှင့် သိုးသငယ်တော်​၏ သီချင်း​ကို သီဆိုနေကြ၏။ ထို​သီချင်း​မှာ “အို အနန္တ​တန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်​၏ လုပ်ဆောင်မှုတို့​သည် ကြီးမြတ်​၍ အံ့ဖွယ်​ဖြစ်ပါ၏။ အို လူမျိုး​အပေါင်းတို့​၏ ဘုရင်… ကိုယ်တော်​၏ နည်းလမ်းတို့​သည် တရားမျှတ​၍ မှန်ကန်ပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ