ဟေဗြဲ 8:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း11 အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် ငါ့ကို သိကြမည် ဖြစ်သောကြောင့် ‘ထာဝရဘုရားကို သိလော့’ ဟု အမျိုးသားချင်းနှင့် ညီအစ်ကိုချင်းတို့အား သွန်သင်ရန် မလိုအပ်ပေ။ အခန်းကိုကြည့်ပါ။Common Language Bible11 အဘယ်သူမျှမိမိ၏အမျိုးသားချင်း ကိုသော်လည်းကောင်း၊ မိမိ၏ညီအစ်ကိုအချင်းချင်းကိုသော်လည်း ကောင်း ထာဝရဘုရားအားသိလော့ဟုသွန်သင်ပေးရန် လိုမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူအပေါင်းတို့သည် အငယ်ဆုံးမှအကြီးဆုံးတိုင်အောင်ငါ့ကို သိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။ အခန်းကိုကြည့်ပါ။Garrad Bible11 အ ပေါင်း အ ဖော် ချင်း၊ ဆွေ မျိုး သား ချင်း တို့ အား ထာ ဝ ရ ဘု ရား ကို သိ ကျွမ်း လော့ ဟူ၍ သွန် သင် ကြ ရ မည် မ ဟုတ်။ လူ ကြီး လူ ငယ် အ ပေါင်း တို့ သည် ငါ့ ကို သိ ကျွမ်း ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible11 ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမဩဝါဒ မပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 သူတို့အသီးသီးသည် မိမိအမျိုးသားချင်းနှင့် မိမိညီအစ်ကိုချင်းအား ‘ထာဝရဘုရားကိုသိလော့’ဟု သင်ပေးရလိမ့်မည်မဟုတ်။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူအပေါင်းတို့သည် ငါ့ကိုသိကျွမ်းကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့သော် ကိုယ်တော်သည် မိမိဝိညာဉ်တော်ကို သင်တို့အပေါ် သွန်းလောင်းတော်မူပြီ။ ထိုဝိညာဉ်တော်သည် သင်တို့ထဲ၌ ကိန်းအောင်း၍ သင်တို့အား အရာအားလုံးကို သွန်သင်ပေးတော်မူသဖြင့် မည်သူမျှ သင်တို့ကို သွန်သင်ပေးရန် မလိုအပ်ပါ။ ဝိညာဉ်တော်သွန်သင်ပေးတော်မူသောအရာတို့သည် မှန်ကန်၍ အမှားမရှိ။ ထို့ကြောင့် သင်တို့သည် ထိုသွန်သင်မှုအတိုင်း ခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိကြလော့။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။