Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 1:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ထို့ပြင် ဘုရားသခင်​ကို အသိအမှတ်​ပြုခြင်း​သည် မိုက်မဲသည်​ဟု သူတို့​ထင်မှတ်​သောကြောင့် ဘုရားသခင်​သည် သူတို့​ကို ပညာမဲ့​စွာ​တွေးခေါ်ခြင်း​လက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့​သည် မပြုအပ်သော​အမှုတို့​ကို ပြုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ထို​သူ​တို့​သည်​ဘု​ရား​ကို​ဘု​ရား​ဟူ​၍ မ​အောက်​မေ့​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့် သူ​တို့ သည်​မှန်​ကန်​စွာ​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ တော့​ဘဲ​မ​ပြု​ကျင့်​သင့်​သော​အ​ရာ​များ​ကို ပြု​ကျင့်​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ထို သူ တို့ သည် ဘု ရား သ ခင် အား သိ ကျွမ်း ရ ခွင့် ကို သ ဘော မ ကျ ဘဲ နေ ကြ သည့် နည်း တူ၊ ဘု ရား သ ခင် လည်း၊ မ သင့် မ လျော် ရာ များ ကို ပြု ကြ စေ ရန် သ ဘော တော် မ ကျ သော စိတ် သို့ အပ် လိုက် တော် မူ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​မ​မှတ်​လို​သည်​ဖြစ်၍၊ မ​လျောက်​ပတ်​သော အ​မှု​ကို ပြု​စေ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို မော​ဟ​လက်​သို့ အပ်​လိုက်​တော်​မူ​သည်​နှင့်​အ​ညီ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 1:28
33 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမှာ ငါ​သည် မြို့​ထဲသို့​သွား​၍ သင်တို့​တည်ထား​ကိုးကွယ်သော​ဘုရားများ​ကို ဂရုတစိုက်​လှည့်ပတ်​ကြည့်ရှု​စဉ် ‘အမည်​မသိသော​ဘုရား​အတွက်’ ဟူ၍ ရေးထိုးထားသော ဘုရားစင်​တစ်ခု​ကို မြင်ပါ၏။ ဤသို့ သင်တို့​မသိ​မမြင်ဘဲ ကိုးကွယ်နေသော ထို​ဘုရား​အကြောင်း​ကို ယခု ကျွန်ုပ်​ဟောပြောနေခြင်း​ဖြစ်၏။


သေလွန်သော​သူတို့​ထမြောက်ခြင်း​အကြောင်း​ကို ကြားရ​သောအခါ တချို့​က လှောင်ပြောင်​ကဲ့ရဲ့ကြ၏။ သို့သော် တချို့​မှာ “ဤ​အကြောင်း​ကို နောက်​တစ်ကြိမ် ထပ်​၍ ကြားနာလိုပါသည်” ဟု ပြောကြ၏။


ဘုရားသခင်​သည် သမ္မာတရား​ကို မတရားမှု​ဖြင့် ဖုံးကွယ်​တားဆီးကြသော ဘုရားတရားမဲ့သူများ​နှင့် ဆိုးယုတ်သူများ​အား မိမိ​၏ အမျက်တော်​ကို ကောင်းကင်ဘုံ​မှ ဖော်ပြတော်မူ၏။


သူတို့​သည် ဘုရားသခင်​အကြောင်း​ကို သိကြ​သော်လည်း ဘုရား​အဖြစ် မကိုးကွယ်၊ ကျေးဇူး​လည်း​မတင်ကြ။ ထို့ပြင် သူတို့သည် ဘုရားသခင်​အကြောင်း​ကို ပညာမဲ့​စွာ တွေးခေါ်လာကြ​သဖြင့် သူတို့​၏ အသိတရား​မဲ့သော​စိတ်နှလုံး​၌ အမှောင်ဖုံးလေ၏။


ထို့ကြောင့် ဘုရားသခင်​သည် သူတို့​ကို သူတို့​၏ စိတ်နှလုံး​တပ်မက်သော စက်ဆုပ်​ညစ်ညမ်းဖွယ်ရာများ​လက်သို့ အပ်လိုက်တော်မူ၏။ ဤသို့ဖြင့် သူတို့​သည် အချင်းချင်း​ဆက်ဆံ​၍ သူတို့​၏ ကိုယ်ခန္ဓာများ​ကို အသရေ​ပျက်စေကြ၏။


ထို့ကြောင့် ဘုရားသခင်​သည် ထို​သူတို့​အား ရှက်ဖွယ်ကောင်းသော​ကိလေသာ​လက်သို့ အပ်လိုက်တော်မူ၏။ အမျိုးသမီးများ​ပင်လျှင် သဘာဝ​နှင့်​လျော်ညီသော ဆက်ဆံခြင်း​ကို စွန့်​၍ သဘာဝ​နှင့် ဆန့်ကျင်သော ဆက်ဆံခြင်း​၌ မွေ့လျော်ကြ၏။


အမြင်မှန်​ရကြလော့။ ဆက်​၍ အပြစ်​မပြုနှင့်။ သင်တို့​ထဲမှ တချို့​သည် ဘုရားသခင်​ကို လုံးဝ​မသိကြ။ သင်တို့​အရှက်ရ​စေရန် ဤသို့ ကျွန်ုပ်​ပြော၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​အား သိကျွမ်းသည့်​ဉာဏ်ပညာ​ကို ဆန့်ကျင်သော​မာန်မာန​တိုင်း​ကို ဖြိုဖျက်​၍ လူ့​အတွေးအခေါ်​တိုင်း​ကို ချုပ်နှောင်​ကာ ခရစ်တော်​၏​စကား​ကို နာခံစေကြ၏။


မဖွယ်မရာ​စကား၊ အနှစ်သာရ​မရှိသော​စကား၊ ညစ်ညမ်းသော​ပြက်လုံးတို့​သည်လည်း မသင့်လျော်​သဖြင့် မပြောဆိုကြနှင့်။ ဘုရားသခင်​အား ကျေးဇူးတင်သော​စကားများ​ကိုသာ ပြောဆိုကြလော့။


ဘုရားသခင်​ကို မသိသော​သူတို့​နှင့် ကျွန်ုပ်တို့​သခင်​ယေရှု​၏ သတင်းကောင်း​ကို မလိုက်နာသော​သူတို့​ကို စီရင်တော်မူ​လိမ့်မည်။


ယန္နေ​နှင့် ယံဗြေ​တို့​သည် မောရှေ​ကို ဆန့်ကျင်​သကဲ့သို့ ထို​သူတို့​သည်လည်း သမ္မာတရား​ကို ဆန့်ကျင်ကြ၏။ သူတို့​သည် စိတ်ဓာတ်​ပျက်ပြား​၍ ယုံကြည်ယောင်​ဆောင်သူများ​ဖြစ်ကြ၏။


သူတို့​သည် ဘုရားသခင်​ကို သိသည်​ဟု ဝန်ခံ​သော်လည်း သူတို့​၏ အပြုအမူ​ဖြင့် ကိုယ်တော်​ကို ငြင်းပယ်ကြ၏။ သူတို့​သည် စက်ဆုပ်​ရွံရှာဖွယ်​ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်​ကောင်းမှု​ကိုမျှ ပြုနိုင်စွမ်း​မရှိသောသူများ ဖြစ်ကြ၏။


ထို့ကြောင့် ကျွန်ုပ်​သည် သင့်​အား သင့်လျော်သော​အရာ​ကို လုပ်ဆောင်​ရန် ခရစ်တော်​အားဖြင့် ရဲဝံ့​စွာ အမိန့်ပေးနိုင်​သော်လည်း


သို့သော် ဘုရားသခင်​သည် နှုတ်ကပတ်တော်​အားဖြင့် ကောင်းကင်​ကို ရှေးယခင်​ကပင် တည်ရှိစေပြီး ရေ​ဖြင့် မြေကြီး​ကို ရေ​ထဲမှ ပေါ်ထွက်စေကြောင်း သူတို့ တမင်​မေ့လျော့ထားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ