ရှင်ယောဟန် 15:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်’ ဟု သင်တို့ကို ငါပြောခဲ့သောစကားကို သတိရကြလော့။ လောကီသားတို့သည် ငါ့ကို ညှဉ်းပန်းနှိပ်စက်လျှင် သင်တို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သူတို့သည် ငါ့စကားကို နားထောင်လျှင် သင်တို့၏စကားကိုလည်း နားထောင်ကြလိမ့်မည်။ Common Language Bible ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်ဟု သင်တို့အားငါပြောခဲ့သည်ကိုသတိရကြလော့။ လောကသားတို့သည်ငါ့ကိုညှဉ်းပန်းခဲ့ကြလျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ သူတို့ သည်ငါ့စကားကိုလိုက်နာလျှင် သင်တို့၏ စကားကိုလည်းလိုက်နာကြလိမ့်မည်။- Garrad Bible ကျွန်သည် သခင်ထက်ကြီးမြတ်သည်မဟုတ်ဟူ၍ ငါမိန့်ခဲ့သောအချက်ကိုသတိရကြလော့။ ငါ့ကိုညှဉ်းပန်းခဲ့လျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ ငါ့တရားကိုစောင့်ရှောက်ခဲ့လျှင် သင်တို့ဟောတိုင်းစောင့်ရှောက်ကြလိမ့်မည်။ Judson Bible ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။ မြန်မာ ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။- |
သူတို့က “အကျွန်ုပ်တို့ တတ်နိုင်ပါသည်” ဟု လျှောက်ကြ၏။ ထိုအခါ ယေရှုက “သင်တို့သည် ငါ့ခွက်ကို အမှန်သောက်ကြရမည်။ ငါခံယူရမည့်နှစ်ခြင်းမင်္ဂလာကိုလည်း ခံယူကြရမည်။
ထို့နောက် ရှိမောင်သည် သူတို့ကို ကောင်းချီးပေး၍ မိခင်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာကို လဲစေရန်သော်လည်းကောင်း၊ များစွာကို ထစေရန်သော်လည်းကောင်း ခန့်အပ်ခြင်းခံရသောသူဖြစ်၏။ ဆန့်ကျင်ခြင်းခံရမည့် နိမိတ်လက္ခဏာအဖြစ် စေလွှတ်ခံရသောသူလည်းဖြစ်၏။
တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ သို့သော်လည်း ကောင်းမွန်စွာလေ့ကျင့်သင်ကြားခြင်းကို ခံယူသောသူတိုင်းသည် မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။
ထိုအချိန်တွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများက ယေရှုကို ဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ယေရှုကို တွေ့လျှင် ချက်ချင်းလာရောက် သတင်းပေးရမည်ဟု အမိန့်ထုတ်ထားကြ၏။
သင်တို့အား ငါအမှန်ဆို၏။ ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်။ အစေလွှတ်ခံသည်လည်း စေလွှတ်သူထက် သာ၍ ကြီးမြတ်သည်မဟုတ်။
ဤသို့သောအခြင်းအရာများကို ဥပုသ်နေ့၌ ယေရှုပြုတော်မူသောကြောင့် ဂျူးခေါင်းဆောင်တို့သည် ယေရှုကို လိုက်လံနှောင့်ယှက်ကြ၏။
ထိုသို့ လူတို့တီးတိုးပြောဆိုနေကြသည်ကို ဖာရိရှဲများ ကြားသော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တိုင်ပင်၍ ယေရှုကို ဖမ်းဆီးရန် ဗိမာန်တော်အစောင့်များကို စေလွှတ်လိုက်ကြ၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ” ဟု မိန့်တော်မူ၏။
ဂျူးလူမျိုးတို့က “သင်သည် နတ်ဆိုးပူးသောသူဖြစ်ကြောင်း ယခုငါတို့ သိပြီ။ အာဗြဟံနှင့် ပရောဖက်တို့သည်လည်း သေဆုံးကြ၏။ သို့သော်လည်း သင်က ‘ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ’ ဟု ဆို၏။
ထိုအခါ သူတို့သည် ယေရှုကို ပေါက်ရန် ကျောက်ခဲများကို ကောက်ကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
မိမိတို့စားဝတ်နေရေးအတွက် မိမိတို့လက်ဖြင့် ပင်ပန်းစွာ လုပ်ကိုင်ကြ၏။ မိမိတို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြ၏။ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။
ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသော်လည်း ဘုရားသခင်၏ စွန့်ပစ်ခြင်းကို မခံရ။ အလဲထိုးခံရသော်လည်း ရှုံးနိမ့်ခြင်းမရှိကြ။
ဂျူးလူမျိုးတို့သည် သခင်ယေရှုနှင့် ပရောဖက်များကို သတ်၍ ကျွန်ုပ်တို့ကိုလည်း နှင်ထုတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို မနှစ်မသက် ဖြစ်စေလျက် လူအပေါင်းကို ဆန့်ကျင်ကြ၏။
အမှန်ပင် ယေရှုခရစ်တော်ကို ယုံကြည်၍ ဘုရားတရားကိုင်းရှိုင်းလျက် နေထိုင်လိုသူတိုင်း ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မည်။