Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 15:20 - မြန်မာ

20 ကျွန်​သည် မိ​မိ​သ​ခင်​ထက်​သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်​ဟု ငါ​ပြော​ခဲ့​ပြီး​သော​စ​ကား​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​လျှင် သင်​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​နား​ထောင်​လျှင် သင်​တို့၏​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ကျွန်​သည်​သ​ခင်​ထက်​ကြီး​မြတ်​သည်​မ​ဟုတ်​ဟု သင်​တို့​အား​ငါ​ပြော​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့။ လော​က​သား​တို့​သည်​ငါ့​ကို​ညှဉ်း​ပန်း​ခဲ့​ကြ​လျှင် သင်​တို့​ကို​လည်း​ညှဉ်း​ပန်း​ကြ​လိမ့်​မည်။ သူ​တို့ သည်​ငါ့​စ​ကား​ကို​လိုက်​နာ​လျှင် သင်​တို့​၏ စ​ကား​ကို​လည်း​လိုက်​နာ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ကျွန်သည် သခင်ထက်ကြီးမြတ်သည်မဟုတ်ဟူ၍ ငါမိန့်ခဲ့သောအချက်ကိုသတိရကြလော့။ ငါ့ကိုညှဉ်းပန်းခဲ့လျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ ငါ့တရားကိုစောင့်ရှောက်ခဲ့လျှင် သင်တို့ဟောတိုင်းစောင့်ရှောက်ကြလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကျွန်​သည် မိ​မိ​သ​ခင်​ထက်​သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်​ဟု ငါ​ပြော​ခဲ့​ပြီး​သော​စ​ကား​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​လျှင် သင်​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​နား​ထောင်​လျှင် သင်​တို့၏​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ‘ကျွန်​သည် သူ့​သခင်​ထက် ကြီးမြတ်​သည်​မ​ဟုတ်’​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​သည့်​စကား​ကို သတိရ​ကြ​လော့။ လူ​တို့​သည် ငါ့​ကို​ညှဉ်းဆဲ​ခဲ့​လျှင် သင်​တို့​ကို​လည်း ညှဉ်းဆဲ​ကြ​လိမ့်မည်။ ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​ခဲ့​လျှင် သင်​တို့​၏​စကား​ကို​လည်း လိုက်နာ​စောင့်ထိန်း​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ‘ကျွန်​သည် သခင်​ထက် သာ​၍ ကြီးမြတ်သည်​မဟုတ်’ ဟု သင်တို့​ကို ငါ​ပြောခဲ့သော​စကား​ကို သတိရကြလော့။ လောကီသားတို့​သည် ငါ့​ကို ညှဉ်းပန်းနှိပ်စက်​လျှင် သင်တို့​ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြ​လိမ့်မည်။ သူတို့​သည် ငါ့​စကား​ကို နားထောင်​လျှင် သင်တို့​၏​စကား​ကိုလည်း နားထောင်ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 15:20
22 ပူးပေါင်းရင်းမြစ်များ  

တ​ပည့်​သည် ဆ​ရာ​ထက်​မ​သာ။ ကျွန်​သည် သ​ခင်​ထက်​မ​သာ။-


အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က၊ ငါ​သောက်​သော​ခွက်​ကို သင်​တို့​သည် သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို​လည်း သင်​တို့​သည် ခံ​ရ​ကြ​လိမ့်​မည်။-


ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။-


တ​ပည့်​သည် ဆ​ရာ​ထက်​မ​သာ။ အ​ပြီး​သင်​ပြီး​သော တ​ပည့်​တိုင်း မိ​မိ​ဆ​ရာ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။-


ထို​အ​ခါ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ တစ်​ဖန် ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။-


ထို​အ​ခါ အ​ဘယ်​သူ​သည် ယေ​ရှု​ရှိ​ရာ​အ​ရပ်​ကို​သိ​လျှင် သူ့​ကို​ဖမ်း​ဆီး​စေ​ခြင်း​ငှာ ပြ​ညွှန်​ရ​မည်​ဟု ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် မှာ​ခဲ့​ကြ​ပြီ။


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကျွန်​သည် သ​ခင်​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်၊ တ​မန်​သည်​လည်း စေ​လွှတ်​သော​သူ​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်။-


ထို​အ​မှု​ကို ဥ​ပုသ်​နေ့၌​ပြု​တော်​မူ​သော​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ယေ​ရှု​ကို​ညှဉ်း​ဆဲ​ကြ၏။-


ထို​သို့​လူ​များ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ​သည်​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် တိုင်​ပင်​ပြီး​မှ ကိုယ်​တော်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ မင်း​လု​လင်​တို့​ကို စေ​လွှတ်​ကြ၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​သော​သူ​သည် သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ်​ကင်း​လွတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ယု​ဒ​လူ​တို့​က​လည်း၊ သင်၌​နတ်​ဆိုး​စွဲ​သည်​ကို ယ​ခု​ငါ​တို့​သိ​ကြ၏။ အာ​ဗြ​ဟံ​မှ​စ၍ ပ​ရော​ဖက်​တို့​သည် သေ​လွန်​ကြ​ပြီ။ သင်​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​သော​သူ​သည် သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ်​ကင်း​လွတ်​လိမ့်​မည်​ဟု ဆို​ပါ​သည်​တ​ကား။-


ထို​အ​ခါ ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။ ယေ​ရှု​သည်​တိမ်း​ရှောင်၍ ထို​သူ​တို့​အ​လယ်၌ လျှောက်​သွား​ပြီး​လျှင် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ