Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 2:34 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 ထို့နောက် ရှိမောင်​သည် သူတို့​ကို ကောင်းချီးပေး​၍ မိခင်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေးလူမျိုး​ထဲမှ လူ​များစွာ​ကို လဲ​စေရန်​သော်လည်းကောင်း၊ များစွာ​ကို ထ​စေရန်​သော်လည်းကောင်း ခန့်အပ်ခြင်း​ခံရသော​သူ​ဖြစ်၏။ ဆန့်ကျင်ခြင်း​ခံရမည့် နိမိတ်​လက္ခဏာ​အဖြစ် စေလွှတ်ခံရသော​သူလည်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 ရှု​မောင်​သည်​သူ​တို့​ကို​ကောင်း​ချီး​ပေး​၍ ``ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် ပျက်​စီး​ဆုံး​ရှုံး​ရ​သူ​များ​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ပေါ်​ပေါက်​လာ​စေ​ရန် ဤ​သူ​ငယ်​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​တော် မူ​ပြီ။ သူ​သည်​ဘု​ရား​သ​ခင်​၏​နိ​မိတ်​လက္ခ​ဏာ ဖြစ်​၍​သူ့​အား​လူ​အ​များ​ပင်​ဆန့်​ကျင်​ပြော​ဆို ကြ​ခြင်း​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 သူ တို့ ကို ကောင်း ကြီး ပေး ပြီး လျှင် မယ် တော် မာ ရိ အား ရှု မောင် က၊ နား ထောင် လော့။ ဤ သူ ငယ် တော် သည် ဣ သ ရေ လ လူ မျိုး တွင် အ များ တို့ လဲ ကျ စေ ရာ၊ အ များ တို့ ထ မြောက် စေ ရာ အ ဖြစ် ငြင်း ပယ် ကြ မည့် နိ မိတ် လ က္ခ ဏာ အ ဖြစ် ထား သူ နေ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

34 ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 2:34
38 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ကျွန်ုပ်တို့​သည် လက်ဝါးကပ်တိုင်​တွင် ခရစ်တော်​အသေခံသည့်​အကြောင်း​ကို ဟောပြောကြ၏။ ထို​အကြောင်းအရာ​သည် ဂျူးလူမျိုးတို့​အတွက် ဆူးငြောင့်ခလုတ်​ဖြစ်​ပြီး လူမျိုးခြားတို့​အတွက် အဓိပ္ပာယ်​မဲ့သော​အရာ ဖြစ်၏။


ထို​ကျောက်​ပေါ်သို့ ကျသော​သူ​သည် တစ်စစီ​ကျိုးပဲ့​လိမ့်မည်။ ထို​ကျောက်​သည် တစ်စုံတစ်ဦး​အပေါ်သို့ ကျ​လျှင်​လည်း ထို​သူ​သည် ညက်ညက်ကြေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သင်တို့​သည် ခရစ်တော်​၏​တပည့်တော်များ​ဖြစ်​သောကြောင့် ကဲ့ရဲ့ခံရ​လျှင် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ ဘုန်းကြီးသော​ဝိညာဉ်တော်​သည် သင်တို့​၌ ကိန်းဝပ်တော်မူ​သောကြောင့်​ဖြစ်၏။


ကောင်းချီး​ပေးသောသူ​သည် ကောင်းချီး​မင်္ဂလာ​ခံယူသူ​ထက် ပို၍​ကြီးမြတ်သည်​မှာ ငြင်းဆိုဖွယ်​မရှိ။


အဘယ်ကြောင့်နည်း။ ထို​သူတို့​သည် ဖြောင့်မတ်ကြောင်း သတ်မှတ်​ခံရ​ရန် ဘုရားသခင်​ကို ယုံကြည်မည့်​အစား ပညတ်တရား​ကို လိုက်နာကျင့်သုံးခြင်း​အားဖြင့် ကြိုးပမ်းကြ​သောကြောင့် ဖြစ်၏။ သူတို့​သည် ကျမ်းစာ​တွင် ဖော်ပြထားသည့် ဆူးငြောင့်ခလုတ်​ဖြစ်သော​ကျောက်​ကို တိုက်မိကြ၏။


ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​သည် ဆက်လက်​ပြန့်ပွား​သဖြင့် တပည့်တော်တို့​၏​အရေအတွက်​သည် ဂျေရုဆလင်မြို့​၌ အလွန်​တိုးပွား​၍ ယဇ်ပုရောဟိတ်​အများအပြား​သည်လည်း ယုံကြည်သက်ဝင်ကြ၏။


ဤ​လူ​သည် ပြဿနာ​ကို​ဖန်းတီးသော​သူ၊ ဆူပူအုံကြွမူ​ဖြစ်​ရန် ကမ္ဘာ​အရပ်ရပ်​ရှိ​ဂျူးတို့​ကို လှုံ့ဆော်နေသူ​ဖြစ်သည့်​အပြင် နာဇရက်​ဂိုဏ်း​၏​ခေါင်းဆောင်​တစ်ဦး​လည်း​ဖြစ်သည်​ကို တွေ့ရှိရပါ၏။


ထို​အိမ်​၌ မတွေ့​သဖြင့် ယာသုန်​နှင့် အခြား​ယုံကြည်သူများ​ကို အိမ်​အတွင်း​မှ ဆွဲထုတ်​ကာ မြို့​အာဏာပိုင်များ​ရှေ့သို့ ခေါ်ဆောင်သွားပြီး​လျှင် “ကမ္ဘာ​လောက​ကို မှောက်လှန်နေသူများ​သည် ယခု ဤ​မြို့​သို့ ရောက်ကြပါပြီ။


သို့သော် ဂျူးတို့​သည် ထို​လူအုပ်​ကို မြင်​သောအခါ မနာလိုစိတ်​နှင့် ပြည့်ကြ​သဖြင့် ပေါလု​ဟောပြောသော​အရာများ​ကို ဆန့်ကျင်​၍ ပေါလု​အား စော်ကားပြောဆိုကြ၏။


လောကီ​ရှင်ဘုရင်တို့​သည် ထကြ​၍ အာဏာပိုင်တို့​သည် အတူတကွ​စုရုံး​လျက် ထာဝရဘုရား​ကို ဆန့်ကျင်ဘက်​ပြု​၍ ဘိသိက်ခံရသူ​ကို ပုန်ကန်ကြ၏’ ဟူ၍ ဖြစ်၏။


ထိုအခါ ဂျူး​ခေါင်းဆောင်တို့​က ယေရှု​ကို သတ်​ရန် ပို၍​အားထုတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှု​သည် ဥပုသ်​စည်းကမ်း​ကို ချိုးဖောက်သည်​သာမက ဘုရားသခင်​ကိုလည်း ခမည်းတော်​ဟု ခေါ်​၍ မိမိ​ကိုယ်​မိမိ ဘုရား​နှင့် တန်းတူထားတော်မူ​သောကြောင့်​ဖြစ်၏။


အကျင့်ဆိုးတို့​ကို ကျင့်သောသူတို့​သည် အလင်း​ကို မုန်းကြ၏။ မိမိတို့​၏ အကျင့်ဆိုးများ ပေါ်လာမည်​ကို စိုး​သောကြောင့် အလင်း​သို့ မချဉ်းကပ်ကြ။


“အရှင်မင်းကြီး… ထို​လှည့်ဖြားသူ​အသက်ရှင်​စဉ်အခါ​က ‘ငါ​သည် သုံးရက်​ကြာ​ပြီးနောက် သေခြင်း​မှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်​ကို အကျွန်ုပ်တို့ မှတ်မိပါ၏။


ထိုသို့ လူထု​အား ဟောပြောနေ​စဉ် မယ်တော်​နှင့် ညီတော်တို့​သည် ယေရှု​ကို စကား​ပြောလို​၍ အပြင်​တွင် ရပ်​စောင့်လျက်​နေကြ၏။


တစ်ဖက်​တွင် လူသား​သည် စားသောက်​၍​နေသည်​ကို လူတို့​က ‘သူ​သည် အစားကြီးသူ၊ စပျစ်ဝိုင်​သောက်ကြူးသူ​ဖြစ်၏။ အခွန်​ကောက်သူများ​နှင့် အပြစ်သားတို့​၏​မိတ်ဆွေ​လည်း ဖြစ်သည်’ ဟု ဆိုကြပြန်၏။ သို့သော်လည်း ဉာဏ်ပညာ​သည် မှန်ကန်ကြောင်း ၎င်း​၏​လုပ်ဆောင်မှုများ​က ဖော်ပြသည်” ဟု မိန့်တော်မူ၏။


ဤ​မေလခိဇေဒက်​သည် ရှာလင်မြို့​၏​ဘုရင်​ဖြစ်ပြီး အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏ ယဇ်ပုရောဟိတ်​ဖြစ်၏။ အာဗြဟံ​သည် ရှင်ဘုရင်များ​ကို အနိုင်ရ​ပြီး အောင်ပွဲခံ​၍ ပြန်လာ​သောအခါ မေလခိဇေဒက်​သည် အာဗြဟံ​ကို ကြိုဆို​လျက် ကောင်းချီးပေးလေ၏။


သို့ရာတွင် ဤ​ဂိုဏ်း​အကြောင်း​နှင့်​ပတ်သက်​၍ နေရာ​အနှံ့​တွင် ဆန့်ကျင်​ပြောဆိုနေကြသည်​ကို ကျွန်ုပ်တို့​သိထား​သောကြောင့် သင်​၏​ထင်မြင်ယူဆချက်​ကို ကြားလိုပါသည်” ဟု ဆိုကြ၏။


သို့ဖြစ်၍ သူ​သည် လူ​များစွာတို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်မှုများ​ကို ပေါ်လွင်စေမည်။ သင့်​စိတ်နှလုံး​သည်လည်း ဓား​ဖြင့် ထိုး​ခံရ​သကဲ့သို့ ဖြစ်​လိမ့်မည်” ဟု ဆိုလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ