Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 4:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 မိမိတို့​စားဝတ်နေရေး​အတွက် မိမိတို့​လက်​ဖြင့် ပင်ပန်း​စွာ လုပ်ကိုင်ကြ၏။ မိမိတို့​ကို ကျိန်ဆဲသော​သူတို့​အား မေတ္တာပို့ကြ၏။ ညှဉ်းပန်းနှိပ်စက်ခြင်း​ကို ခံရ​သောအခါ သည်းခံကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 လက်​ဖြင့်​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​ကြ​ရ​၏။ ငါ​တို့​သည်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ​၏။ ညှင်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​သည်း​ခံ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ကိုယ့် လက် ဖြင့် ပင် ပန်း စွာ လုပ် ကိုင် ရ ကြ ၏။ ကဲ့ ရဲ့ ခံ ရာ၌ မေ တ္တာ ပို့ ခြင်း၊ ညှဉ်း ပန်း ခံ ရာ၌ တည် တံ့ ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ကိုယ်​လက်​နှင့် ပင်​ပန်း​စွာ လုပ်​ဆောင်​ရ​သော​သူ ဖြစ်​ကြ၏။ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​အ​ခါ မေ​တ္တာ​ပို့​ကြ၏။ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို ခံ​ရ​သော​အ​ခါ သည်း​ခံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 မိမိ​တို့​လက်​ဖြင့် အားထုတ်​လုပ်ဆောင်​လျက် နေ​ကြ​ရ​၏။ ပုတ်ခတ်​ပြောဆို​ခြင်း​ခံရ​သောအခါ ကောင်းချီး​ပေး​ကြ​၏။ ညှဉ်းဆဲ​ခြင်း​ခံရ​သောအခါ သည်းခံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 4:12
23 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် မဟုတ်မမှန်ဘဲ​အမျိုးမျိုး​စွပ်စွဲ​ပြောဆိုခြင်းတို့​ကို ခံရ​သောအခါ သင်တို့​သည် မင်္ဂလာ​ရှိကြ၏။


သို့ရာတွင် သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​၏​ရန်သူ​ကို ချစ်​၍ သင်တို့​ကို ညှဉ်းပန်းနှိပ်စက်သော​သူများ​အတွက် ဆုတောင်းမေတ္တာ​ပို့လော့။


ထိုအခါ ယေရှု​က “အို အဖ… သူတို့​အား​ခွင့်လွှတ်တော်မူပါ။ ထို​သူတို့​သည် မိမိတို့​အဘယ်​အမှု​ပြုနေသည်​ကို​ပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့​သည် အဝတ်တော်​ကို မဲနှိုက်​၍ ခွဲဝေကြ၏။


သင်တို့​ကို ကျိန်ဆဲသော​သူတို့​အတွက် ဆုတောင်းမေတ္တာ​ပို့ကြလော့။ သင်တို့​ကို နိုင်ထက်စီးနင်း​ပြုသော​သူတို့​အတွက် ဆုတောင်းပေးကြလော့။


‘ကျွန်​သည် သခင်​ထက် သာ​၍ ကြီးမြတ်သည်​မဟုတ်’ ဟု သင်တို့​ကို ငါ​ပြောခဲ့သော​စကား​ကို သတိရကြလော့။ လောကီသားတို့​သည် ငါ့​ကို ညှဉ်းပန်းနှိပ်စက်​လျှင် သင်တို့​ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြ​လိမ့်မည်။ သူတို့​သည် ငါ့​စကား​ကို နားထောင်​လျှင် သင်တို့​၏​စကား​ကိုလည်း နားထောင်ကြ​လိမ့်မည်။


လုပ်ငန်းချင်း​တူသောကြောင့် သူတို့​နှင့်အတူ​နေ​၍ အလုပ်လုပ်လေ၏။ ထို​သူတို့​မှာ တဲချုပ်သူများ​ဖြစ်ကြ၏။


ကျွန်ုပ်​နှင့် လုပ်ဖော်ကိုင်ဖက်များ​၏​လိုအပ်သော​အရာများ​အတွက် ကျွန်ုပ်​ကိုယ်တိုင် အလုပ်​လုပ်​၍ ထောက်ပံ့နိုင်ခဲ့သည်​ကို သင်တို့​သိကြ၏။


ထို့နောက် ဒူးထောက်​လျက် ကျယ်သော​အသံ​ဖြင့် “သခင်ဘုရား… ဤ​သူတို့ ပြုသော​အပြစ်များ​ကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်​၍ အသက်ဆုံးလေ၏။


သင်တို့​ကို ညှဉ်းပန်းနှိပ်စက်သော​သူတို့​ကို မေတ္တာပို့ကြလော့။ သူတို့​ကို မကျိန်ဆဲဘဲ မေတ္တာပို့ကြလော့။


လက်တုံ့ပြန်မည့်​အစား ဤသို့​ပြုလော့။ “သင်​၏ ရန်သူတို့​သည် ဆာလောင်​လျှင် ကျွေးလော့။ ရေငတ်​လျှင် သောက်စရာ​ပေးလော့။ ထိုသို့​ပြုခြင်း​အားဖြင့် သင်​သည် သူတို့​၏ ခေါင်း​ပေါ်၌ မီးခဲ​ကို ပုံထား​သကဲ့သို့ ဖြစ်​လိမ့်မည်။”


မည်သည့်​အရာ​က ကျွန်ုပ်တို့​ကို ခရစ်တော်​၏ ချစ်ခြင်းမေတ္တာ​နှင့် ကွဲကွာ​စေမည်နည်း။ ဆင်းရဲဒုက္ခ၊ ဘေးဆိုး၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစာခေါင်းပါးခြင်း၊ မွဲတေခြင်း၊ ဘေးအန္တရာယ်​နှင့် ဓားဘေးတို့​က ကွဲကွာ​စေမည်လော။


ကျွန်ုပ်​နှင့် ဗာနဗ​သာလျှင် မိမိတို့​စားဝတ်နေရေး​အတွက် အလုပ်လုပ်​ရမည်လော။


ကျွန်ုပ်​သည် သင်တို့​ထံတွင် အမှုတော်​ကို ဆောင်ရွက်​ရန် လိုအပ်သော​အထောက်အပံ့​ကို အခြား​အသင်းတော်များ​ထံမှ ဓားပြ​တိုက်​သကဲ့သို့​ပင် ယူခဲ့၏။


ခိုးတတ်သောသူ​သည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သော​သူတို့​အား ပေးကမ်း​ဝေမျှ​နိုင်ရန် မိမိ​လက်​ဖြင့် ကောင်းသော​အလုပ်​ကို ကြိုးစား လုပ်ဆောင်​ရမည်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ မည်မျှ​ပင်ပန်း​စွာ လုပ်ဆောင်ကြသည်​ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့​သည် သင်တို့​ကို ဘုရားသခင်​၏ သတင်းကောင်း ဟောပြောသည့်​အချိန်​တွင် မိမိတို့​၏ ဝမ်းစာ​အတွက် မည်သူ့​ကိုမျှ ဝန်ထုပ်ဝန်ပိုး​မဖြစ်​စေရန် နေ့ရောညပါ အလုပ်​လုပ်ခဲ့ကြ၏။


ကျွန်ုပ်တို့​သည် အဖိုးအခ​မပေးဘဲ မည်သူ​တစ်ဦးတစ်ယောက်​၏ အစားအစာ​ကိုမျှ မစားခဲ့ကြ။ သင်တို့​တစ်ဦးတစ်ယောက်​ကို​မျှ ကျွန်ုပ်တို့​ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်​စေရန် နေ့ရောညပါ ကြိုးစား​၍ အလုပ်​လုပ်ခဲ့ကြ၏။


သို့ဖြစ်၍ လူအပေါင်းတို့​၏ ကယ်တင်ရှင်၊ အထူး​သဖြင့် ယုံကြည်သူတို့​၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်​တော်မူသော​ဘုရားသခင်​ကို ကိုးစား​မျှော်လင့်သည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် အားထုတ်​လုပ်ဆောင်​၍ ကြိုးစားကြ၏။


ပုတ်ခတ်​ပြောဆို​ခံရ​သောအခါ ပြန်​၍​မတုံ့ပြန်။ ဆင်းရဲဒုက္ခ​ကို​ခံရ​သောအခါ လက်စားချေမည်​ဟု ခြိမ်းခြောက်တော်​မမူဘဲ ဖြောင့်မတ်​စွာ စီရင်တော်မူသော ဘုရားသခင်​ထံ မိမိ​အမှု​ကို အပ်နှံတော်မူ၏။


ဖြောင့်မတ်​စွာ ပြုမူခြင်း​အတွက် ဆင်းရဲဒုက္ခ​ခံစားရ​လျှင်ပင် သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ လူတို့​၏ ခြိမ်းခြောက်မှု​ကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။


အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့ခြင်း​ကို ကဲ့ရဲ့ခြင်း​ဖြင့်​လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီး​ကို​သာ ပေးကြလော့။ သင်တို့​သည် ဤသို့​ပြု​ရန် ရွေးကောက်တော်မူခြင်း​ခံရ၏။ သို့ပြုလျှင် သင်တို့​သည် ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​လိမ့်မည်။


ထို့ကြောင့် ဘုရားသခင်​၏ အလိုတော်​အရ ဆင်းရဲဒုက္ခ​ခံရသော​သူတို့​သည် မိမိတို့​၏ စိတ်ဝိညာဉ်​ကို သစ္စာရှိသော​ဖန်ဆင်းရှင်​ထံ အပ်နှံ​ပြီး ကောင်းမှု​ကို ဆက်​၍​ပြုသင့်၏။


သို့ရာတွင် ကောင်းကင်တမန်မင်း​မိက္ခေလ​ပင်လျှင် မောရှေ​၏​ကိုယ်ခန္ဓာ​နှင့်​ပတ်သက်​၍ မာရ်နတ်​နှင့် ငြင်းခုံ​သောအခါ ပြစ်တင်​စော်ကားစကား​မဆိုဝံ့ဘဲ “ထာဝရဘုရား​သည် သင့်​ကို ဆုံးမတော်မူပါစေ” ဟူ၍​သာ ဆိုခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ