Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 2:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ဂျူးလူမျိုးတို့​သည် သခင်​ယေရှု​နှင့် ပရောဖက်များ​ကို သတ်​၍ ကျွန်ုပ်တို့​ကိုလည်း နှင်ထုတ်ကြ၏။ သူတို့​သည် ဘုရားသခင်​ကို မနှစ်မသက် ဖြစ်စေ​လျက် လူအပေါင်း​ကို ဆန့်ကျင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ယု​ဒ​အ​မျိုး​သား​တို့​သည်​သ​ခင်​ယေ​ရှု​နှင့် ပ​ရော​ဖက်​တို့​ကို​သတ်​ဖြတ်​၍​ငါ​တို့​ကို​ညှဉ်း ဆဲ​သူ​များ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ သော​သူ​များ၊ လူ​အ​ပေါင်း​တို့​၏​ရန်​သူ​များ ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထို ယု ဒ လူ မျိုး တို့ သည် အ ရှင် ယေ ရှု မှ စ၍ ပ ရော ဖက် တို့ ကို သတ် လျက် ငါ တို့ ကို နှင် ထုတ် သ ဖြင့် ဘု ရား သ ခင် နှစ် သက် တော် မ မူ သူ၊ လူ ခပ် သိမ်း တို့ ကို ဆန့် ကျင် ဘက် ပြု သူ များ ဖြစ် ကြ သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ယု​ဒ​လူ​တို့​သည် သ​ခင်​ယေ​ရှု​မှ​စ၍ ပ​ရော​ဖက်​များ​ကို အ​သေ​သတ်​ကြ​ပြီ။ ငါ​တို့​ကို​လည်း ညှဉ်း​ဆဲ​ကြ​ပြီ။ ဘု​ရား​သ​ခင်၏ အ​လို​တော်​သို့ မ​လိုက်၊ ခပ်​သိမ်း​သော လူ​တို့​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ဂျူး​လူမျိုး​တို့​သည် သခင်​ယေရှု​နှင့်​ပရောဖက်​များ​ကို​သတ်​၍ ငါ​တို့​ကို​လည်း လိုက်လံ​ညှဉ်းဆဲ​ကြ​၏။ သူ​တို့​သည် ဘုရားသခင်​ကို​မ​နှစ်သက်​စေ​ဘဲ လူ​အပေါင်း​တို့​ကို ဆန့်ကျင်​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 2:15
21 ပူးပေါင်းရင်းမြစ်များ  

အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်​သည် ပရောဖက်များ​ကို သတ်ဖြတ်​၍ သင့်​ထံသို့ ဘုရားသခင်​စေလွှတ်တော်မူသော တမန်တော်များ​ကို ကျောက်ခဲ​နှင့် ပေါက်သတ်၏။ ကြက်မ​သည် ကြက်ကလေးများ​ကို သူ​၏ တောင်ပံ​အောက်​၌ အုပ်​၍ ကာကွယ်​သကဲ့သို့ သင်​၏ သားသမီးတို့​ကို စုစည်း​စေရန် အကြိမ်ကြိမ် ငါ​အလိုရှိ၏။ သို့သော်လည်း သင်​သည် ထိုသို့ အလို​မရှိ။


လူထု​ကလည်း “ဤ​သူ​သေရခြင်း​အတွက် အကျွန်ုပ်တို့​နှင့် အကျွန်ုပ်တို့​သားသမီးများ​၏ တာဝန်သာ​ဖြစ်ပါစေ” ဟု ပြန်လည် အော်ဟစ်ပြောဆိုကြ၏။


ထို​အရာ​အတွက် ဝမ်းမြောက်​ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ​၌ သင်တို့​၏​ဆုလာဘ်​သည် ကြီးမားလှ၏။ ရှေး​ပရောဖက်များ​သည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။


သို့ရာတွင် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဂျူး​ခေါင်းဆောင်များ​က သူ့​အား သေဒဏ်​ကျစေ​၍ လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်ခဲ့ကြပြီ။


ထို​အမှု​ကို ဂျူးလူမျိုးများ​က နှစ်ထောင်းအားရ​ကြောင်း မြင်​သောအခါ သူ​သည် ပေတရု​ကိုလည်း ဖမ်းဆီး​ရန် ဆက်လက်​ဆောင်ရွက်လေ၏။ ထို​အချိန်​သည် တဆေးမဲ့မုန့်ပွဲတော် ကာလ​အတွင်း​ဖြစ်၏။


ဘုရားသခင်​၏​တိကျသော​အကြံအစည်တော်​အားဖြင့်​လည်းကောင်း၊ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အားဖြင့်​လည်းကောင်း သင်တို့​လက်​၌ အပ်နှံခံရသော​ဤ​ယေရှု​ကို သင်တို့​သည် တရားမဲ့သော​သူတို့​၏​လက်​ဖြင့် လက်ဝါးကပ်တိုင်​ပေါ်တွင် အသေသတ်ခဲ့ကြ၏။


သင်တို့​သည် အသက်​၏​အရှင်သခင်​ကို သတ်​၍ ဘုရားသခင်​သည် ထို​သခင်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူ၏။ ထိုသို့ ထမြောက်စေတော်မူသည်​ကို ငါတို့​သည် ကိုယ်တိုင်​မြင်တွေ့ကြ၏။


နာဇရက်မြို့သား ယေရှု​ခရစ်တော်​၏​အမည်​နာမ​အားဖြင့် ထို​သူ​သည် သင်တို့​ရှေ့​၌ ကျန်းမာ​သန်စွမ်း​လျက်​ရှိသည်​ကို သင်တို့​မှစ၍ အစ္စရေး​လူမျိုးအပေါင်း​တို့ သိမှတ်ကြလော့။ ထို​ယေရှု​မှာ သင်တို့​လက်ဝါးကပ်တိုင်​တွင် သတ်​သော်လည်း သေခြင်း​မှ ဘုရားသခင်​ရှင်ပြန်​ထမြောက်​စေတော်မူသော​သူ​ဖြစ်၏။


သင်တို့​သစ်တိုင်​ပေါ်မှာ ချိတ်ဆွဲ​၍ သေဒဏ်ပေးသည့်​ယေရှု​ကို ကျွန်ုပ်တို့​ဘိုးဘေးတို့​၏​ဘုရားသခင်​သည် သေခြင်း​မှ ရှင်ပြန်​ထမြောက်​စေတော်မူပြီ။


သင်တို့​ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်​ဟူ၍ ရှိသလော။ သူတို့​သည် ဖြောင့်မတ်သော​အရှင် ကြွလာမည့်​အကြောင်း ကြိုတင်ဟောပြောသော​သူများ​ကို သတ်ဖြတ်ကြ၏။ ယခု သင်တို့​သည် ထို​အရှင်​ကို သစ္စာဖောက်​၍ သတ်ကြပြီ။


သို့သော်လည်း ဘုရားသခင်​သည် သူတို့​ထဲမှ အများစု​ကို အားရ​နှစ်သက်တော်​မမူခဲ့ပေ။ ထို့ကြောင့် သူတို့​သည် တောကန္တာရ​၌ သေကျေ​ပျက်စီးခဲ့ကြရ၏။


မကြာခဏ ခရီး​သွားခဲ့ရာ​တွင် မြစ်​၌ ကြုံတွေ့ရသော ဘေး၊ ဓားပြ​ဘေး၊ ကိုယ့်​လူမျိုးချင်း​ပြုသော​ဘေး၊ လူမျိုးခြားတို့​ပြုသော​ဘေး၊ မြို့​၌ ကြုံတွေ့ရသော​ဘေး၊ တောကန္တာရ​၌ ကြုံတွေ့ရသော​ဘေး၊ ပင်လယ်​၌ ကြုံတွေ့ရသော​ဘေး၊ ယုံကြည်သူ​အတုအယောင်များ​ပြုသော​ဘေး စသည်တို့​နှင့် ရင်ဆိုင်ခဲ့ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ