၁ သက် 2:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဂျူးလူမျိုးတို့သည် သခင်ယေရှုနှင့်ပရောဖက်များကိုသတ်၍ ငါတို့ကိုလည်း လိုက်လံညှဉ်းဆဲကြ၏။ သူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေဘဲ လူအပေါင်းတို့ကို ဆန့်ကျင်လျက် အခန်းကိုကြည့်ပါ။Common Language Bible15 ယုဒအမျိုးသားတို့သည်သခင်ယေရှုနှင့် ပရောဖက်တို့ကိုသတ်ဖြတ်၍ငါတို့ကိုညှဉ်း ဆဲသူများ၊ ဘုရားသခင်နှစ်သက်တော်မမူ သောသူများ၊ လူအပေါင်းတို့၏ရန်သူများ ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible15 ထို ယု ဒ လူ မျိုး တို့ သည် အ ရှင် ယေ ရှု မှ စ၍ ပ ရော ဖက် တို့ ကို သတ် လျက် ငါ တို့ ကို နှင် ထုတ် သ ဖြင့် ဘု ရား သ ခင် နှစ် သက် တော် မ မူ သူ၊ လူ ခပ် သိမ်း တို့ ကို ဆန့် ကျင် ဘက် ပြု သူ များ ဖြစ် ကြ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible15 ယုဒလူတို့သည် သခင်ယေရှုမှစ၍ ပရောဖက်များကို အသေသတ်ကြပြီ။ ငါတို့ကိုလည်း ညှဉ်းဆဲကြပြီ။ ဘုရားသခင်၏ အလိုတော်သို့ မလိုက်၊ ခပ်သိမ်းသော လူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ဂျူးလူမျိုးတို့သည် သခင်ယေရှုနှင့် ပရောဖက်များကို သတ်၍ ကျွန်ုပ်တို့ကိုလည်း နှင်ထုတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို မနှစ်မသက် ဖြစ်စေလျက် လူအပေါင်းကို ဆန့်ကျင်ကြ၏။ အခန်းကိုကြည့်ပါ။ |
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
ထို့နောက် ဟာမန်က အာရွှေရုမင်းကြီးအား “အရှင်မင်းကြီးပိုင်နိုင်ငံတော်တစ်ဝန်းလုံးရှိ နယ်မြေဒေသအသီးသီးမှပြည်သူပြည်သားများကြားတွင် ကွဲလွင့်ပျံ့နှံ့နေသောလူမျိုးတစ်မျိုးရှိပါ၏။ သူတို့၏စည်းမျဉ်းဥပဒေများသည် အခြားလူမျိုးအပေါင်းတို့နှင့်မတူ။ သူတို့သည် အရှင်မင်းကြီး၏စည်းမျဉ်းဥပဒေများကို မလိုက်နာသောကြောင့် သူတို့ကို ဤအတိုင်းလွှတ်ထားလျှင် အရှင်မင်းကြီးအတွက် အကျိုးမရှိနိုင်ပါ။