Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 2:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ညီအစ်ကို​မောင်နှမတို့… ယေရှု​ခရစ်တော်​ကို ယုံကြည်သည့် ယုဒပြည်​၌ ရှိကြသော ဘုရားသခင်​၏​အသင်းတော်များ တွေ့ကြုံ​သကဲ့သို့ သင်တို့​တွေ့ကြုံနေကြ၏။ ဂျူးလူမျိုးများ​လက်​တွင် ထို​အသင်းတော်များ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ​မျိုး​ကို သင်တို့​သည်လည်း မိမိတို့​လူမျိုးချင်း​၏​လက်​တွင် ခံစားကြရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​တွေ့​အ​ကြုံ​မှာ ယု​ဒ​ပြည်​ခ​ရစ်​ယာန်​များ​ဖြစ်​သည့်​ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​အ​တွေ့​အ​ကြုံ နှင့်​တူ​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​အ​မျိုး သား​များ​၏​လက်​တွင်​ဆင်း​ရဲ​ဒုက္ခ​ရောက် ကြ​သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​ယု​ဒ အ​မျိုး​သား​များ​၏​လက်​တွင်​ဆင်း​ရဲ ဒုက္ခ​ရောက်​ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ခ ရစ် တော် ယေ ရှု၌ တည် နေ သော ယု ဒ ပြည် ရှိ ဘု ရား သ ခင့် အ သင်း တော် များ သည် ယု ဒ လူ မျိုး ချင်း တို့ လက် တွင် ခံ ရ သော ဒု က္ခ မျိုး ကို သင် တို့ လည်း ကိုယ့် လူ မျိုး ချင်း တို့ လက် တွင် ခံ ရ ကြ သည် နှင့်၊ ထို အ သင်း တော် တို့ ပုံ စံ ကို လိုက် ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယု​ဒ​ပြည်၌ ယေ​ရှု​ခ​ရစ်၏​ဘာ​သာ​ကို ခံ​ယူ​သော ဘု​ရား​သ​ခင်၏ သင်း​ဝင်​သူ​တို့​သည် ယု​ဒ​လူ​တို့​လက်​မှ ဆင်း​ရဲ​ခံ​ရ​သ​ကဲ့​သို့၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် မိ​မိ​တို့ အ​မျိုး​သား​ချင်း​တို့ လက်​မှ ထို​နည်း​တူ​ခံ​ရ​သော​အား​ဖြင့်၊ ယု​ဒ​ပြည်၌​ရှိ​သော တ​ပည့်​တော်​ကဲ့​သို့​သော​သူ ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ညီအစ်ကို​တို့၊ သင်​တို့​သည် ခရစ်တော်​ယေရှု​၌​တည်​သော ယုဒ​ပြည်​ရှိ ဘုရားသခင်​၏​အသင်းတော်​များ​ကို အတုယူ​သူ​များ​ဖြစ်​ကြ​ပြီ။ အကြောင်းမူကား သူ​တို့​သည် ဂျူး​လူမျိုး​တို့​လက်​တွင် ဒုက္ခ​ဝေဒနာ​ခံစား​ကြ​ရ​သကဲ့သို့ သင်​တို့​သည်​လည်း မိမိ​တို့​၏​အမျိုးသား​ချင်း​များ​လက်​တွင် အလားတူ​ခံစား​ကြ​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 2:14
26 ပူးပေါင်းရင်းမြစ်များ  

သတေဖန်​သေဆုံး​ပြီးနောက် ဖြစ်ပေါ်လာသည့် ညှဉ်းပန်းနှိပ်စက်ခြင်း​ကြောင့် ကွဲလွင့်ပျံ့နှံ့သွားကြသော​သူများ​သည် ဖိုနီးရှားပြည်၊ ဆိုက်ပရပ်ကျွန်း​နှင့် ဆီးရီးယားပြည်​ရှိ​အန္တိအုတ်မြို့​ထိတိုင် ရောက်သွားကြ​ပြီး ဂျူးလူမျိုးတို့​ကိုသာ ဘုရားသခင်​၏​နှုတ်ကပတ်တရား​ကို ဟောပြောကြ၏။


သို့သော် ဂျူးတို့​သည် ဘုရားတရား​ကိုင်းရှိုင်းသော ဂုဏ်သရေရှိ​အမျိုးသမီးများ​နှင့် မြို့​၌​အရေးပါသော​အမျိုးသားများ​အား လှုံ့ဆော်​ကာ ပေါလု​နှင့် ဗာနဗ​ကို ဆန့်ကျင်​၍ ညှဉ်းပန်းနှိပ်စက်​စေပြီး သူတို့​ကို မိမိတို့​၏​နယ်များ​မှ နှင်ထုတ်ကြ၏။


သို့သော် အန္တိအုတ်မြို့​နှင့် ဣကောနိမြို့​မှ ဂျူးများ​ရောက်လာ​၍ လူထု​ကို သိမ်းသွင်း​ပြီးလျှင် ပေါလု​အား ကျောက်ခဲ​နှင့်​ပေါက်​ကာ သေပြီ​အထင်​ဖြင့် မြို့​ပြင်​သို့​ဆွဲထုတ်ကြ၏။


သို့ရာတွင် ယုံကြည်သက်ဝင်မှု​မရှိသော​ဂျူးများ​က လူမျိုးခြားတို့​ကို သွေးထိုးလှုံ့ဆော်​၍ ယုံကြည်သူများ​အပေါ် မုန်းတီးစိတ်​ဖြစ်စေကြ၏။


သို့သော် မြို့သူမြို့သားတို့​သည် အုပ်စုကွဲ​ကာ တချို့​မှာ ဂျူးတို့​ဘက်​ပါ​၍ တချို့​မှာ တမန်တော်တို့​ဘက်​ပါကြ၏။


လူမျိုးခြား​တချို့​နှင့် ဂျူးတို့​သည် သူတို့​၏​အာဏာပိုင်များ​နှင့်အတူ တမန်တော်တို့​ကို နှိပ်စက်​၍ ကျောက်ခဲ​နှင့်​ပေါက်​ရန် ကြံစည်​အားထုတ်ကြ၏။


သို့သော် ဗေရိမြို့​တွင် ပေါလု​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ဟောနေကြောင်း​ကို သက်သာလောနိတ်မြို့​ရှိ ဂျူးလူမျိုးများ​သည် ကြား​သောအခါ ထို​မြို့​သို့ လိုက်လာ​၍ လူထု​ပရိသတ်တို့​ကို ဆူပူထကြွ​အောင် လှုံ့ဆော်ကြပြန်၏။


သို့သော် ဂါလျန်မင်း​သည် အခါယပြည်​၏​မြို့ဝန်မင်း​ဖြစ်​သောအခါ ဂျူးတို့​သည် ပေါလု​ကို ပူးပေါင်း​ဆန့်ကျင်​၍ တရားခွင်​သို့ ခေါ်ဆောင်သွားကြ၏။


သတေဖန်​ကို သတ်သည့်​အမှု​တွင် ရှောလု​သည်လည်း အလိုတူအလိုပါ​ဖြစ်ခဲ့၏။ ထို​နေ့​တွင် ဂျေရုဆလင်မြို့​ရှိ အသင်းတော်​အား ပြင်းထန်သော​ညှဉ်းပန်းနှိပ်စက်ခြင်းများ စတင်လာ​သဖြင့် တမန်တော်တို့​မှလွဲ၍ ယုံကြည်သူများ​သည် ယုဒပြည်​နှင့် ရှမာရိပြည်​တစ်လျှောက်​သို့ ကွဲလွင့်​ပျံ့နှံ့သွားကြလေ၏။


သို့သော် ရှောလု​သည် တစ်အိမ်ဝင်၊ တစ်အိမ်ထွက်​ကာ အမျိုးသား၊ အမျိုးသမီးများ​ကို ဆွဲထုတ်​၍ ထောင်​ထဲသို့​ပို့ခြင်း​ဖြင့် အသင်းတော်​ကို ဖျက်ဆီးလေ၏။


သို့ရာတွင် ရှောလု​သည် သခင်ဘုရား​၏​တပည့်တော်များ​ကို ခြိမ်းခြောက်​၍ သတ်ဖြတ်​ရန် စိတ်ပြင်းပြနေသေး၏။ သူ​သည် ယဇ်ပုရောဟိတ်မင်း​ထံ သွား​၍


သို့သော်လည်း အာနနိ​က “သခင်ဘုရား… ထို​သူ​သည် ဂျေရုဆလင်မြို့​တွင် ယုံကြည်သော​သူတို့​အား မည်မျှ​ဆိုးရွား​စွာ​ပြုခဲ့ကြောင်း​ကို လူ​အများ​ထံမှ အကျွန်ုပ်​ကြားသိရပါပြီ။


ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်​နှင့် ရှမာရိပြည်​တစ်လျှောက်​၌ အသင်းတော်​သည် ငြိမ်းချမ်း​၍ တည်တံ့ခိုင်မြဲ​လာ၏။ သခင်ဘုရား​ကို ကြောက်ရွံ့ခြင်း​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​၏​နှစ်သိမ့်အားပေးခြင်း​တို့​ဖြင့် ရှင်သန်​၍ အသင်းသား​အရေအတွက်​သည်လည်း တိုးပွားလာ၏။


ကျွန်ုပ်​သည် လူများစွာ ကယ်တင်ခံရ​စေလို​သောကြောင့် ကိုယ်ကျိုး​ကို​မရှာဘဲ အများ​အကျိုး​ကိုသာ ရှာ​လျက် လုပ်ဆောင်လေ​ရာရာ​တွင် လူတိုင်း​၏ ကျေနပ်​နှစ်သက်မှု​ကို ရ​စေရန် ကြိုးစား၏။ သင်တို့​သည်လည်း ကျွန်ုပ်​ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်​၏​အသင်းတော် စသည်တို့​ကို ထိမိ​၍ လဲစရာ မဖြစ်​စေရန် ကြိုးစားကြလော့။


သင်တို့​တစ်ဦးစီ​သည် ဘုရားသခင် ထားတော်မူသော မည်သည့် အခြေအနေ​တွင်​မဆို ဆက်လက်​ပြုမူနေထိုင်​၍ သင်တို့​ကို စတင်​ရွေးကောက်တော်မူသည့်​အချိန်​က ကဲ့သို့ပင် ဆက်လက်​ရှိနေ​သင့်၏။ ဤသည်​မှာ အသင်းတော်​အားလုံး​ကို ကျွန်ုပ်​ညွှန်ကြားသော​အချက်​ဖြစ်၏။


ထို​အချိန်​တွင် ခရစ်တော်​ကို ယုံကြည်သော ယုဒပြည်​ရှိ အသင်းတော်ဝင်များ​သည် ကျွန်ုပ်​နှင့် လူချင်း မတွေ့ဆုံကြသေးပေ။


ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​ပေါလု၊ သိလွာနု​နှင့် တိမောသေ​တို့က အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့နှင့် တပေါင်းတစည်းတည်း​ဖြစ်သော သက်သာလောနိတ်​အသင်းတော်​ထံသို့ ပို့လိုက်သော စာ​ဖြစ်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


သင်တို့​သည် သခင်ဘုရား​နှင့် ကျွန်ုပ်တို့​ကို အတုယူ​သူများ​ဖြစ်ကြ၏။ သင်တို့​သည် ပြင်းထန်သော ဆင်းရဲဒုက္ခ​ကြုံရ​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​ပေးသည့် ဝမ်းမြောက်ခြင်း​ဖြင့် သတင်းကောင်း​ကို လက်ခံခဲ့ကြ၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် သင်တို့​နှင့်​အတူ ရှိ​စဉ်​ကပင် ဆင်းရဲဒုက္ခ​ခံရမည်​ဟု သင်တို့​ကို ကြိုတင်​ပြောဆိုခဲ့​သောကြောင့် ဖြစ်၏။ ပြောဆိုခဲ့သည့်​အတိုင်း ဖြစ်လာသည်​ကိုလည်း သင်တို့​သိကြ၏။


ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​ပေါလု၊ သိလွာနု​နှင့် တိမောသေ​တို့​က ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ကို ယုံကြည်ကြသော သက်သာလောနိတ်​မြို့သားတို့​၏ အသင်းတော်​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။


ထို့ကြောင့် သင်တို့​သည် ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ဆင်းရဲဒုက္ခ​အားလုံး​ကြားက​ပင် သည်းခံ​၍ ယုံကြည်​သဖြင့် ဘုရားသခင်​၏ အသင်းတော်များ​အလယ်​၌ သင်တို့​အကြောင်း ကျွန်ုပ်တို့​ကိုယ်တိုင် ဂုဏ်ယူ​ဝင့်ကြွားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ