ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ရှင်ယောဟန် 12:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့အမှုကို ထမ်းဆောင်လိုသောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုဆောင်သည် ငါရှိရာ အရပ်တွင် ရှိရမည်။ ငါ့အမှုကို ထမ်းဆောင်သောသူအား ငါ့ခမည်းတော်သည် ဂုဏ်ပြုလိမ့်မည်။ Common Language Bible ငါ၏အမှုတော်ကိုထမ်းဆောင်သောသူသည် ငါ့နောက်သို့လိုက်ရမည်။ သို့မှသာငါရှိရာ အရပ်၌သူသည်လည်းရှိလိမ့်မည်။ ငါ၏အမှု တော်ကိုထမ်းဆောင်သောသူကိုခမည်းတော် သည်ချီးမြှောက်တော်မူလိမ့်မည်။ Garrad Bible မည်သူမဆို ငါ့အစေကိုခံလျှင် ငါ့နောက်လိုက်စေ။ ငါ့စံရာ၌ ငါ့အစေခံလည်းရှိလိမ့်မည်။ မည်သူမဆိုငါ့အစေကိုခံလျှင် ထိုသူ့ကို ခမည်းတော်ချီးမြှောက်တော်မူလိမ့်မည်။ Judson Bible ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ ရှိရလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြှောက်တော်မူလတ္တံ့။ မြန်မာ့စံမီသမ္မာကျမ်း မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုဆောင်လည်းရှိလိမ့်မည်။ မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလိမ့်မည်။ မြန်မာ ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ ရှိရလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြှောက်တော်မူလတ္တံ့။ |
ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
သူ၏ သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသောတာဝန်များကို သင့်အား ငါလွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
ထို့နောက် ယေရှုက တပည့်တော်တို့နှင့်တကွ လူထုပရိသတ်အား ခေါ်တော်မူပြီးလျှင် “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ထိုသို့ သခင်၏အိမ်အပြန်ကို အသင့်စောင့်နေကြသောအစေခံတို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုရလျှင် ထိုသခင်သည် အစေခံများအား ထိုင်စေ၍ ခါးစည်းကို ဝတ်လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေးလိမ့်မည်။
သင်တို့သည် ငါ့စကားကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့ကို ‘သခင်… သခင်…’ ဟု ခေါ်ကြသနည်း။
ထို့နောက် ပရိသတ်အပေါင်းတို့အား “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို နေ့စဉ်ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုလည်း ငါသိ၏။
သင်တို့အား ငါအမှန်ဆို၏။ ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်။ အစေလွှတ်ခံသည်လည်း စေလွှတ်သူထက် သာ၍ ကြီးမြတ်သည်မဟုတ်။
ငါသည် သွား၍ သင်တို့အတွက် နေစရာပြင်ဆင်ပြီးလျှင် ပြန်လာကာ ငါရှိရာအရပ်၌ သင်တို့လည်း ရှိနိုင်ရန်အတွက် သင်တို့ကို ခေါ်ဆောင်မည်။
‘ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်’ ဟု သင်တို့ကို ငါပြောခဲ့သောစကားကို သတိရကြလော့။ လောကီသားတို့သည် ငါ့ကို ညှဉ်းပန်းနှိပ်စက်လျှင် သင်တို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သူတို့သည် ငါ့စကားကို နားထောင်လျှင် သင်တို့၏စကားကိုလည်း နားထောင်ကြလိမ့်မည်။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
ယေရှုက “ငါပြန်လာသည့်အချိန်တိုင်အောင် သူ့ကို ငါအသက်ရှင်စေလိုလျှင် သင်နှင့် မည်သို့ဆိုင်သနည်း။ သင်ကမူ ငါ့နောက်သို့သာ လိုက်လော့” ဟု မိန့်တော်မူ၏။
တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရ၍ ဘုရားသခင်၏ သတင်းကောင်းကို ဟောပြောရန်အတွက် သီးသန့်ခန့်ထားတော်မူခြင်းခံရပြီး ယေရှုခရစ်တော်၏ အစေအပါးဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ဤသို့သော စိတ်ထားဖြင့် ခရစ်တော်ကို အစေခံသောသူအား ဘုရားသခင်နှစ်သက်တော်မူ၏။ လူတို့ကလည်း ချီးမွမ်းကြ၏။
ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။
ကျွန်ုပ်တို့သည် စိတ်ချယုံကြည်မှုရှိ၍ ဤကိုယ်ခန္ဓာကို စွန့်ခွာပြီးလျှင် သခင်ဘုရားနှင့် အတူနေထိုင်ရန် လိုလားကြ၏။
ကျွန်ုပ်သည် လူတို့၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသေးလျှင် ကျွန်ုပ်သည် ခရစ်တော်၏ အစေအပါးတစ်ယောက် မဟုတ်ပေ။
ကျွန်ုပ်သည် ဤအရာနှစ်ခုကြားတွင် အခက်တွေ့နေ၏။ ဤဘဝကို စွန့်ခွာပြီး ခရစ်တော်နှင့် အတူရှိနေရန် ကျွန်ုပ်တောင့်တ၏။ ထိုအရာသည် ကျွန်ုပ်အတွက် ပို၍ကောင်း၏။
သင်တို့သည် သခင်ခရစ်တော်ကို အစေခံကြသောကြောင့် ဆုလာဘ်အဖြစ် ကတိထားတော်မူသောအမွေတော်ကို သခင်ဘုရားထံမှ ရရှိမည်ကို သိမှတ်ကြလော့။
ယေရှုခရစ်တော်၏ အစေအပါးဖြစ်၍ သင်တို့ထဲက တစ်ဦးဖြစ်သည့် ဧပဖြသည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် ရင့်ကျက်သောသူများအဖြစ် ရပ်တည်ပြီး ဘုရားသခင်၏ အလိုတော်အားလုံးကို လိုက်နာကြောင်း စိတ်ချမှုအပြည့် ရှိနိုင်ရန် သူသည်သင်တို့အတွက် အစဉ် စိတ်အားထက်သန်စွာ ဆုတောင်းပေးနေ၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။
ဘုရားသခင်ကို ချစ်ခြင်းသည် ဘုရားသခင်၏ပညတ်တော်များကို လိုက်နာခြင်းပင် ဖြစ်၏။ ပညတ်တော်တို့သည် လိုက်နာရန် မခဲယဉ်းပေ။
ယေရှုခရစ်တော်၏ကျွန်၊ ယာကုပ်၏ညီ ကျွန်ုပ်ယုဒသည် ခမည်းတော်ဘုရားသခင်၏ရွေးချယ်တော်မူခြင်းနှင့် ချစ်ခြင်းကို ခံရ၍ ယေရှုခရစ်တော်၏ စောင့်ရှောက်ခြင်းခံရသောသူတို့ထံသို့ စာရေးလိုက်၏။
ဤလူတို့သည် အမျိုးသမီးများနှင့် မေထုန်အမှု မညစ်ညူးသည့် လူပျိုစင်များဖြစ်ပြီး သိုးသငယ်တော် သွားလေရာအရပ်သို့ လိုက်ပါသူများဖြစ်ကြ၏။ ထိုသူတို့သည် ဘုရားသခင်နှင့် သိုးသငယ်တော်အတွက် အဦးဆုံးသောအသီးကဲ့သို့ ပူဇော်ခံရရန် လူတို့ထဲမှ ရွေးနုတ်ကယ်တင်ခံထားရသောသူများလည်း ဖြစ်ကြ၏။