ဖိလိပ္ပိ 1:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း23 ကျွန်ုပ်သည် ဤအရာနှစ်ခုကြားတွင် အခက်တွေ့နေ၏။ ဤဘဝကို စွန့်ခွာပြီး ခရစ်တော်နှင့် အတူရှိနေရန် ကျွန်ုပ်တောင့်တ၏။ ထိုအရာသည် ကျွန်ုပ်အတွက် ပို၍ကောင်း၏။ အခန်းကိုကြည့်ပါ။Common Language Bible23 ငါ့မှာစိတ်နှစ်ခွဖြစ်လျက်နေတော့၏။ ငါသည်ဤ ဘဝကိုစွန့်၍ခရစ်တော်နှင့်အတူနေလိုလှပါ သည်။ သို့ပြုရလျှင်ငါ့အဖို့ပို၍အကျိုးရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible23-24 ငါ့ ဆ န္ဒ အ လျောက် ထွက် သွား၍ ခ ရစ် တော် နှင့် အ တူ နေ သော် အ လွန် သာ ယာ မည် ကို သော် လည်း ကောင်း၊ ရုပ် ခ န္ဓာ၌ ရှိ နေ သော် သင် တို့ အ ကျိုး မြတ် မည် ကို လည်း ကောင်း ထောက် ၍ ဒွိ ဟ၌ ကျဉ်း ကျပ် လျက် နေ စဉ်၊ အခန်းကိုကြည့်ပါ။Judson Bible23 ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ၍ ခရစ်တော်နှင့်အတူ နေခြင်းငှာ တောင့်တလိုချင်သောစိတ် ရှိ၏။ သာ၍ အလွန် ထူးမြတ်သောအကျိုးဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 သို့ဖြစ်၍ ငါသည် ဤနှစ်ခုကြား၌ အကျပ်ရိုက်နေ၏။ ငါသည် ဤဘဝကိုစွန့်ခွာ၍ ခရစ်တော်နှင့်အတူရှိရန် ဆန္ဒရှိ၏။ ထိုသို့ဖြစ်လျှင် များစွာသာလွန်ကောင်းမွန်၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။