Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 12:26 - မြန်မာ

26 ငါ၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ငါ၏​အ​မှု​ဆောင်​သည်​လည်း ငါ​ရှိ​ရာ​အ​ရပ်၌ ရှိ​ရ​လိမ့်​မည်။ ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ထို​သူ​ကို​ခ​မည်း​တော်​သည် ချီး​မြှောက်​တော်​မူ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သော​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ သို့​မှ​သာ​ငါ​ရှိ​ရာ အ​ရပ်​၌​သူ​သည်​လည်း​ရှိ​လိမ့်​မည်။ ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​သော​သူ​ကို​ခ​မည်း​တော် သည်​ချီး​မြှောက်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 မည်သူမဆို ငါ့အစေကိုခံလျှင် ငါ့နောက်လိုက်စေ။ ငါ့စံရာ၌ ငါ့အစေခံလည်းရှိလိမ့်မည်။ မည်သူမဆိုငါ့အစေကိုခံလျှင် ထိုသူ့ကို ခမည်းတော်ချီးမြှောက်တော်မူလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ငါ၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ငါ၏​အ​မှု​ဆောင်​သည်​လည်း ငါ​ရှိ​ရာ​အ​ရပ်၌ ရှိ​ရ​လိမ့်​မည်။ ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ထို​သူ​ကို​ခ​မည်း​တော်​သည် ချီး​မြှောက်​တော်​မူ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ထိုအခါ ငါ​ရှိ​ရာ​အရပ်​၌ ငါ​၏​အမှုဆောင်​လည်း​ရှိ​လိမ့်မည်။ မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​ကို ခမည်းတော်​သည် ချီးမြှောက်​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ငါ့​အမှု​ကို ထမ်းဆောင်​လိုသောသူ​သည် ငါ့​နောက်သို့ လိုက်ရမည်။ ငါ့​အမှုဆောင်​သည် ငါ​ရှိရာ အရပ်​တွင် ရှိရမည်။ ငါ့​အမှု​ကို ထမ်းဆောင်သော​သူ​အား ငါ့​ခမည်းတော်​သည် ဂုဏ်ပြု​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 12:26
34 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။-


အ​ရှင်​က​လည်၊ သာ​ဓု၊ သ​စ္စာ​ရှိ​သော ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌​ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။-


ထို​အ​ခါ တ​ပည့်​တော်​တို့​နှင့် ပ​ရိသတ်​များ​ကို ခေါ်​တော်​မူ​ပြီး​လျှင်၊ အ​ကြင်​သူ​သည် ငါ၌​ဆည်း​ကပ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။-


အ​ကြင်​ကျွန်​တို့​သည် စောင့်​လျက်​နေ​သည်​ကို သ​ခင်​သည်​ပြန်​လာ၍ တွေ့၏။ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ သ​ခင်​သည် ခါး​ပန်း​စည်း​လျက် ကျွန်​တို့​ကို စား​ပွဲ၌​လျောင်း​စေ​ပြီး​မှ၊ ကိုယ်​တိုင်​လာ၍ သူ​တို့​အား လုပ်​ကျွေး​လိမ့်​မည်။-


ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​လျက်၊ ငါ့​ကို​သ​ခင်၊ သ​ခင်​ဟု အ​ဘယ်​ကြောင့်​ခေါ်​ကြ​သ​နည်း။-


ထို​မှ​တစ်​ပါး၊ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ငါ၌​ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို နေ့​တိုင်း​ထမ်း၍ ငါ့​နောက်​သို့​လိုက်​ရ​မည်။-


ငါ့​သိုး​တို့​သည် ငါ့​စ​ကား​သံ​ကို​နား​ထောင်၍ ငါ့​နောက်​သို့​လိုက်​ကြ၏။ ထို​သိုး​တို့​ကို ငါ​သိ၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကျွန်​သည် သ​ခင်​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်၊ တ​မန်​သည်​လည်း စေ​လွှတ်​သော​သူ​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်။-


ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။ ငါ​သည် ခ​မည်း​တော်​ကို​တောင်း၍၊-


ငါ​သည်​သွား၍ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ပြီး​မှ တစ်​ဖန်​လာ​ပြန်၍၊ ငါ​ရှိ​ရာ​အ​ရပ်၌ သင်​တို့​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ့​ထံ​သို့ သိမ်း​ဆည်း​မည်။-


ကျွန်​သည် မိ​မိ​သ​ခင်​ထက်​သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်​ဟု ငါ​ပြော​ခဲ့​ပြီး​သော​စ​ကား​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​လျှင် သင်​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​နား​ထောင်​လျှင် သင်​တို့၏​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။-


အို အ​ဘ၊ ကိုယ်​တော်​သည် ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ကျွန်ုပ်​ကို​ချစ်၍ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​ဘုန်း​တော်​ကို အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ရှု​မြင်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှိ​ရာ​အ​ရပ်၌ အ​ကျွန်ုပ်​နှင့်​အ​တူ ရှိ​နေ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​အ​လို​ရှိ​ပါ၏။-


ယေ​ရှု​က၊ ငါ​ကြွ​လာ​သည်​ကာ​လ​တိုင်​အောင် ထို​သူ​ကို​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​လျှင် သင်​သည် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ သင်​မူ​ကား ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ