Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 12:37 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 ထိုသို့ သခင်​၏​အိမ်​အပြန်​ကို အသင့်​စောင့်နေကြသော​အစေခံ​တို့​သည် မင်္ဂလာ​ရှိကြ၏။ ငါ​အမှန်​ဆိုရ​လျှင် ထို​သခင်​သည် အစေခံများ​အား ထိုင်စေ​၍ ခါးစည်း​ကို ဝတ်​လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေး​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 အ​စေ​ခံ​တို့​စောင့်​မျှော်​နေ​ကြ​သည်​ကို သ​ခင် ပြန်​ရောက်​ချိန်​၌​တွေ့​ရှိ​ရ​၏။ ထို​အ​စေ​ခံ​တို့ သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​အား​အ​မှန် အ​ကန်​ငါ​ဆို​သည်​ကား သ​ခင်​သည်​ထို အ​စေ​ခံ​တို့​ကို​ဧည့်​သည်​များ​အ​ဖြစ်​စား ပွဲ​တွင်​ထိုင်​စေ​လျက် မိ​မိ​ကိုယ်​တိုင်​ခါး​ကို စည်း​ကာ​ဧည့်​ခံ​ကျွေး​မွေး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 စောင့် လျက် နေ သည် ကို အ ရှင် လာ ရောက် တွေ့ မြင် သော် ထို ကျွန် တို့၌ မင်္ဂ လာ ရှိ၏။ ငါ အ မှန် ဆို သည် ကား၊ ထို ကျွန် များ ကို စား ပွဲ ထိုင် စေ ပြီး လျှင် အ ရှင် သည် ခါး စည်း၍ ချဉ်း ကပ် လုပ် ကျွေး လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 အ​ကြင်​ကျွန်​တို့​သည် စောင့်​လျက်​နေ​သည်​ကို သ​ခင်​သည်​ပြန်​လာ၍ တွေ့၏။ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ သ​ခင်​သည် ခါး​ပန်း​စည်း​လျက် ကျွန်​တို့​ကို စား​ပွဲ၌​လျောင်း​စေ​ပြီး​မှ၊ ကိုယ်​တိုင်​လာ၍ သူ​တို့​အား လုပ်​ကျွေး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 သခင်​ပြန်လာ​သောအခါ သတိ​နှင့်​စောင့်​နေ​ကြ​သည်​ကို သခင်​တွေ့​ရ​သော​အစေအပါး​တို့​သည် မင်္ဂလာရှိ​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သခင်​သည် မိမိ​ခါး​ကို​စည်း​လျက် သူ​တို့​ကို​ထိုင်​စေ​ပြီးလျှင် အနား​သို့​လာ​၍ သူ​တို့​ကို​လုပ်ကျွေး​ပြုစု​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

37 အ​ကြင်​ကျွန်​တို့​သည် စောင့်​လျက်​နေ​သည်​ကို သ​ခင်​သည်​ပြန်​လာ၍ တွေ့၏။ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ သ​ခင်​သည် ခါး​ပန်း​စည်း​လျက် ကျွန်​တို့​ကို စား​ပွဲ၌​လျောင်း​စေ​ပြီး​မှ၊ ကိုယ်​တိုင်​လာ၍ သူ​တို့​အား လုပ်​ကျွေး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 12:37
25 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်တို့​သည်လည်း သင်တို့​၏ သခင်ဘုရား​သည် မည်သည့်​နေ့​၌ ကြွလာမည်​ကို မသိကြ​သောကြောင့် သတိ​နှင့် စောင့်နေကြလော့။


မိမိ​သခင်​သည် မင်္ဂလာဆောင်​ပွဲ​မှ ပြန်လာ​၍ တံခါးခေါက်​လျှင် ချက်ချင်း​ဖွင့်ပေး​နိုင်ရန် အသင့်​စောင့်နေသော အစေခံ​ကဲ့သို့ ဖြစ်ကြလော့။


သခင်​သည် ပြန်လာ​သောအခါ ထိုသို့ အလုပ်​လုပ်နေသော အစေခံ​ကို တွေ့မြင်​လျှင် ထို​အစေခံ​သည် မင်္ဂလာရှိ၏


ထိုသို့​မဟုတ်ဘဲ ‘ငါ့​အတွက် အစားအစာများ​ကို ပြင်ဆင်လော့။ သင်​၏​ခါးစည်းဝတ်​ကို​စည်း​၍ ငါ​စားသောက်​နေစဉ်​အတွင်း ငါ့​အား​အစေခံလော့။ ထို့နောက်​မှ သင်​သည် စားသောက်လော့’ ဟူ၍ ပြော​လိမ့်မည်​မဟုတ်လော။


ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့​မှ လွတ်မြောက်ရေး​အတွက် အားအင်​ရရှိ​ရန်​နှင့် လူသား​ရှေ့တော်မှောက်​တွင် ရပ်​နိုင်ရန် အချိန်​တိုင်း ဆုတောင်း​၍ သတိ​နှင့်​နေကြလော့” ဟု မိန့်တော်မူ၏။


စားပွဲ​တွင်​ထိုင်နေသော​သူ​နှင့် အစေခံနေသော​သူ​တွင် မည်သူ​သည် ပို၍ မြင့်မြတ်​သနည်း။ စားပွဲ​တွင်​ထိုင်နေသော​သူ​သည် မြင့်မြတ်သည်​မဟုတ်လော။ သို့သော် ငါ​သည် သင်တို့​အထဲ​တွင် အစေခံသော​သူ​ကဲ့သို့​ဖြစ်၏။


ငါ့​အမှု​ကို ထမ်းဆောင်​လိုသောသူ​သည် ငါ့​နောက်သို့ လိုက်ရမည်။ ငါ့​အမှုဆောင်​သည် ငါ​ရှိရာ အရပ်​တွင် ရှိရမည်။ ငါ့​အမှု​ကို ထမ်းဆောင်သော​သူ​အား ငါ့​ခမည်းတော်​သည် ဂုဏ်ပြု​လိမ့်မည်။


ထို​အရာ​မှာ ကျမ်းစာ​၌ “မိမိ​ကို ချစ်သော​သူတို့​အတွက် ဘုရားသခင်​ပြင်ဆင်တော်မူသော​အရာတို့​ကို လူ့​မျက်စိ​ဖြင့် မမြင်၊ လူ့​နား​ဖြင့် မကြား၊ လူ့​စိတ်​ဖြင့် မတွေးမိဖူးသေး” ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်၏။


ကျွန်ုပ်​အတွက်​ဆိုရ​လျှင် အသက်ရှင်ခြင်း​သည် ခရစ်တော်​အတွက်​ဖြစ်၏။ သေခြင်း​ဖြစ်လျှင် ပို၍ အကျိုး​ရှိ၏။


ကျွန်ုပ်​သည် ဤ​အရာ​နှစ်ခု​ကြားတွင် အခက်တွေ့နေ၏။ ဤ​ဘဝ​ကို စွန့်ခွာ​ပြီး ခရစ်တော်​နှင့် အတူ​ရှိနေ​ရန် ကျွန်ုပ်​တောင့်တ၏။ ထို​အရာ​သည် ကျွန်ုပ်​အတွက် ပို၍​ကောင်း၏။


ထို့နောက် ဘုရားသခင်​သည် သင်တို့​အား ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ထာဝရ​နိုင်ငံတော်​ထဲသို့ ဝင်ရောက်ခွင့်​ကို အပြည့်အဝ​ပေးသနားတော်မူ​လိမ့်မည်။


ထို့ကြောင့် ချစ်ရသော​သူတို့… သင်တို့​သည် ဤ​အရာများ​ကို မျှော်လင့်နေသည်​ဖြစ်​၍ ကိုယ်တော်​၏ ရှေ့တော်​၌ အစွန်းအထင်း၊ အပြစ်အနာအဆာ​ကင်း​လျက် ငြိမ်းချမ်း​စွာ ရှိ​နိုင်ရန် ကြိုးစား​အားထုတ်ကြလော့။


ထို့နောက် “ဤ​အရာ​ကို ရေးမှတ်ထားလော့။ ယခု​မှစ၍ သခင်ဘုရား​ကို သစ္စာရှိ​စွာ ယုံကြည်​လျက် သေလွန်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏” ဟု ကောင်းကင်ဘုံ​မှ ပြောဆိုသံ​ကို ကျွန်ုပ်​ကြားရ၏။ ဝိညာဉ်တော်​ကလည်း “မှန်ပေ၏။ သူတို့​ပြုခဲ့သော​အမှုများ​အတွက် ဆုပေးခံကြရ​သဖြင့် သူတို့​သည် ပင်ပန်း​ဆင်းရဲ​စွာ လုပ်ဆောင်ခြင်း​မှ အနားယူခွင့် ရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


“ကြည့်လော့။ သူခိုး​ကဲ့သို့ ငါ​လာမည်။ သို့ဖြစ်၍ အဝတ်​မပါဘဲ သွားလာ​သဖြင့် အရှက်ကွဲခြင်း​မျိုး မဖြစ်​စေရန် မိမိ​၏ အဝတ်​ကို အသင့်​ဝတ်ဆင်​လျက် နိုးကြားနေသောသူ​သည် မင်္ဂလာရှိ၏။”


ငါ​သည် အောင်မြင်​၍ ငါ့​ခမည်းတော်​၏​ရာဇပလ္လင်​ပေါ်​တွင် ငါ့​ခမည်းတော်​နှင့်အတူ ထိုင်နေ​သကဲ့သို့ အောင်မြင်သော​သူတို့​ကို​လည်း ငါ​၏​ရာဇပလ္လင်​ပေါ်တွင် ငါ​နှင့်အတူ ထိုင်ခွင့်​ပေးမည်။


အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်တော်​အလယ်​၌​ရှိသော သိုးသငယ်တော်​သည် သူတို့​၏​သိုးထိန်း​ဖြစ်​၍ အသက်​စမ်းရေတွင်း​သို့ ပို့ဆောင်တော်မူမည်​ဖြစ်​သောကြောင့်​ပင်။ ဘုရားသခင်​သည် သူတို့​၏ ရှိသမျှ​မျက်ရည်တို့​ကို သုတ်ပေးတော်မူ​လိမ့်မည်” ဟု​ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ