ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
ရှင်ယောဟန် 1:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နှုတ်ကပတ်တော်သည် အစဦးကပင် ရှိတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ Common Language Bible ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။- Garrad Bible အစအဦး၌နှုတ်ကပတ်တော်တည်၏။ နှုတ်ကပတ်တော်သည် ဘုရားသခင့်အပါးတော်တွင်ရှိ၏။ ထို နှုတ်ကပတ်တော်သည် ဘုရားသခင်ပေတည်း။ Judson Bible အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ မြန်မာ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။- |
ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
ထို့နောက် ဗိမာန်တော်ထဲတွင် ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်နေကြ၏။ ရှင်လုကာခရစ်ဝင်ကျမ်း ပြီးပါပြီ။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
ငါသည် ခမည်းတော်ထံမှ ဤလောကသို့ လာခဲ့၏။ ယခု ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ငါပြန်မည်” ဟု မိန့်တော်မူ၏။
အို အဖ… ကမ္ဘာမတည်ရှိမီက ကိုယ်တော်နှင့်အတူ အကျွန်ုပ်ရရှိသော ဘုန်းအသရေဖြင့် အကျွန်ုပ်ကို ရှေ့တော်၌ ယခုဘုန်းကြီးစေတော်မူပါ။
အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် သူတို့၏ ဘိုးဘေးများဖြစ်၏။ ခရစ်တော်ကိုယ်တိုင်သည်လည်း လူသားအနေဖြင့် သူတို့၏ အမျိုးဖြစ်၏။ ခရစ်တော်သည် အရာခပ်သိမ်းကို အုပ်စိုး၍ ထာဝရမင်္ဂလာရှိသော ဘုရားသခင်လည်း ဖြစ်တော်မူ၏။ အာမင်။
အရာအားလုံးကို ဖန်ဆင်းတော်မူသောဘုရားသခင်ထံ၌ ရှေးယခင်မှစ၍ ဝှက်ထားသည့် ဤလျှို့ဝှက်နက်နဲသော အကြံအစည်တော်သည် မည်သည့်အရာဖြစ်ကြောင်း လူအပေါင်းတို့ကို ဖော်ပြနိုင်ရန် ဖြစ်၏။
ယေရှုခရစ်တော်သည် မိမိ၌ ဘုရားသခင်၏ အသွင်သဏ္ဌာန်တော်ရှိသော်လည်း ထိုသို့ဘုရားသခင်နှင့် တန်းတူဖြစ်ခြင်းကို ကိုယ်ကျိုးအတွက် အသုံးပြုရမည်ဟု မှတ်ယူတော်မမူဘဲ
သားတော်သည် မျက်စိဖြင့်မမြင်ရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဘုရားသခင်ဖန်ဆင်းတော်မူသမျှသော အရာအားလုံးတွင် သားဦးဖြစ်တော်မူ၏။
သားတော်သည် အရာအားလုံးမရှိမီ အလျင်ရှိနှင့်တော်မူ၏။ ဖန်ဆင်းခံအရာအားလုံးသည် ကိုယ်တော်ကြောင့်သာ စနစ်တကျ ဖြစ်တည်လျက် ရှိကြ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော် ဘုန်းအသရေနှင့် ကြွလာမည့် မင်္ဂလာရက်မြတ်ကို စောင့်မျှော်နေကြ၏။
သူ၌ ဖခင်နှင့်မိခင်၊ မျိုးရိုး၊ ဘဝ၏ အစအဆုံး စသည့် မှတ်တမ်းများမရှိပေ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ ထာဝရယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိထားသူဖြစ်၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
ထိုအသံက “သင်မြင်သောအရာကို စာစောင်တွင် ရေး၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။
ထိုသူကို တွေ့သောအခါ ကျွန်ုပ်သည် သေသွားသကဲ့သို့ သူ၏ ခြေရင်း၌ လဲကျသွား၏။ ထိုအခါ သူသည် လက်ယာလက်ကို ကျွန်ုပ်အပေါ်တင်၍ အောက်ပါအတိုင်း ဆို၏။ “မကြောက်နှင့်။ ငါသည် အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။
ယောဟန်သည် မိမိမြင်သမျှအရာတို့ကို သက်သေခံ၏။ ထိုအရာတို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်တော်၏ သက်သေခံတော်မူချက်တို့ဖြစ်၏။
ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။
သူသည် သွေး၌ နှစ်ထားသောဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အမည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူ၍ ဖြစ်၏။
စမုရနမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ အစဦးဆုံးနှင့် နောက်ဆုံးဖြစ်သောသူ၊ အသေခံပြီး အသက်ပြန်ရှင်လာသောသူက ဤသို့မိန့်တော်မူ၏။
ကိုယ်တော်က “အမှုပြီးပြီ။ ငါသည် အာလဖာနှင့် အိုမီဂါ၊ အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ ငါပေးမည်။
ငါသည် အာလဖာနှင့် အိုမီဂါ၊ အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ၊ အစနှင့် အဆုံးဖြစ်၏။
လောဒိကိမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ အာမင်ဖြစ်သောသူ၊ စစ်မှန်၍ သစ္စာရှိသည့်သက်သေဖြစ်သောသူ၊ ဘုရားသခင်ဖန်ဆင်းတော်မူသောအရာတို့၏အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။