ဘုရားသခင်သည် သမ္မာတရားကို မတရားမှုဖြင့် ဖုံးကွယ်တားဆီးကြသော ဘုရားတရားမဲ့သူများနှင့် ဆိုးယုတ်သူများအား မိမိ၏ အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြတော်မူ၏။
ရောမ 2:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် မိမိတို့ကိုယ်ကျိုးအတွက်သာ အသက်ရှင်၍ သမ္မာတရားကို မလိုက်နာဘဲ ဆိုးယုတ်စွာ အသက်ရှင်သောသူတို့အပေါ် ဘုရားသခင်သည် မိမိ၏ ဒေါသနှင့်အမျက်ကို ကျရောက်စေတော်မူလိမ့်မည်။ Common Language Bible သို့ရာတွင်တစ်ကိုယ်ကောင်းသဘောရှိ၍ အမှန် တရားကိုပစ်ပယ်ကာအမှားဘက်သို့လိုက် ပါသူများသည် အမျက်တော်သင့်ကြလိမ့် မည်။- Garrad Bible ဖီ ဆန် သော သ ဘော ရှိ၍ သ မ္မာ တ ရား ကို မ နာ မ ယူ၊ မ တ ရား ကို နာ ယူ သူ တို့ အား ဒေါ သ အ မျက် ဒဏ် ကိုလည်းကောင်း၊ ဆပ် ပေး တော် မူ သည် နှင့် အ ညီ၊ Judson Bible ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတ္တံ့၊- မြန်မာ့စံမီသမ္မာကျမ်း တစ်ကိုယ်ကောင်းဆန်၍ သမ္မာတရားကိုမနာခံဘဲ မတရားမှုနောက်သို့လိုက်သောသူတို့အပေါ်၌မူကား ပြင်းစွာသောဒေါသနှင့်အမျက်တော်ကို သက်ရောက်စေတော်မူလိမ့်မည်။ |
ဘုရားသခင်သည် သမ္မာတရားကို မတရားမှုဖြင့် ဖုံးကွယ်တားဆီးကြသော ဘုရားတရားမဲ့သူများနှင့် ဆိုးယုတ်သူများအား မိမိ၏ အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြတော်မူ၏။
သို့သော်လည်း သတင်းကောင်းကို လူတိုင်း လက်ခံသည် မဟုတ်။ ပရောဖက်ဟေရှာယက “အို ထာဝရဘုရား… အကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို မည်သူယုံပါသနည်း” ဟု ဆိုခဲ့၏။
သို့သော်လည်း လူမျိုးခြားများ ဘုရားသခင်ကို နာခံလာစေရန် ခရစ်တော်သည် ကျွန်ုပ်ကို အသုံးပြု၍ ကျွန်ုပ်၏ အပြောအဆို၊ အပြုအမူအားဖြင့်လည်းကောင်း၊
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ထိုနည်းတူ ဘုရားသခင်သည် မိမိ၏ အမျက်တော်နှင့် တန်ခိုးတော်တို့ကို ပြပိုင်ခွင့်ရှိ၏။ သို့သော်လည်း ဘုရားသခင်သည် မိမိ၏ အမျက်တော်သင့်၍ ဖျက်ဆီးခံရမည့်သူများအပေါ် အလွန်သည်းခံတော်မူ၏။
သို့ရာတွင် တစ်စုံတစ်ယောက်သည် ဤဓလေ့နှင့်ပတ်သက်၍ ငြင်းခုံလိုလျှင် ကျွန်ုပ်တို့တွင် ထိုသို့သောဓလေ့မှအပ အခြားဓလေ့မရှိပေ။ ဘုရားသခင်၏ အခြားအသင်းတော်များ၌လည်း မရှိပေ။
ကျွန်ုပ်ရောက်လာသောအခါ သင်တို့ကို ကျွန်ုပ်မြင်တွေ့လိုသည့်အတိုင်း မဖြစ်သကဲ့သို့ ကျွန်ုပ်ကိုလည်း သင်တို့မြင်တွေ့လိုသည့်အတိုင်း မဖြစ်မည်ကို ကျွန်ုပ်စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းစသည်တို့ရှိမည်ကို စိုးရိမ်၏။
ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ မုန်းတီးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊
မနာလိုစိတ်၊ ရန်လိုစိတ်တို့ဖြင့် ဟောပြောသောသူတို့ကမူ ကျွန်ုပ် အကျဉ်းချခံရစဉ် ကျွန်ုပ်အပေါ် ဆင်းရဲဒုက္ခတိုးပွားစေရန် ရည်ရွယ်လျက် ရိုးသားမှုမရှိဘဲ တစ်ကိုယ်ကောင်းဆန်သောစိတ်ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
တစ်ကိုယ်ကောင်းဆန်သောစိတ်၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးသောစိတ်ဖြင့် မည်သည့်အမှုကိုမျှ မပြုကြနှင့်။ တစ်ပါးသူတို့သည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်ဖြင့် မှတ်ယူကြလော့။
ဘုရားသခင်ကို မသိသောသူတို့နှင့် ကျွန်ုပ်တို့သခင်ယေရှု၏ သတင်းကောင်းကို မလိုက်နာသောသူတို့ကို စီရင်တော်မူလိမ့်မည်။
မိုက်မဲသောငြင်းခုံခြင်း၊ ဆွေစဉ်မျိုးဆက်စာရင်းများကို ဆွေးနွေးရာတွင် အချိန်ပေးခြင်း၊ ပညတ်တရားနှင့်ပတ်သက်၍ စကားများခိုက်ရန်ဖြစ်ခြင်းတို့ကို ရှောင်လော့။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် အကျိုးမရှိ။ အသုံးလည်းမဝင်သောကြောင့် ဖြစ်၏။
ဘုရားသခင်၏ တရားစီရင်ခြင်းကိုလည်းကောင်း၊ ရန်သူများကို လောင်စေမည့်ပြင်းထန်သောမီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေရုံမျှသာ ရှိတော့မည်။
အမွေခံရမည့်အရပ်သို့ ထွက်သွားရန် ဘုရားသခင် ခေါ်တော်မူသောအခါ အာဗြဟံသည် မည်သည့်အရပ်သို့ ထွက်သွားရမည်ကိုပင် မသိဘဲ ယုံကြည်ခြင်းဖြင့် နာခံ၍ ထွက်ခွာခဲ့၏။
ကိုယ်တော်သည် ပြီးပြည့်စုံလာသည့်အတွက် မိမိကို နာခံသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကို ပေးတော်မူသောအရှင်ဖြစ်လာ၏။
သို့သော် သင်တို့၏ နှလုံးသားထဲတွင် ခါးသီးသော မနာလိုစိတ်နှင့် တစ်ကိုယ်ကောင်းစိတ်တို့ရှိလျှင် သမ္မာတရားကို ဆန့်ကျင်၍ သင်တို့၏ ဉာဏ်ပညာအကြောင်းကို မကြွားဝါနှင့်။
အဘယ်ကြောင့်ဆိုသော် မနာလိုစိတ်၊ တစ်ကိုယ်ကောင်းစိတ်တို့ ရှိသည့်နေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် ဆိုးယုတ်သောအပြုအမူအမျိုးမျိုး ရှိတတ်သောကြောင့် ဖြစ်၏။
ထိုနည်းတူ ဇနီးသည်တို့… သင်တို့၏ခင်ပွန်းသည်ကို နာခံကြလော့။ သို့ပြုလျှင် အချို့ခင်ပွန်းသည်တို့သည် နှုတ်ကပတ်တရားကို မယုံကြည်သော်လည်း သင်တို့၏ ဘုရားတရားရိုသေကိုင်းရှိုင်း၍ သန့်ရှင်းစင်ကြယ်သောပြုမူနေထိုင်ပုံကို မြင်သဖြင့် စကားတစ်ခွန်းမျှပင် မလိုဘဲ ယုံကြည်လာလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အိမ်တော်သားတို့ကို ဦးစွာ တရားစီရင်မည့်အချိန်ရောက်လာသောကြောင့်ဖြစ်၏။ ထိုသို့ ကျွန်ုပ်တို့ကို ဦးစွာ တရားစီရင်လျှင် ဘုရားသခင်၏ သတင်းကောင်းကို မနာခံသောသူတို့၏ အဆုံးသတ်သည် မည်သို့ဖြစ်မည်နည်း။
ဘုရားသခင်၏အမျက်တော်ဖလား ထဲ၌ ပြည့်လျှံစွာ လောင်းထည့်ထားသည့် အမျက်တော်စပျစ်ဝိုင်ကို သောက်ရမည်။ ထိုသူတို့သည် သန့်ရှင်းသောကောင်းကင်တမန်များနှင့် သိုးသငယ်တော်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲ၌ ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
မြို့ကြီးသည် သုံးပိုင်းကွဲ၍ တိုင်းနိုင်ငံများ၏ မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဘေဘီလုံမြို့ကြီး၏ အပြစ်များကို သတိရတော်မူလျက် အမျက်တော်နှင့် ပြည့်နေသော စပျစ်ဝိုင်ကို ထိုမြို့အား တိုက်တော်မူ၏။