Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာ​ဒိတ် 16:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 မြို့ကြီး​သည် သုံးပိုင်း​ကွဲ​၍ တိုင်းနိုင်ငံများ​၏ မြို့များ​သည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်​သည် ဘေဘီလုံမြို့ကြီး​၏ အပြစ်များ​ကို သတိရတော်မူ​လျက် အမျက်တော်​နှင့် ပြည့်နေသော စပျစ်ဝိုင်​ကို ထို​မြို့​အား တိုက်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 မြို့​ကြီး​သည်​သုံး​ပိုင်း​ကွဲ​လေ​၏။ ကမ္ဘာ​ပေါ်​ရှိ​မြို့ များ​သည်​လည်း​ပြို​ပျက်​ကုန်​၏။ ဘု​ရား​သ​ခင်​သည် ဗာ​ဗု​လုန်​မြို့​ကြီး​ကို​သ​တိ​ရ​တော်​မူ​လျက် မိ​မိ ၏​ဖ​လား​မှ​ပြင်း​ထန်​သော​အ​မျက်​တော်​တည်း​ဟူ သော​စ​ပျစ်​ရည်​ကို​သောက်​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 မြို့ တော် ကြီး သုံး ပိုင်း အက် ကွဲ လျက် လူ မျိုး ခြား တို့ မြို့ များ လည်း ပြို လဲ၏။ ထို သို့ ဗာ ဗု လုန် မြို့ ကြီး ကို ဘု ရား သ ခင် သ တိ ရ၍ အ မျက် တော် စ ပျစ် ရည် အ ရှိန် ဖ လား ကို တိုက် တော် မူ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 မြို့​ကြီး​သည် သုံး​ဖြာ​ကွဲ​ပြား၍ လူ​အ​မျိုး​မျိုး​နေ​သော မြို့​တို့​သည် ပြို​လဲ​ကြ၏။ ဘု​ရား​သ​ခင်​သည် ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​တော်၏ စ​ပျစ်​ရည်​ဖ​လား​ကို တိုက်​ခြင်း​ငှာ ဗာ​ဗု​လုန်​မြို့​ကြီး​ကို အောက်​မေ့​တော်​မူ၏။ ကျွန်း​ရှိ​သ​မျှ​တို့​သည် လွင့်​ပြေး​ကြ၏။ တောင်​များ​တို့​သည် ကွယ်​ပျောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 မြို့​ကြီး​သည် သုံး​ပိုင်း​ကွဲ​သွား​၍ တိုင်းနိုင်ငံ​တို့​၏​မြို့​များ​သည်​လည်း ပြိုလဲ​ကြ​ကုန်​၏။ ဘုရားသခင်​သည် မိမိ​၏​အမျက်​တော်​နှင့်ဆိုင်သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ခွက်​ကို​ပေး​ရန် ဘေဘီလုံ​မြို့​ကြီး​ကို​သတိရ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 16:19
15 ပူးပေါင်းရင်းမြစ်များ  

သူ​၏ အပြစ်များ​သည် ကောင်းကင်​အထိ စုပုံ​၍ မြင့်မားနေ​သောကြောင့် သူ​၏ ပြစ်မှု​ကျူးလွန်ခြင်းတို့​ကို ဘုရားသခင်​သတိရတော်မူပြီ။


သူတို့​သည် သူ​ခံရသော​ညှဉ်းဆဲမှု​ကို ကြောက်​၍ အဝေး​မှ ရပ်​လျက် “အလိုလေး… ကြီးမြတ်သော​ဘေဘီလုံ… တန်ခိုးကြီးသော​မြို့… ဖြစ်ရလေချင်း။ သင်​ခံရမည့် ပြစ်ဒဏ်စီရင်ခြင်း​သည် တစ်ခဏချင်း​၌ပင် ရောက်လေပြီ” ဟု ငိုကြွေးကြ​လိမ့်မည်။


သင်​မြင်ရသော အမျိုးသမီး​သည် လောကီ​ဘုရင်တို့​ကို အုပ်စိုးသည့်​မြို့ကြီး​ကို ကိုယ်စားပြု၏” ဟု ပြောလေ၏။


ထို့နောက် တန်ခိုးကြီးသော​ကောင်းကင်တမန်​တစ်ပါး​သည် ကြိတ်ဆုံကျောက်​ကဲ့သို့သော ကျောက်တုံးကြီး​တစ်တုံး​ကို ယူ​၍ ပင်လယ်​ထဲသို့ ပစ်ချလိုက်​ပြီးလျှင် “ဘေဘီလုံမြို့ကြီး​သည် ဤ​ကဲ့သို့​ပင် ပြင်းထန်​စွာ ပစ်ချခံရပြီး မည်သည့်​အခါ​မျှ တွေ့ရတော့မည် မဟုတ်။


ထို​ကောင်းကင်တမန်​က “ဘေဘီလုံ​မြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ဤ​မြို့​သည် နတ်ဆိုးတို့ နေထိုင်ရာ​အရပ်၊ ညစ်ညမ်းသော​နတ်တို့ ခိုအောင်းရာ​အရပ်၊ ညစ်ညမ်းသော​ငှက်တို့ ခိုအောင်းရာ​အရပ်၊ ညစ်ညမ်း​မုန်းတီးဖွယ်​တိရစ္ဆာန်တို့ ခိုအောင်းရာ​အရပ် ဖြစ်လေပြီ။


သူ​၏​နဖူး​ပေါ်၌ “ပြည့်တန်ဆာတို့​နှင့် ကမ္ဘာ​လောက​ရှိ စက်ဆုပ်​ရွံရှာဖွယ်ရာတို့​၏ မိခင်၊ ဘေဘီလုံ​မြို့ကြီး” ဟူသော လျှို့ဝှက်​နက်နဲသည့်​အမည်​ကို ရေးထား၏။


လက်ဝါးကပ်တိုင်​ပေါ်၌ သူတို့​၏​သခင်ဘုရား အသေခံတော်မူရာ​အရပ်​ဖြစ်သည့် သောဒုံ​နှင့် အီဂျစ်​ဟု ပုံဆောင်​ခေါ်ဝေါ်သော​မြို့ကြီး​၏ လမ်း​ပေါ်၌ သူတို့​၏ အလောင်းများ ရှိကြ​လိမ့်မည်။


ဖလား​ခုနစ်လုံး​ကိုင်ဆောင်ထားသော ကောင်းကင်တမန်​ခုနစ်ပါး​အနက် တစ်ပါး​သည် လာ​၍ ကျွန်ုပ်​အား “လာလော့။ မြစ်​များစွာ​ရှိရာ​၌ တည်ရှိသည့်​ဆိပ်ကမ်း​မြို့ကြီး​ဖြစ်သော​ပြည့်တန်ဆာမကြီး ခံရမည့် ပြစ်ဒဏ်များ​ကို သင့်​အား ငါ​ပြမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ