ရောမ 16:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ကျွန်ုပ်တို့သခင်ခရစ်တော်၏ အမှုကို မဆောင်ရွက်ဘဲ ကိုယ်ကျိုးကိုသာ ဆောင်ရွက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့သည် ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတို့၏ စိတ်ကို လှည့်ဖြားတတ်ကြ၏။ Common Language Bible သူတို့သည်ငါတို့၏အရှင်ခရစ်တော်၏အမှုတော် ကိုထမ်းဆောင်သူများမဟုတ်။ မိမိတို့၏အမှုကို သာစိတ်ဝင်စားသူများဖြစ်ကြ၏။ သူတို့သည်နူးညံ့ ချိုသာသောစကားများ၊ မြှောက်ပင့်သောစကားများ ဖြင့်ရိုးသားသူတို့၏စိတ်ကိုလှည့်စားတတ်ကြ၏။- Garrad Bible ထို သို့ သော သူ တို့ သည် ငါ တို့ အ ရှင် ခ ရစ် တော့် ထံ အ စေ ကို မ ခံ ဘဲ၊ ကိုယ့် ဝမ်း အ စေ ကို ခံ လျက်၊ သာ ယာ နာ ပျော် သော စ ကား ဖြင့် ရိုး သား သူ တို့၏ စိတ် နှ လုံး ကို လှည့် ဖြား တတ် ကြ၏။ Judson Bible အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကားနှင့် ချော့မော့သောစကားအားဖြင့် စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။ |
အဘယ်ကြောင့်ဆိုသော် ခရစ်တော်အတုအယောင်များနှင့် ပရောဖက် အတုအယောင်များ ပေါ်လာလိမ့်မည်ဖြစ်သောကြောင့်ပင်။ ထိုသူတို့သည် ဖြစ်နိုင်လျှင် ဘုရားသခင်ရွေးချယ်ထားသောသူများကိုပင် လှည့်ဖြားရန် နိမိတ်လက္ခဏာကြီးများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ပြကြလိမ့်မည်။
မည်သူမျှ သခင်နှစ်ဦးကို အစေမခံနိုင်ပေ။ သခင်တစ်ဦးကို မုန်း၍ ကျန်တစ်ဦးကို ချစ်မည်။ သို့မဟုတ် သခင်တစ်ဦးကို ကြည်ညိုလေးစား၍ ကျန်တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်နှင့် ငွေအား တစ်ချိန်တည်းတွင် အစေခံရန် မဖြစ်နိုင်ပါ။
ပရောဖက်အတုအယောင်များကို သတိပြုကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံ လာသော်လည်း အတွင်း၌မူ ကြမ်းကြုတ်သောဝံပုလွေများကဲ့သို့ ဖြစ်ကြ၏။
ငါ့အမှုကို ထမ်းဆောင်လိုသောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုဆောင်သည် ငါရှိရာ အရပ်တွင် ရှိရမည်။ ငါ့အမှုကို ထမ်းဆောင်သောသူအား ငါ့ခမည်းတော်သည် ဂုဏ်ပြုလိမ့်မည်။
ဤသို့သော စိတ်ထားဖြင့် ခရစ်တော်ကို အစေခံသောသူအား ဘုရားသခင်နှစ်သက်တော်မူ၏။ လူတို့ကလည်း ချီးမွမ်းကြ၏။
ဘုရားသခင်ကို သင်တို့နာခံကြောင်း လူတိုင်းသိကြသဖြင့် ကျွန်ုပ်ဝမ်းမြောက်၏။ သင်တို့သည် ကောင်းမှုနှင့်ပတ်သက်လျှင် ပညာသတိရှိ၍ မကောင်းမှုနှင့်ပတ်သက်လျှင် အပြစ်ကင်းကြရန် ကျွန်ုပ်အလိုရှိ၏။
သို့သော် ဧဝသည် မြွေ၏ ပရိယာယ်ဖြင့် လှည့်ဖြားခံရသကဲ့သို့ သင်တို့၏စိတ်နှလုံးသည်လည်း ခရစ်တော်အား ရိုးသားဖြူစင်စွာ ကိုးကွယ်ရာမှ သွေဖည်စေခြင်းခံရမည်ကို ကျွန်ုပ်စိုးရိမ်၏။
ကျွန်ုပ်တို့သည် လူများစွာကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မိမိကိုယ်ကျိုးအတွက် လှည့်လည်ရောင်းစားသောသူများမဟုတ်ကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ စေလွှတ်ခံရသူများအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏ အခွင့်နှင့် ရိုးသားစွာ ဟောပြောကြ၏။
ကျွန်ုပ်တို့သည် ဆိတ်ကွယ်ရာ၌ ပြုသော ရှက်ရွံ့ဖွယ်အမှုတို့ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်ကို မသုံးကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မှောက်လှန်၍ မဟောပြောကြ။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သူတို့စိတ်ထဲက သိနိုင်ရန် အမှန်တရားကိုသာ အတိအလင်းဖော်ပြကြ၏။
ကျွန်ုပ်သည် လူတို့၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသေးလျှင် ကျွန်ုပ်သည် ခရစ်တော်၏ အစေအပါးတစ်ယောက် မဟုတ်ပေ။
ထိုသူတို့၏ နိဂုံးသည် ပျက်စီးခြင်း ဖြစ်၏။ သူတို့၏ ဘုရားသည် သူတို့၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့ပြုသော ရှက်ဖွယ်အရာကို ဂုဏ်ယူဝင့်ကြွားကြ၏။ သူတို့သည် လောကီရေးရာကိုသာ စွဲလမ်းကြ၏။
ဤအကြောင်းကို သင်တို့အား ပြောရခြင်းမှာ မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်ဖြားစေရန် ဖြစ်၏။
သင်တို့သည် သခင်ခရစ်တော်ကို အစေခံကြသောကြောင့် ဆုလာဘ်အဖြစ် ကတိထားတော်မူသောအမွေတော်ကို သခင်ဘုရားထံမှ ရရှိမည်ကို သိမှတ်ကြလော့။
ထို့နောက် ပျက်စီးတော့မည့်သူတို့ကို မတရားသော နည်းပရိယာယ်အမျိုးမျိုးဖြင့် လှည့်ဖြားလိမ့်မည်။ သူတို့ပျက်စီးတော့မည့် အကြောင်းအရင်းသည် ကယ်တင်ခံရရန် သမ္မာတရားကို နှစ်သက်လက်ခံခြင်း မရှိသောကြောင့်ဖြစ်၏။
ထို့ပြင် အသိစိတ်ဖောက်ပြန်ပြီး အမှန်တရားကို ကျောခိုင်းသောသူတို့အကြား အဆုံးမသတ်နိုင်သောအငြင်းပွားမှုများ ဖြစ်လာ၏။ ထိုသူတို့သည် ဘုရားတရားကိုင်းရှိုင်းလျှင် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်ကြ၏။
ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့၏ကျွန် ကျွန်ုပ်ယာကုပ် စာရေးလိုက်၏။ ဤစာသည် အနယ်နယ်အရပ်ရပ်တို့တွင် ကွဲလွင့်ပျံ့နှံ့နေသည့်ဂျူးလူမျိုးဆယ့်နှစ်မျိုးထံသို့ ပို့လိုက်သောစာဖြစ်၏။
ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။
ယေရှုခရစ်တော်၏ကျွန်၊ ယာကုပ်၏ညီ ကျွန်ုပ်ယုဒသည် ခမည်းတော်ဘုရားသခင်၏ရွေးချယ်တော်မူခြင်းနှင့် ချစ်ခြင်းကို ခံရ၍ ယေရှုခရစ်တော်၏ စောင့်ရှောက်ခြင်းခံရသောသူတို့ထံသို့ စာရေးလိုက်၏။
သူတို့သည် သင်တို့၏ ချစ်ခြင်းမေတ္တာပွဲတွင် သင်တို့နှင့်အတူ စားသောက်သောအခါ မရှက်ကြောက်ဘဲ ကိုယ့်အဖို့သာ ဂရုစိုက်၍ ပွဲ၌ အန္တရာယ်ရှိသောငုတ်ချွန်များ ဖြစ်ကြ၏။ သူတို့သည် လေတိုက်၍ လွင့်သည့် မိုးရေမပါသော တိမ်များနှင့်တူ၏။ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါပြန်သေရသော အသီးမသီးသည့်ဆောင်းဦးသစ်ပင်နှင့်တူ၏။
ထိုသူတို့သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့၏ တပ်မက်မှုအတိုင်း ပြုမူတတ်သူ၊ ချဲ့ကားကြွားဝါပြောတတ်သူ၊ ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်တတ်သူတို့ဖြစ်ကြ၏။
ဤစာစောင်သည် ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်မှာ ဘုရားသခင်က မိမိ၏ အစေခံများအား မကြာမီဖြစ်ပျက်ရမည့်အရာကို ဖော်ပြရန် ယေရှုခရစ်တော်ထံ ပေးအပ်တော်မူသောဗျာဒိတ်တော်ဖြစ်၏။ ထို့ကြောင့် ခရစ်တော်သည် ထိုဗျာဒိတ်တော်ကို မိမိ၏အစေခံယောဟန်အား ဖွင့်ပြရန် ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏။