လူတို့က “သူသည် ထိုဆိုးသွမ်းသောသူတို့ကို ရက်စက်စွာ သုတ်သင်ဖယ်ရှားလိမ့်မည်။ ထို့နောက် စပျစ်သီးဆွတ်ချိန်တွင် သူ့အား စပျစ်သီးတချို့ပေးမည့် အခြားသောစပျစ်ခြံလုပ်သားတို့အား ထိုစပျစ်ခြံကို ငှားရမ်းပါလိမ့်မည်” ဟု လျှောက်ကြ၏။
မဿဲ 8:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ လူမျိုးခြားများစွာတို့သည် အရှေ့အရပ်နှင့် အနောက်အရပ်မှ လာ၍ ကောင်းကင်နိုင်ငံတော်၏ စားသောက်ပွဲ၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်အတူ စားသောက်ကြလိမ့်မည်။ Common Language Bible ``အမှန်အကန်သင်တို့အားငါဆိုသည်ကား ဤ ကဲ့သို့သောယုံကြည်ခြင်းကိုဣသရေအမျိုးသား တို့တွင်ငါမတွေ့မကြုံဘူးသေး။ လူအမြောက် အမြားပင်အရှေ့အရပ်နှင့်အနောက်အရပ်မှ လာ၍ကောင်းကင်နိုင်ငံတော်တွင်အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူစားသောက်ကြလိမ့်မည်။- Garrad Bible အ များ သော သူ တို့ သည် အ ရှေ့ အ နောက် မှ လာ ပြီး လျှင် ကောင်း ကင် နိုင် ငံ တော် တွင် အာ ဗြ ဟံ၊ ဣ ဇက်၊ ယာ ကုပ် တို့ နှင့် အ တူ စံ စား ရ ကြ လ တ္တံ့။ Judson Bible ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတ္တံ့၊- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါဆိုသည်ကား များစွာသောလူတို့သည် အရှေ့အရပ်နှင့်အနောက်အရပ်တို့မှလာ၍ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူ စားသောက်ပွဲ၌ထိုင်ကြလိမ့်မည်။ မြန်မာ ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတ္တံ့၊- |
လူတို့က “သူသည် ထိုဆိုးသွမ်းသောသူတို့ကို ရက်စက်စွာ သုတ်သင်ဖယ်ရှားလိမ့်မည်။ ထို့နောက် စပျစ်သီးဆွတ်ချိန်တွင် သူ့အား စပျစ်သီးတချို့ပေးမည့် အခြားသောစပျစ်ခြံလုပ်သားတို့အား ထိုစပျစ်ခြံကို ငှားရမ်းပါလိမ့်မည်” ဟု လျှောက်ကြ၏။
ထို့နောက် လူသားသည် သူ၏ ကောင်းကင်တမန်များကို ကျယ်လောင်သော တံပိုးခရာမှုတ်သံနှင့်အတူ စေလွှတ်တော်မူလိမ့်မည်။ ကောင်းကင်တမန်များသည် ကောင်းကင်နှင့်မြေကြီးအရှေ့စွန်းမှသည် အနောက်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ ကိုယ်တော်ရွေးချယ်ထားသောသူတို့ကို စုစည်းလိမ့်မည်။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
ယေရှုသည် ထိုတပ်မှူး၏ စကားကို ကြားသော် အံ့သြတော်မူလျက် နောက်တော်သို့ လိုက်သောသူများဘက်သို့ လှည့်၍ “သင်တို့အား ငါအမှန်ဆို၏။ ထိုကဲ့သို့ ယုံကြည်ခြင်းရှိသောသူတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးသေး။
ထိုသို့ သခင်၏အိမ်အပြန်ကို အသင့်စောင့်နေကြသောအစေခံတို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုရလျှင် ထိုသခင်သည် အစေခံများအား ထိုင်စေ၍ ခါးစည်းကို ဝတ်လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေးလိမ့်မည်။
နောက်ဆုံးတွင် ထိုဆင်းရဲသားကွယ်လွန်သဖြင့် ကောင်းကင်တမန်များက အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးကြီးသည်လည်း ကွယ်လွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရ၏။
ထိုသို့ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်သည် လူမျိုးခြားများအပေါ်တွင်ပင် သွန်းလောင်းသည်ကို ပေတရုနှင့်ပါလာသော အရေပြားလှီးခြင်းမင်္ဂလာကို ခံယူကြသည့် ယုံကြည်သူတို့သည် အံ့ဩကြ၏။
ဤအကြောင်းအရာများကို ထိုသူတို့ကြားရသောအခါ ငြိမ်သက်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားသခင်သည် လူမျိုးခြားတို့အား ထာဝရအသက်ရှင်စေရန်နောင်တရခြင်းအခွင့်ကို ပေးသနားတော်မူပြီ” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းကြ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းသားများကို စုဝေးစေလျက် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသောအရာအားလုံးကိုလည်းကောင်း၊ လူမျိုးခြားတို့ ယုံကြည်လာစေရန် ဘုရားသခင်လမ်းဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်း ပြောပြကြ၏။
အမှန်တွင်မူ ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၍ သေလွန်သောသူတို့အနက် အဦးဆုံးရှင်ပြန်ထမြောက်သောသူ ဖြစ်တော်မူ၏။
မတရားပြုသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြောင်း သင်တို့မသိကြသလော။ ယူဆမှုမလွဲကြနှင့်။ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများ၊ ယောက်ျားချင်းဆက်ဆံသူများ၊
ထိုလျှို့ဝှက်နက်နဲသောအရာမှာ လူမျိုးခြားတို့သည် သတင်းကောင်းကို ယုံကြည်သောကြောင့် ဂျူးလူမျိုးတို့နှင့် အတူတကွ အမွေခံဖြစ်ခြင်း၊ ကိုယ်ခန္ဓာတစ်ခုတည်း၌ ဂျူးလူမျိုးတို့နှင့် အတူတကွ ပါဝင်ခြင်း၊ ယေရှုခရစ်တော်ကြောင့် ရရှိသော ကတိတော်ကို ဂျူးလူမျိုးတို့နှင့် အတူတကွ ဝေမျှခံစားခြင်းတို့ ဖြစ်၏။
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။
ဤအရာသည် ဘုရားသခင်၏ တရားစီရင်တော်မူခြင်းက တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထားဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံရသောကြောင့် ထိုနိုင်ငံတော်နှင့် ထိုက်တန်သည်ဟု သတ်မှတ်ခံရရန် ရည်ရွယ်၏။
အာရှာအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ နဿလိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ မနာရှေအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊